Sunday 28 January 2018

Case Studies

ကျွန်တော်တို့ ခရီးသွားတဲ့အခါ ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ နေရာတွေ မှာ မနက်စာ စားခါနီးဖြစ်ဖြစ်၊ ထမင်းစားခါနီး ဖြစ်ဖြစ် နယ်ခံ မိတ်ဆွေ၊ သူငယ်ချင်းတွေကို မေးလေ့ရှိတဲ့ မေးခွန်းရှိပါတယ်။ ဘယ်ဆိုင် စားလို့ ကောင်းသလဲ၊ ဘယ်နေရာမှ ရှိသလဲ စသဖြင့်ပေါ့။ နယ်ခံ သူငယ်ချင်းတွေက ဘယ်ဆိုင်က ဘာကောင်းတယ်၊ ဘယ်လောက်ဝေးတယ်၊ ဈေးကတော့ဖြင့် ဘယ်လိုဆိုပြီး ပြောပြကြပါတယ်။ နောက်တခါ ကိုယ်ကမုန့်ဟင်းခါး စားချင်တဲ့ အချိန်၊ ရောက်နေတာက ရှမ်းပြည်ဆိုပါတော့၊ နယ်ခံသူငယ်ချင်းက ဒီရောက်တုန်း မုန့်ဟင်းခါး မစားပဲ တိုဟူးနွေးတို့ ဆန်းစီးတို့ စားသင့်ကြောင်း အကြံပေးတာမျိုးလဲ ကြုံကြမှာပါ။ (ပြောနေရင်း တိုဟူနွေးကို မုန်ညှင်းချဉ်လေးနဲ့ စားချင်သား) တခြားနိုင်ငံတွေသွားလည်ရတဲ့ အခါမျိုးမှာတော့ အဲဒီလို လိုက်မေးဖို့ အဆင်မပြေတော့ဘူး။ ဒီတော့ TripAdvisor လိုဆိုဒ်မျိုးမှာ ဝင်ပြီး လေ့လာရပါတယ်။ သွားခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေ၊ ဆောင်ရန် ရှောင်ရန်၊ ဘယ်နေရာတွေ သွားသင့်တယ် စသဖြင့်ပေါ့။  

ဒါဟာ ဘာကိုဖော်ပြတာလဲဆိုရင် ကိုယ်မသိတဲ့ကိစ္စတွေ ဆောင်ရွက်တဲ့ အချိန်မျိုးမှာ Case Studies/ Reference/ Recommendation ကိုရှာဖွေတာပါပဲ။ အိုင်တီဖက်မှာလဲ ဒီအတိုင်းပါပဲ။ Product/ Technology တခုရွေးရတော့မယ်ဆိုရင် သူနဲ့သက်ဆိုင်ရာ DataSheet/ Whitepaper စတာတွေကို သေသေချာချာ လေ့လာ၊ဖတ်ရှု ပြီးတော့မှ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုက်ညီရဲ့လား၊ လိုအပ်ချက်နဲ့ အဆင်ပြေပါ့မလား၊ ကုန်ကျစရိတ်တွေ၊ ROI တွေ တွက်ရပါတယ်။ နောက်တခါ တခြား ဘယ်လိုအဖွဲ့ အစည်းတွေက တော့ ဘာတွေသုံးကြတယ်၊ ဘာကြောင့် သုံးကြတယ်၊ ဘယ်လို အခက်အခဲတွေ ပြေလည်သွားတယ်၊ စတဲ့ Case studies တွေကိုပါ လေ့လာရတဲ့ အချိန်မျိုးတွေရှိပါတယ်။ အဲဒါမျိုးတွေ လိုလာတဲ့ အခါကြရင် Product/Vendor တွေကိုယ်တိုင်က ပြုစုပေးထားတဲ့ Case တွေရှိသလို 3rd Party အဖွဲ့တွေက စုဆောင်းပေးထားတဲ့ အချက်အလက်တွေလဲ ရှိပါတယ်။ အဲဒီအထဲမှာ Tech Validate ဆိုတဲ့ ဆိုဒ်က ပြုစုထားတဲ့ Case Studies တွေနဲ့ TechFacts တွေဟာ အတော်ကောင်းပါတယ်။ Product vendor တွေနဲ့ သူတို့ရဲ့ Customers တွေရဲ့ Feedback/Survey တွေကနေ စုစည်းထားတာပါ။
https://www.techvalidate.com/vendor-research

