ထင်ရှားတဲ့လူတွေရဲ့အတ္ထုပ္ဗတ္တိတွေအကြောင်းဖတ်ရတာကောင်းသလို ပစ္စည်းတွေရဲ့ပေါ်ပေါက်လာတဲ့ နောက်ကြောင်းတွေကိုသိရတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ CCIE လေ့လာတုန်းက Cisco Press ကစာအုပ်အထူကြီးတွေကိုဖတ်ရတာ အလွန်လေးတယ်လို့ထင်ပါတယ်။ PDF တွေကို PC နဲ့ဖတ်ပြန်တော့လဲအကြာကြီး မထိုင်နိုင်ဘူး။ သက်တောင့်သက်သာမရှိ၊ ပျင်းတာလဲပါတာပေါ့။ ရုံးကပေးထားတဲ့ Laptop ကိုပေါင်ပေါ်တင်ဖတ်ပြန်တော့လဲ နာရီဝက်လောက်ဆို ပူလာပြန်ရော၊ အဲဒီတုန်းက စိတ်ထဲမှာလိုချင်တာက ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ ဖတ်လို့ရမယ့် ပစ္စည်းမျိုးတစ်ခုလောက်ရှိရင်ကောင်းမယ် လို့စဉ်းစားခဲ့မိတယ်။ ညံ့တာက Kindle ရှိမှန်းလဲမသိခဲ့ဘူး။ သိခဲ့ရင်လဲ Touch screen မပါဝင်တဲ့ B&W Kindle ဟာအလုပ်ဖြစ်ခဲ့မယ်မထင်ပါ။ ဒါပေမယ့် နောက်ပိုင်း iPAD ပေါ်လာတော့မှ အရင်ကလိုချင်ခဲ့တာ ဒါမျိုးပါလားဆိုပြီး မချင့်မရဲဖြစ်ရတယ်။ ဆိုချင်တာကတော့ ပစ္စည်းတွေ၊ နည်းပညာတွေ ဟာလိုအပ်ချက်တွေနဲ့အတူ စဉ်းစားတီထွင်ပြီးထွက်ပေါ်လာကြတာပါ။ အဲဒီအပေါ်မှာမှ လိုအပ်ချက်၊ တီထွင်မှု၊ ဈေးကွက်ဝင်ရောက်မှုနဲ့ အချိန်ကိုက် သွားတဲ့အခါမှာ အောင်မြင်တဲ့ထုတ်ကုန်ဖြစ်သွားတယ်လို့ပြောလို့ရပါတယ်။
Nexus အကြောင်းကိုဖတ်ကြည့် နားထောင်ကြည့်တဲ့အခါမှာလဲ Server တွေ၊ Virtualization တွေဘက်ကပြောင်းလဲလာတဲ့နည်းပညာတွေကြောင့် Network ဘက်မှာလိုအပ်ချက်တွေဖြစ်ပေါ်လာတာ ကို Cisco က အဲဒီ လိုအပ်ချက်တွေကိုအသုံးချနိုင်ပြီး ဈေးကွက်ထဲကို အချိန်ကိုက်ဝင်ရောက်လာခဲ့ပုံကို တွေ့ရမှာဖြစ်ပါတယ်။ အရင်က Server တစ်လုံးမှာ OS တစ်ခုကိုသာအသုံးပြု၊ အဲဒီအပေါ်မှာ Application အနည်းငယ်ကိုသာ အသုံးပြုတဲ့အတွက် အများစုဟာ Server ရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးပြုနိုင်တာ နည်းပြီးတော့ Application ပိုင်ရှင်တွေဟာ နောက်ထပ်လိုအပ်လာတဲ့ Application တွေအတွက် Server တွေကိုသာထပ်ပီးအသုံးပြုခဲ့တဲ့အတွက် Server အရေအတွက်တွေသာများသထက်များလာတာ တွေ့ရမှာပါ။ (Server Sprawl) လို့ဆိုမှာပေါ့။ Server တစ်လုံးကအသုံးပြုတဲ့ Network Traffic ဟာလည်း Catalyst Switch တွေအဖို့တော့ အေးအေးဆေးဆေးပဲပေါ့။ ဒါပေမယ့် နောက်ပိုင်း Blade တွေ VM တွေပါလာတဲ့အခါမှာတော့ Server တစ်လုံးပေါ်မှာ VM အများအပြားကို အသုံးပြုလာကြတဲ့အတွက် အဲဒီ VM တွေက အသုံးပြုတဲ့ Network Traffic ဟာများလာရော၊ 1GE port လောက်နဲ့မရချင်တော့ဘူး၊ Switch တွေရဲ့ Backplane နဲ့ Trunk တွေမှာလည်း အဲဒီ traffic တွေကိုနိုင်အောင် လုပ်ဆောင်နိုင်ဖို့ပြဿနာရှိလာတယ်။ 10GE တို့ 40GE တို့လိုကိစ္စတွေလိုလာတဲ့အခါ Catalyst တွေလည်း ဒုက္ခရောက်လာတယ်။ Bottle neck က Network မှာဖြစ်လာတယ်။
