Sunday 11 June 2017

ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား CCEP



မကြာသေးခင်ကပဲ Cisco ကနေ Cisco Continuing Education Program ဆိုပြီး မိတ်ဆက်လိုက်တာ ဖတ်လိုက်ရတယ်။ CCIE/CCDE တို့ရထားတဲ့ Expert Level Certificates holders အတွက် စာမေးပွဲဖြေဆိုစရာမလိုပဲ သက်တမ်းတိုးဖို့အတွက်ပါ။ လက်ရှိ စနစ်ဖြစ်တဲ့ စာမေးပွဲတွေ ဖြေဆိုပြီး သက်တမ်းပြန်ယူရတဲ့ ပုံစံ အပြင် နောက်ထပ် ပုံစံတမျိုးနဲ့ သွားလို့ရသွားတာပေါ့။ လိုအပ်ချက်တွေကတော့ အခုလို ဖော်ပြထားကို တွေ့ရပါတယ်။

    •    Agree to the Terms and Conditions associated with the Continuing Education Program as part of the enrollment process
    •    Earn 100 credits required by completing any of the preapproved Continuing Education offerings
    •    Pay the Continuing Education administrative fee

သက်တမ်းမကုန်ခင်မှာ CEP Credit ၁၀၀ ပြည့်အောင်လုပ်ရမယ်။ ပြီးရင် Admin Fee $300 ပေးရမယ်။ ဒါဆိုရင် စာမေးပွဲဖြေစရာ မလိုပဲ သက်တမ်းတိုးပြီးသား ဖြစ်သွားပါမယ်။ Credit ၁၀၀ ပြည့်ဖို့အတွက် နည်းလမ်း အမျိုးမျိုးရှိပါတယ်။ သင်တန်းတွေ တက်မလား၊ စာရေးမှာလား၊ Cisco Live က နည်းပညာ ဟောပြောပွဲတွေ တက်မလား စသဖြင့် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ ဖြည့်လို့ရပါတယ်။ ဒါပေမယ့် Credit ပေးတာ အများဆုံးကတော့ သင်တန်းတွေ တက်တာပါပဲ။

Cisco သင်တန်းတွေဟာ အများအားဖြင့်ဈေးကြီးပါတယ်။ US $3000 လောက် ကနေ စပြီး အဆင့်ဆင့် ရှိပါတယ်။ ကျွန်တော် CCIE Bootcamp တက်ခဲ့တုန်းကဆိုရင် $5000 လောက်ရှိပါတယ်။ တခြား Product training တွေလည်း အတူတူပါပဲ။ ဒါပေမယ့် Partner Company တွေအနေနဲ့ အလကား တက်ခွင့်ရှိပါတယ်။ ဒီတော့ အဲဒီလို အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက်တော့ အဆင်ပြေပါတယ်။ အဲဒီလို တက်ခွင့် မရှိသူတွေအဖို့ကတော့ Credit ၁၀၀ ပြည့်အောင် ခန့်မှန်း အနေနဲ့ $10000 လောက် အသုံးပြုရမလို ဖြစ်နေပါတယ်။ Cisco Live တက်ရင်လည်း ဝင်ကြေး၊ ခရီးစရိတ်၊ တည်းခိုခနဲ့ ပေါင်းလိုက်ရင် $5000 လောက် တော့ သွားမှာပါပဲ။ နောက်ပြီးတော့ Cisco Live က ရမဲ့ Credit ကို ၇၀ အထိသာ ကန့်သတ် ထားပါတယ်။


အရင်က PEC (Partner Education Connection) ဆိုပြီး ရှိပါတယ်။ အဲဒီမှာ အွန်လိုင်းသင်တန်းတွေ၊ လက်တွေ့ လုပ်ဖို့အချိန်တွေ အလကား အသုံးပြုခွင့် ရှိပါတယ်။ ပီးခဲ့တဲ့ နှစ်အနည်းငယ်က PEC အစား Cisco SalesConnect ဆိုပြီး ပြောင်းလိုက်ပါတယ်။ PEC မှာရခဲ့တဲ့ အတိုင်း ရသေးသလားတော့ သေသေချာချာ မကြည့်ရသေးဘူး။ အဲဒါတွေကနေပြီး Credit အတွက် ရနိုင်မယ်ဆိုရင်တော့ ငွေကြေးအားဖြင့် အနည်းငယ် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ဒါလည်း Partner Level Company မှာ ရှိနေတဲ့သူအတွက်ပဲ အဆင်ပြေ မှာပါ။ Cisco Live website မှာ အရင့် အရင်ပွဲတွေက ဟောပြောထားတဲ့ နည်းပညာ ဟောပြောပွဲတွေ အများကြီးရှိပါတယ်။ အလွန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီ အကြောင်းအရာတွေ (Offline archive videos/presentation) တွေကို အသုံးပြုပြီး Credit ယူလို့ ရ မရဆိုတာတော့ သေသေချာချာရှင်းပြထားတာ မတွေ့မိသေးပါဘူး။ အဲဒီဟာတွေကနေ Credit ပေးသင့်ပါတယ်။ 

