Tuesday 25 April 2017

EIGRP on XR

EIGRP ရဲ့ သဘောတရားကတော့ အတူတူပါပဲ ဒါပေမယ့် XR ရဲ့ ကန့်သတ်ချက်လေး တွေရှိနေတာကိုတော့ သတိပြုရပါမယ်။ IOS XR ပေါ်မှာ EIGRP Configuration လုပ်တဲ့ ပုံစံကိုဆက်ကြည့်ရအောင်။ သိသိသာသာ ပြောင်းသွားတာကတော့ Address-family အောက်မှာ အသုံးပြုရတဲ့ပုံစံပါ။ Auto summary က Default အနေနဲ့ ပိတ်ထားတဲ့ အတွက် no auto summary မလိုပါဘူး။ Neighbors up/down status ကိုကြည့်ဖို့ ရာအတွက် ထည့်ရေးပေးရပါတယ်။ အဲဒါမပါရင် Neighbor up/down အခြေအနေကို Log မှာ မမြင်ရပါဘူး။

RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#log-neighbor-changes


RP/0/0/CPU0:XR1(config-eigrp-af)#interface g0/0/0/0
RP/0/0/CPU0:XR1(config-eigrp-af-if)#exit
RP/0/0/CPU0:XR1(config-eigrp-af)#exi
RP/0/0/CPU0:XR1(config-eigrp)#exit
RP/0/0/CPU0:XR1(config)#commit

RP/0/0/CPU0:Apr 23 12:44:17.626 : eigrp[1002]: %ROUTING-EIGRP-5-NBRCHANGE : EIGRP-1: default-v4 1: Neighbor 192.168.1.2 (GigabitEthernet0/0/0/0) is up: new adjacency

Show IP Protocols နဲ့ ကြည့်ရင် သူရဲ့  Default setting/ timers တွေကို အလွယ်တကူ သိနိုင်ပါတယ်။

RP/0/0/CPU0:XR1#sh ip protocols
Routing Protocol: EIGRP, instance 1
 Default context AS: 1, Router ID: 192.168.1.1
  Address Family: IPv4
   Logging neighbor changes
   Default networks not flagged in outgoing updates
   Default networks not accepted from incoming updates
   Distance: internal 90, external 170
   Maximum paths: 4
   EIGRP metric weight K1=1, K2=0, K3=1, K4=0, K5=0, K6=0


   EIGRP metric rib scale 128
   EIGRP metric version 64-bit
   EIGRP maximum hopcount 100
   EIGRP maximum metric variance 1
   EIGRP NSF: enabled
    NSF-aware route hold timer is 480s
    NSF signal timer is 20s
    NSF converge timer is 300s
    Time since last restart is 00:00:11
   SIA Active timer is 180s
   Interfaces:
    GigabitEthernet0/0/0/0

RP/0/0/CPU0:XR1#sh eigrp nei
IPv4-EIGRP Neighbors for AS(1) VRF default

H   Address                 Interface       Hold Uptime   SRTT   RTO  Q  Seq
                                            (sec)         (ms)       Cnt Num
0   192.168.1.2             Gi0/0/0/0         11 00:01:30   59   354  0  2

Commit လုပ်တဲ့အချိန်မှာ အမှားပါသွားရင် လက်မခံပါဘူး။ ဘာကြောင့် လက်မခံသလဲဆိုတာကို failed config ကနေပြန်ကြည့်နိုင်ပါတယ်။ ဒီနမူနာမှာဆိုရင် load sharing အတွက် Maximum paths ကို 32 အထိရတယ်ဆိုပြီး ဆိုပါတယ် ဒါပေမယ့် တကယ် ကိုယ်သုံးတဲ့ Platform က လက်မခံနိုင်ရင်တော့ မရပါဘူး။ 

RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#maximum-paths 32
RP/0/0/CPU0:XR1(config-eigrp-af)#commit

% Failed to commit one or more configuration items during a pseudo-atomic operation. All changes made have been reverted. Please issue 'show configuration failed [inheritance]' from this session to view the errors