ကိုယ်နဲ့ တိုက်ရိုက် ကိုက်ညီတဲ့ အခြေအနေမျိုး၊ ကိုယ်ရှာနေတဲ့ Product အတိအကျကို တွေ့ဖို့တော့ မသေချာပါဘူး။ အဲဒီ Product တွေရဲ့ ပြဿနာတွေအားလုံးကိုလဲ ရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒါတွေဖတ်ရင်းနဲ့ ကိုယ့်ကိစ္စအတွက်တော့ အထောက်အကူ ပြုမှာ သေချာပါတယ်။ တချို့ဟာတွေက ကြော်ငြာလို့ ထင်ရပေမဲ့ အဲဒါမျိုး Case studies တွေလေ့လာရင်းနဲ့ Product တွေအကြောင်း၊ Technology Trends တွေ အကြောင်း၊ သူများတွေ စဉ်းစားပုံ၊ ရေးသားပုံ စတာတွေကိုပါ သိလာပါလိမ့်မယ်။ ဥပမာ အနေနဲ့ပြရမယ်ဆိုရင် အဲဒီ Tech Validate အထဲက NMS product တစ်ခုဖြစ်တဲ့ Solarwinds ရဲ့ Network Configuration Manager application အကြောင်းကို ရေးထားတဲ့ အကြောင်းအရာ တစ်ခုကို ကြည့်ရအောင်။

https://www.techvalidate.com/product-research/solarwinds-network-management/case-studies/9B0-DE5-FB0

ဒီ Case မှာ သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ ကို အခုလိုဖော်ပြထားပါတယ်။ ဒါတွေဟာ အပြင်မှာလဲ တကယ်ကြုံတွေ့နေရတာတွေပါ။

* Manages 50 to 100 network devices.
* Increasing network complexity and pace of change
* The complexity of managing many different device types
* Configuration-related problems take too long to troubleshoot and correct
* Spent 10-25 person hours managing configuration related activities.

ဒီပြဿနာတွေကို ပြေလည်ဖို့အတွက် Solarwinds NCM ကို အခုလို အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

* Does device discovery and inventory
* Manages administrative device access and permissions
* Reviews or approves proposed configuration changes
* Builds and/or deploy configuration changes
* Monitors configurations for change
* Manages configuration backups
* Troubleshooting and/or correct configuration errors
* Manages device life-cycle
* Manages support contracts
* Creates performance and planning reports

ဘာတွေပြေလည်သွားသလဲ၊ ဘာတွေတိုးတက်လာသလဲဆိုရင်

* Uses NCM to help in the following ways:
    * Document network environment
    * Save time completing wide-scale configuration changes
    * Improve standardization and process discipline
    * Improve network troubleshooting and problem resolution
    * Improve policy compliance and reporting
    * Saves 10-25 person hours when using NCM for managing network configuration and compliance related activities.

ဒါကိုဖတ်ကြည့်တဲ့အခါ ဒီ Product/application တွေဟာ ဒီလိုမျိုး အခြေအနေတွေမှာ သုံးကြတယ်၊ ဒါတွေကို ပြေလည်နိုင်တယ်၊ ဒီလို အဖွဲ့အစည်းတွေက သုံးထားတာတွေ့တယ် စသဖြင့် သိနိုင်ပါတယ်။ ဒါက နမူနာ တခုပါ။ ဒီလိုမျိုး Cases တွေ လိုက်ဖတ်ကြည့်တဲ့ အခါ လုပ်ငန်းခွင်တွေမှာ ဘာအခက်အခဲတွေ ကြုံလေ့ရှိတယ်၊ Continuos Service Improvment အတွက် ဘယ်လိုမျိုးတွေစဉ်းစားသင့်တဲ့ ဆိုတဲ့ ပြဿနာ ဖြေရှင်းနည်းတချို့ကိုပါ ဆက်စပ်ပြီး နားလည်းလို့ရပါတယ်။ အခုလောလောဆယ် NCM ဝယ်ဖို့အတွက် အထက်အရာရှိကို တင်ပြဖို့၊ Boss ဆီက ပိုက်ဆံတောင်းဖို့အတွက် အပေါ်က ပြထားတဲ့ အထဲက အချက်အလက် တွေကိုသုံးပြီး Justify လုပ်လို့ရပါပြီ။ ဘော့စ် ဒါတွေတော့ ဖြစ်နေတယ် ဒီ NCM လေးသုံးလိုက်ရင် အတော်အဆင်ပြေသွားမယ်၊ ပိုက်ဆံချပေးပါဆိုပြီး တောင်းလို့ရပါပြီ။
အိုကေ ဝယ်လိုက်၊ ဒါပေမဲ့ မင်းတို့အဖွဲ့မှာ လူတွေသိပ်လိုတော့မှာ မဟုတ်ဘူး ၂ ယောက်လောက် လျှော့လိုက်ဆိုရင်တော့ ကျွန်တော်နဲ့ မဆိုင်ပါဘူး။  :)

အဓိက ပြောပြချင်တာကတော့ အခုလို Case Studies တွေ ရှိတယ်၊ ဖတ်ကြည့်ဖို့၊ လေ့လာဖို့၊ ကိုယ့်အတွက် Product/Solution ရှာတဲ့ အခါမျိုးမှာ မှီငြမ်းဖို့၊ ယူသုံးနိုင်ဖို့ အတွက်ပါ။

ကိုဖြိုး။