ဒီလိုပုံစံမျိုးကို (ISC)² ရဲ့  Certificates တွေဖြစ်တဲ့ CISSP လိုမျိုး လက်မှတ်တွေမှာအသုံးပြုနေတာ ကြပါပြီ။ CPE (Continuing Professional Education) လို့ခေါ်တယ်။ တစ်နှစ်ကို အခု ၄၀ နဲ့ ၃ နှစ်အတွက် စုစုပေါင်း ၁၂၀ ပြည့်အောင် တင်ပေးရတယ်။ သူကတော့ Vendor Specific မဟုတ်တဲ့အတွက် ကြိုက်တဲ့ဟာ လေ့လာ လို့ရပါတယ်။ Security နဲ့ ပက်သက်တာတွေရော မပက်သက်တာတွေကိုပါ ခွင့်ပြုပါတယ်။ စာရေးလို့ရတယ်၊ စာအုပ်ဝယ်ဖတ်ပြီး ကိုယ်ဘယ်လောက် နားလည်တယ်ဆိုတာ ရေးတင်လို့ရတယ်၊ အွန်လိုင်းဟောပြောပွဲတွေ နားထောင်လို့ရတယ် စသဖြင့် နည်းလမ်းမျိုးစုံရှိပါတယ်။ အများစုက အခမဲ့ပါ။ အလကားပါ။ တပြားမှ မပေးရပါ။ နှစ်စဉ်ကြေး $85 သွင်းရပါတယ်။ အခမဲ့ CPE တွေက Credit ပေးတာနည်းတယ်ဆိုရင် ကိုယ်ကြိုက် တဲ့ သင်တန်းကို ပိုက်ဆံပေးတက်၊ ပြီးရင် Credit ရဖို့အတွက် တင်ပြရင်လည်း ရနိင်ပါတယ်။ 1hr session = 1 CPE ပါ။ အခပေးရော အခမဲ့ ပါ နှစ်မျိုးစလုံးနဲ့ CPE ကို ဖြည့်လို့ရပါတယ်။

ဒီတော့ Cisco အနေနဲ့လည်း တကယ်သာ ဖြစ်စေချင်ရင် အခုထက်ပိုတဲ့ Resource တွေထပ်မံဖြည့်တင်းပြီး အခမဲ့ ရနိုင်မဲ့ နည်းလမ်းများကို လည်းထပ်ထည့်ပေးသင့်တယ်လို့ထင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ရည်ရွယ်ချက်က သိပ်ပြီးတော့ အားရစရာမရှိပါဘူး။ တနည်းအားဖြင့် အခပေး သင်တန်းများကို တက်လာအောင်၊ Cisco Live ကို ပိုပြီး လူလာအောင် လုပ်တဲ့ Marketing နဲ့ ဆက်နွယ်တဲ့ အစီအစဉ်တစ်ခုလို့ ထင်ရပါတယ်။ ဒီအတိုင်းဖြေရင် Written exam အတွက် စာအုပ်ဝယ်ဖတ်တာ၊ စာမေးပွဲကြေး သွင်းတာ $1000 ဆို လောက်ပါပြီ။ ဒီတော့ အခုလို အစီအစဉ်မျိုး ပြောင်းလာတာ ဝမ်းသာစရာဆိုပေမယ့် $$$ Focus ဖြစ်နေပုံထောက် တာကတော့ သိပ်မနိပ်ပါဘူး။

https://learningnetwork.cisco.com/community/certifications/cisco-continuing-education-program







ကိုဖြိုး