RP/0/0/CPU0:XR1(config-eigrp-af)#show configuration failed inheritance
!! SEMANTIC ERRORS: This configuration was rejected by
!! the system due to semantic errors. The individual
!! errors with each failed configuration command can be
!! found below.


router eigrp 1
 address-family ipv4
  maximum-paths 32
!!% 'eigrp' detected the 'warning' condition 'C12000 Platform can support only 16 maximum-paths'
 !
!
End


ပြန်ပြင်ပြီး သုံးလိုက်ရင် အဆင်ပြေသွားပါတယ်။

RP/0/0/CPU0:XR1(config-eigrp-af)#maximum-paths 16
RP/0/0/CPU0:XR1(config-eigrp-af)#commit
RP/0/0/CPU0:XR1(config-eigrp-af)#
RP/0/0/CPU0:XR1#sh ip protocol | i path
   Maximum paths: 16

Load sharing မှာ unequal load အတွက် Variance သုံးရတယ်ဆိုတာ သိကြမှာပါ။ အများဆုံး 128 အထိလက်ခံတယ်။

RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#variance ?
  <1-128>  Metric variance multiplier
RP/0/0/CPU0:XR1(config-eigrp-af)#variance 128
RP/0/0/CPU0:XR1(config-eigrp-af)#commit
RP/0/0/CPU0:XR1(config-eigrp-af)#

RP/0/0/CPU0:XR1#sh ip protocol | i variance
   EIGRP maximum metric variance 128

မူလပုံစံအတိုင်း ပြန်ထားလိုက်မယ်။

RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#no variance
RP/0/0/CPU0:XR1(config-eigrp-af)#no maximum-paths
RP/0/0/CPU0:XR1(config-eigrp-af)#commit
RP/0/0/CPU0:XR1(config-eigrp-af)#

RP/0/0/CPU0:XR1#sh ip protocol | i "path|variance"
   Maximum paths: 4
   EIGRP maximum metric variance 1

Route ကြည့်တဲ့ပုံစံ ပြောင်းသွားတယ်။ အရင်အတိုင်းလည်း ရပါသေးတယ် ဒါပေမယ့် သူပုံစံနဲ့ ကြည့်ရင် အနောက်က အသေးစိတ် ထပ်ပြီး ကြည့်လို့ရတာတွေ ပိုများတယ်။

RP/0/0/CPU0:XR1#sh ip route eigrp

D    2.2.2.2/32 [90/10752] via 192.168.1.2, 00:07:25, GigabitEthernet0/0/0/0

RP/0/0/CPU0:XR1#show route eigrp

D    2.2.2.2/32 [90/10752] via 192.168.1.2, 00:07:10, GigabitEthernet0/0/0/0

Authentication အတွက် Key ကို activate လုပ်တာနဲ့ မရသေးဘူး။ Cryptographic-algorithm ကို md5 အသုံးပြုမှရတယ်။

RP/0/0/CPU0:XR1(config)#
RP/0/0/CPU0:XR1(config)#key chain E-KEY
RP/0/0/CPU0:XR1(config-E-KEY)#key 1
RP/0/0/CPU0:XR1(config-E-KEY-1)#key-string clear cisco

RP/0/0/CPU0:XR1#show key chain E-KEY
Key-chain: E-KEY/ -

Key 1 -- text "045802150C2E"
  cryptographic-algorithm -- Not configured
  Send lifetime: Not configured
  Accept lifetime: Not configured

RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#interface g0/0/0/0
RP/0/0/CPU0:XR1(config-eigrp-af-if)#authentication keychain E-KEY
RP/0/0/CPU0:XR1(config-eigrp-af-if)#commit

RP/0/0/CPU0:XR1#show eigrp interfaces g0/0/0/0 detail | i "Key|key"
  Authentication mode: MD5  Key chain: E-KEY
  No active key found in keychain database
  Packets dropped due to wrong keychain config: 0

Neighbour ပြုတ်သွားလိမ့်မယ်။ တစ်ဖက်က ဒီအတိုင်းလိုက်ပြောင်းရင်လည်း ရမှာ မဟုတ်။

RP/0/0/CPU0:Apr 23 13:20:51.565 : eigrp[1002]: %ROUTING-EIGRP-5-NBRCHANGE : EIGRP-1: default-v4 1: Neighbor 192.168.1.2 (GigabitEthernet0/0/0/0) is down: authentication mode changed

ဒီအခြေအနေအထိ မရသေးဘူး။ Key activate လုပ်ဖို့အတွက် Lifetime ထည့်ပြီး  md5 ပြောင်းမယ်။

RP/0/0/CPU0:XR2#conf t
RP/0/0/CPU0:XR2(config)#key chain E-KEY
RP/0/0/CPU0:XR2(config-E-KEY)# key 1
RP/0/0/CPU0:XR2(config-E-KEY-1)#send-lifetime 00:00:00 22 April 2017 infinite
RP/0/0/CPU0:XR2(config-E-KEY-1)#accept-lifetime 00:00:00 22 April 2017 infinite
RP/0/0/CPU0:XR1(config-E-KEY-1)#cryptographic-algorithm md5


RP/0/0/CPU0:XR1(config-E-KEY-1)#commit
RP/0/0/CPU0:XR1(config-E-KEY-1)#

ဒီပုံစံအတိုင်း နှစ်ဖက်စလုံးမှာ ထည့်လိုက်ရင်တော့ Key active ဖြစ်သွားပြီး Neighbor ပြန်တက်လာမှာဖြစ်ပါတယ်။

RP/0/0/CPU0:XR1#show eigrp interfaces g0/0/0/0 detail | i "Key|key"
  Authentication mode: MD5  Key chain: E-KEY
  Current active key id: 1

RP/0/0/CPU0:XR1#sh eigrp nei

IPv4-EIGRP Neighbors for AS(1) VRF default

H   Address                 Interface       Hold Uptime   SRTT   RTO  Q  Seq
                                            (sec)         (ms)       Cnt Num
0   192.168.1.2             Gi0/0/0/0         11 00:00:22   35   210  0  6

အခုလောက်ဆို IOS XR ပေါ်မှာ Basic EIGRP Configuration ကို အလုပ်ဖြစ်အောင်လုပ်လို့ ရသွားပါပြီ။ Route policy တွေ ဘာတွေနဲ့ တွဲသုံးလိုက်ရင်တော့ ပိုပြီး အဆင်ပြေသွားပါလိမ့်မယ်။

ကိုဖြိုး

Saturday 22 April 2017

စကားပြောခြင်း အနုပညာ။

ကျွန်တော် ငယ်စဉ်က လူတွေနဲ့စကားပြောရမှာ အတော်ဝန်လေးတတ်ပါသည်။ လူတွေနဲ့ပြောရတာ မကြိုက်လို့ တိရိဆန်တွေနဲ့ပြောရတာ ကြိုက်တယ်လို့လည်း မထင်စေချင်ပါ။ တကယ်ကတော့ ကျွန်တော် စကားမပြောချင်တာက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အပေါင်းသင်းများ မဟုတ်၊ လှပချောမောသော ကောင်မလေးများလဲ မဟုတ်၊ ကာစတမ်မာဟုခေါ်သော စားသုံးသူများဖြစ်သည်။ စားသုံးသူဟု ဆိုရာတွင် အစားအသောက်လုပ်ငန်းအတွက်ဆိုလျှင် သင့်တော်ပေမယ့် ကျွန်တော်တို့လို အိုင်တီလုပ်ငန်းဘက်တွင်တော့ အဲဒီလို ခေါ်ရတာ အူကြောင်ကြောင်နိုင်လှသည်။ ဖောက်သည်ဆိုရင်လဲ ပိုဆိုးပေလိမ့်မည်။ မဖြစ်သေး။ သုံးစွဲသူဟုဆိုရင်လဲ မကောင်းတဲ့ဘက်ကို နွယ်နေသလိုမျိုးဖြစ်နေပြန်သည်။ ဖတ်ခဲ့ဘူးတဲ့ မှူခင်းဂျာနယ်ထဲက သူတွေကို မြင်ယောင်မိသည်။ မြန်မာစကားသည် အတော်ခက်သည်။ ထားလိုက်တော့ ကာစတမ်မာလို့ပဲ ခေါ်လိုက်မည်။ သူတို့၏နောက်တွင် အထက်အရာရှိဆိုသော သူများပါသည်။ သူတို့ပီးလျှင် တော့ငွေကြေးများ ကိုင်တွယ်တဲ့ အဖွဲ့ ဖြစ်သည့် အကောင့်တန့်များဖြစ်ကြသည်။ 


သူတို့နဲ့ စကားမပြောချင်သည့် အကြောင်းရင်း ကျွန်တော့မှာ ခိုင်ခိုင်လုံလုံရှိသည်။ အများကြီးရှာစရာမလို တစ်ခုသာ ရှိသည်။ ရစ်လို့ဖြစ်သည်။ ကိုယ်ကြိုက်သည့် ကောင်မလေးကရစ်လျင်ခံနိုင်ပေမယ့် ထိုသူများ ရစ်လျှင်တော့ မခံစားနိင်၊ ပိုပြီးကြေကွဲရသည်။ ကာစတမ်မာတွေရစ်လို့အိမ်ပြန်နောက်ကျခဲ့သည့် ရက်များမှာ မရေတွက်နိုင်အောင်ရှိသည်။ အထက်အရာရှိခေါ် ဘော့စ်တွေရစ်လျင် အပိုဆာဒါးတွေ ပိုပြီးလုပ်ရတယ်ဟု ထင်မိသည်။ အကောင့်တန့်များ ရစ်လျှင်တော့ မိမိ၏ ရှိစုမဲ့စု လစာလေးကနေ စိတ်မကောင်းခြင်းများစွာနဲ့ စိုက်ထားရသော ကားခများ၊ဟိုကြေးဒီကြေးများ ပြန်ရဖို့ နှေးကွေးတတ်သည်။ တိုက်ဆိုင်မှုတွေလား မပြောတတ် ကျွန်တော်ကြုံခဲ့ရသော အကောင့်တန့်များမှာ အများစုက အပျိုကြီးများဖြစ်ကြသည်။ ငယ်စဉ်ကကြားခဲ့ရသည်မှာလဲ အပျိုကြီးများသည် ပို၍ရစ်တတ်ကြသည်ဟုဆိုတော့ နဂို အခံနဲ့ပင် ကိုယ့်ကို ရစ်နေသည်ဟု ခံစားမိသည်။ တကယ်တော့ အဲလိုမဟုတ်။ သူငယ်ချင်း အကောင့်တန့်များရှိနေ၍ ပြန်ဖြည်မှ ဖြစ်မည်။

ဒီလိုနဲ့ အသက်တွေကြီးလာသလို၊ လုပ်ခဲ့တဲ့ အလုပ်တွေ၊ အပြောင်းအလဲတွေလည်း အမျိုးစုံလာသည်။ တချိန်က ကွန်ပြူတာနောက်တွင် ပေကပ်ပြီး ထိုင်ရမထ နည်းပညာကို ချစ်ခင် ခုံမင်စွဲမက်စွာနဲ့ နေ့ညမနား ကြိုးစားခဲ့ရင်   တနေ့ ရွှေထီးဆောင်းရမယ်ဆိုတဲ့ အတွေးတွေဟာ အနည်းငယ် အစွန်းရောက်သလို ခံစား လာရသည်။ ရောက်လေရာ နေရာတိုင်းမှာ စကားမပြာပဲပီးသွားတဲ့အလုပ် ဟူ၍ မရှိသလောက်ပင်။ တချို့ဆို ဘာမှတောင် မလုပ်လိုက်ရပဲ စကားပြောရင်းနဲ့ပင် အဆင်ပြေသွားတာတွေ ရှိသည်။ ရစ်လှပါသည်ဆိုသော ကာစတမ်မာများကို သူတို့စိတ်ကျေနပ်အောင် စိတ်မခုအောင် ပြောတတ်ဆိုတတ်လျှင် သိပ်မရစ်ကြတော့။ ကံကောင်းရင် ဟယ်လီကော်ပတာတောင် အလကား စီးရတန်ကောင်း၏။ ကျွန်တော့် ကာစတမ်မာထဲမှာ ဟယ်လီကော်ပတာ ငှားသည့်သူလည်းပါသည်။ တော်ကြာ အပေါ်ရောက်တော့မှ အရင်က မကျေနပ်တာတွေ သတိရပြီး တွန်းချလျှင် ဒုက္ခရောက်မည်စိုး၍ လိုက်မစီးခဲ့။ ဘော့စ်ဆိုသည့်သူများကလည်းကိုယ်က ရေကုန်ရေခမ်း ညစ်လို့မကျန် ခါလို့မကျအောင် လုပ်ခဲ့သည့်တိုင် သူတို့မမြင်၊ မသိလျှင် အလုပ်လုပ် နေတယ်လို့ မထင်။ လစာတိုးဖို့ဆို ဝေလာဝေး။ မှားရင်၊ ကာစတမ်မာ ကွန်ပလိန်းတက်လျှင် အရင်ဆုံးသိသည်။ ဒီတော့ သူတို့ကို ကိုယ်အလုပ်လုပ်ကြောင်း တော်ကြောင်း ပြဖို့ ပြောပြဖို့လိုသည်။ ခပ်ချေချေနေလို့မရ။ ဖားခိုင်းတာ မဟုတ်။ မိမိ၏ အရည်အသွေးကို ဖုံးနေသော ပြာများကို ကိုယ်တိုင်ခါချပီး ရဲရဲတောက်နေသော ကိုယ့်ရဲ့ မီးစတွေကို ဖော်တတ်ဖို့လိုသည်။ အကောင့်တန့်များကတော့ သူတို့တောင်းဆိုသည့် အချက်အလက်၊ စာရွက်စာတမ်းများ စုံလင်အောင် အချိန်မှီ ပေးနိုင်ရင် သိပ်ပြဿနာ မရှိ။ မသကာ နောက်ကျရင် တစ်လပေါ့။ သူတို့ရဲ့ အလုပ်သဘောအရ စာရင်းကို အကြွေးထားလို့မရ။

ဒီနေရာမှာ ကျွန်တော်ပြောလို့သည့် အချက်ကို တလွဲထင်သွားမှာဆိုးရသည်။ ကိုယ်လျှေက်နေတဲ့ ပညာသည် လမ်းကြောင်းမှာ ဘာမှ မတတ်၊ မလေ့လာပဲ စကားပဲ ပြောနေလို့မရ။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကျွမ်းကျင်ဖို့ က အဓိက လိုအပ်ချက်ဖြစ်သည်။ ကာစတမ်မာတွေက အချဉ်တွေမဟုတ်၊ သူတို့လည်း ဂူးဂဲ သုံးတတ်တာကို မေ့ထားလို့မရ။ ဘော့စ်ဆိုသည့် သူများကိုလည်း ဒီဘဲကြီး သေချာမသိတော့ပါဘူးကွာဆိုပြီး အဲနီးဟောင်း ဘတ်လို့မရ၊ သူတို့လည်း ငယ်ရာက ကြီးလာသူများဖြစ်သည်။ တချို့ဆို ကစားသမား ဘဝမှာ သိပ်မအောင်မြင်ပေမယ့် နည်းပြလုပ်သည့်အခါ ပိုမြင် ပိုကောင်းအောင် လုပ်တတ်ကြသည်။ လက်ရှိ မန်ယူနည်းပြ၊ အရင် ချယ်ဆီးနည်ပြဟောင်း မော်ရင်ဟိုကို ပဲကြည့်။ သူယူခဲ့တဲ့ ဖလားတွေ က နည်းတာမဟုတ်။သူ အင်တာဗျူးပြီး ခန့်လိုက်လို့ သာ ကိုယ်ဒီအလုပ်ကို ရောက်လာခြင်းဖြစ်သည်။   ဒီတော့ ကိုယ်တကယ်မလုပ်ပဲ ဖြီးနေရင် သူတို့အလွယ်တကူသိသည်။ ဆိုလိုချင်တာက နည်းပညာ တစ်ခုတည်း သိနေတတ်နေလို့မရ၊ ကိုယ့်ရဲ့ အလုပ်တက်လမ်း ကယ်ရီယာ တိုးတက်ကြောင်းမှာ စကားပြောနိင်ဖို့ အရေးအသားကောင်းဖို့၊ ပြဿနာတစ်ခု ပေါ်လာရင် နည်းပညာ တစ်ခုတည်းသာမက ဘက်ပေါင်းစုံကနေ လိမ္မာပါးနပ်စွာ ဖြေရှင်းနိင်ဖို့တွေပါ လိုအပ်ကြောင်း ပြောပြလိုခြင်းဖြစ်ပါသည်။

စစ်စကိုတွေ ဂျနီပါတွေ ဗွီအမ်ဝဲတွေ အရေးပါသလို ဆော့ဖ် စကေးလို့ခေါ်တဲ့ စကားပြောခြင်း အနုပညာရပ်ကိုပါ အလေ့အကျင့်လုပ်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို မြှင့်တင်ကြပါလို့ တိုက်တွန်း လိုက်ရပါသည်။

ကိုဖြိုး

Monday 17 April 2017

OSPF on XR

High-End Service Provider Router တွေမှာ အသုံးပြုတဲ့ IOS ဟာ မြင်နေကြ သုံးနေကြ Consumer/ Enterprise ဘက်မှာသုံးတဲ့ Classical IOS နဲ့ မတူဘဲ Modular IOS ဖြစ်တဲ့ IOS XR ကို အသုံးပြုထားပါတယ်။ SP Environment မှာသာ တွေ့ ရမှာ ဖြစ်ပြီး ထိတွေ့ ဖို့ အခွင့်အရေး နဲတဲ့ အတွက် သိပ်ပီး ရင်းနှီးလေ့ မရှိကြပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း Virtualization ရဲ့ နည်းပညာကြောင့် IOS XR တို့ NX-OS တို့ကို VM တွေအဖြစ်နဲ့ စမ်းသပ် အသုံးပြုလို့ ရလာပြီ ဖြစ်ပါတယ်။ OS မတူသလို အသုံးပြုရတာလည်း မတူပါဘူး။

နမူနာ အဖြစ်နဲ့ IOS XR ပေါ်မှာ OSPF Basic Configuration ကို ဘယ်လို လုပ်ရသလဲဆိုတာ ကို လေ့လာကြည့်ရအောင်။



xxxxxxxxxxxxxxxxx
Peering
xxxxxxxxxxxxxxxxx


RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router ospf CORE
RP/0/0/CPU0:XR1(config-ospf)#area 0
RP/0/0/CPU0:XR1(config-ospf-ar)#int GigabitEthernet0/0/0/0
RP/0/0/CPU0:XR1(config-ospf-ar-if)#exit
RP/0/0/CPU0:XR1(config-ospf-ar)#exit
RP/0/0/CPU0:XR1(config-ospf)#exit
RP/0/0/CPU0:XR1(config)#show config
Building configuration...
!! IOS XR Configuration 5.2.0
router ospf CORE
 area 0
  interface GigabitEthernet0/0/0/0
  !
 !
!
end
RP/0/0/CPU0:XR1(config)#commit

RP/0/0/CPU0:XR2#conf t
RP/0/0/CPU0:XR2(config)#router ospf CORE
RP/0/0/CPU0:XR2(config-ospf)#area 0
RP/0/0/CPU0:XR2(config-ospf-ar)#interface GigabitEthernet0/0/0/0
RP/0/0/CPU0:XR2(config-ospf-ar-if)#exit
RP/0/0/CPU0:XR2(config-ospf-ar)#exit
RP/0/0/CPU0:XR2(config-ospf)#exit
RP/0/0/CPU0:XR2(config)#commit
RP/0/0/CPU0:XR2(config)#exit


RP/0/0/CPU0:XR1#sh ip ospf nei
* Indicates MADJ interface

Neighbors for OSPF CORE

Neighbor ID     Pri   State           Dead Time   Address         Interface
192.168.1.2     1     FULL/BDR        00:00:38    192.168.1.2     GigabitEthernet0/0/0/0
    Neighbor is up for 00:00:21

Total neighbor count: 1


RP/0/0/CPU0:XR1#sh ip ospf interface | in Type
  Process ID CORE, Router ID 192.168.1.1, Network Type BROADCAST, Cost: 1
xxxxxxxxxxxxxxxxxxxx
Change Network Type
xxxxxxxxxxxxxxxxxxxx


RP/0/0/CPU0:XR1(config-ospf-ar-if)#show config
Building configuration...
!! IOS XR Configuration 5.2.0
interface GigabitEthernet0/0/0/0
!
router ospf CORE
 area 0
  interface GigabitEthernet0/0/0/0
   network point-to-point
  !
 !
!
end

RP/0/0/CPU0:XR1(config-ospf-ar-if)#commit

RP/0/0/CPU0:XR1#sh ip ospf interface | i Type
  Process ID CORE, Router ID 192.168.1.1, Network Type POINT_TO_POINT, Cost: 1

xxxxxxxxxxxx
Change Cost
xxxxxxxxxxxx


RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router ospf CORE
RP/0/0/CPU0:XR1(config-ospf)# area 0
RP/0/0/CPU0:XR1(config-ospf-ar)#  interface GigabitEthernet0/0/0/0
RP/0/0/CPU0:XR1(config-ospf-ar-if)#cost 10
RP/0/0/CPU0:XR1(config-ospf-ar-if)#commit
RP/0/0/CPU0:XR1(config-ospf-ar-if)#
RP/0/0/CPU0:XR1#

RP/0/0/CPU0:XR1#sh ip ospf interface | i Type
  Process ID CORE, Router ID 192.168.1.1, Network Type POINT_TO_POINT, Cost: 10


xxxxxxxxxxxxxxxx
Authentication
xxxxxxxxxxxxxxxx


RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router ospf CORE
RP/0/0/CPU0:XR1(config-ospf)# area 0
RP/0/0/CPU0:XR1(config-ospf-ar)#  interface GigabitEthernet0/0/0/0
RP/0/0/CPU0:XR1(config-ospf-ar-if)#authentication message-digest
RP/0/0/CPU0:XR1(config-ospf-ar-if)#message-digest-key 1 md5 cisco
RP/0/0/CPU0:XR1(config-ospf-ar-if)#exit
RP/0/0/CPU0:XR1(config-ospf-ar)#commit
RP/0/0/CPU0:XR1(config-ospf-ar)#

RP/0/0/CPU0:XR1#sh ip ospf interface
GigabitEthernet0/0/0/0 is up, line protocol is up
  Internet Address 192.168.1.1/24, Area 0
  Process ID CORE, Router ID 192.168.1.1, Network Type POINT_TO_POINT, Cost: 10
<Output Omitted>
  Message digest authentication enabled
    Youngest key id is 1
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Configuration လုပ်တဲ့ အခါမှာ အားလုံးကို OSPF Process အောက်ကနေလုပ်သွားတာကို တွေ့ရမှာပါ။ နောက်တခါ Configuration ကို Staging အဖြစ်ရေးထားပြီး Commit လုပ်မှသာ တကယ်ပြောင်းသွားတာကိုလည်း သတိထားမိပါလိမ့်မယ်။
Configuration ပုံစံပြောင်းသွားပေမယ့် OSPF ရဲ့ သဘောတရား၊ လုပ်ဆောင်ပုံနဲ့ သတ်မှတ်ချက်တွေက တော့ အတူတူပါပဲ။ ဒီတော့ နည်းပညာကို သေချာနားလည် ထားမယ်၊ လေ့လာထားမယ်ဆိုရင်တော့ ဘယ် IOS ပေါ်မှာ ဖြစ်ဖြစ်၊ ရေးပုံရေးနည်း လေ့လာပီးရင် လိုချင်တဲ့ ပုံစံအတိုင်း ရေးသားနိုင်မှာဖြစ်ပါတယ်။

မြန်မာ့နှစ်သစ်မှာ အစစ အရာရာ အောင်မြင် ကျန်းမာစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ကိုဖြိုး။