Cisco ကဒီကိစ္စကိုဖြေရှင်းဖို့အတွက် နည်းပညာအသစ် ထုတ်ကုန်အသစ်လိုအပ်လာပြီဆိုတာသိတယ်၊ အဲဒီဟာကို ပြေလည်အောင်လုပ်နိုင်ရင် ဈေးကွက်အနေနဲ့လည်း အောင်မြင်မယ်ဆိုတာကို ခန့်မှန်းလို့ရတယ်။ ဒီတော့Catalyst အပြင် Data Centre အတွက်အသုံးပြုဖို့သက်သက် ထုတ်ကုန်အသစ်ဖြစ်တဲ့ Nexus Series switch တွေကို ၂၀၀၈ မှာစတင်ပြီး ထုတ်လုပ်လိုက်တယ်။ OS ကိုလည်း IOS အစား features တွေပိုပြီးစုံလင်စွာအသုံးပြုနိုင်တဲ့ Linux based NX-OS ဆိုပြီးသုံးလာခဲ့တယ်။ ဒါများ ဘာစိတ်ဝင်စားစရာကောင်းလို့လဲ တခြား Product တွေလဲဒီလိုပဲထွက်နေကြတာပဲ လို့မေးစရာပါ။ ဆက်ကြည့်ကြရအောင်။ Virtualization နဲ့ Cloud ပေါ်လာတဲ့အခါမှာ Virtual Switch ကိုဘယ်သူကိုင်ကြမလဲဆိုတာကလဲ Systems သမားတွေနဲ့ Network သမားတွေကြားမှာ မေးစရာဖြစ်လာပါတယ်။ Systems ဘက်ကဆရာတွေကလည်း သိပ်မလုပ်ချင်ကြသလို Network ဘက်ကကိုယ့်လူတွေကလည်း Server တွေအထဲဝင်ပြီး သုံးဖို့ဝန်လေးကြပါတယ်။ Cisco က Nexus 1000v Virtual Switch ကို Hypervisor တွေအပေါ်မှာ သုံးလို့ရအောင်ထုတ်လိုက်တဲ့အတွက် အလိုလိုနေရင်း Network သမားတွေတာဝန်လိုဖြစ်သွားပါတယ်။ Cisco ကတော့ Virtual Switch အတွက်ဈေးကွက်ဝင်ယူလိုက်တာပေါ့။ Server တွေထုတ်တဲ့ HP တို့ Dell အတွက်လည်း ထုတ်ပေးလိုက်သေးတယ်။ နောက်တစ်ခါ Storage ဘက်ကိုခြေဆန့်ပြီး Nexus ကို SAN switch တွေနေရာဝင်ယူဖို့FCoE နဲ့အတူ ဝင်လာပြန်ရော။ နောက်ပြီးတော့ Nexus 7K 5K တို့နဲ့တွဲဖက်အသုံးပြုဖို့ FEX လို့ခေါ်တဲ့ 2000 Series ဆိုတာလဲပါသေးတယ်။ FEX ဟာ Remote line card တစ်ခုအနေနဲ့ရှိပြီး Parent Switch တွေကနေလှမ်းပြီးထိန်းချုပ်ရတာဖြစ်ပါတယ်။ ဒီနည်းပညာဟာ Catalyst Switch တွေမှာမမြင်ဘူးခဲ့တဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ခုနောက်ပိုင်းခေတ်စားလာတဲ့ SDN တို့ High Density Ultra low latency စတာတွေအတွက်လဲ Nexus series switch တွေက အဆင်သင့်ဖြစ်နေပါပြီ။ 3000 Series တွေဟာဆိုရင် 10GE switch ports အားလုံးဟာ Layer2 ရော Layer 3 မှာပါ Wire-speed အတိုင်းအလုပ်လုပ်နိုင်တယ်လို့ဆိုပါတယ်။
Nexus အတူပါလာတဲ့ နည်းပညာတွေထဲက VDC VPC OTV စတာတွေဟာလည်း Data Centre တွေမှာလိုအပ်နေတဲ့ နည်းပညာတွေဖြစ်ပါတယ်။ OTV ကြောင့် Data Centre နှစ်ခုအကြား LAN Extension အတွက် ပိုပြီးအဆင်ပြေလာပြီး DR တို့Failover အတွက်လည်း IP address မတူတဲ့ကိစ္စတွေကိုသိပ်စဉ်းစားစရာမလိုတော့ဘူးပေါ့။ Nexus ကစလိုက်တဲ့ ကိစ္စဟာ Data Centre အထဲမှာရှိသမျှပစ္စည်းအတော်များများဟာ Cisco တစ်မျိုးနဲ့တင်တည်ဆောက်လို့ရတဲ့ပုံစံဖြစ်လာတယ်။ Server ဘက်ပဲကျန်တော့တယ်။ VM တွေရဲ့ Resource တောင်းဆိုမှုအတွက် Server ထုတ်တဲ့သူတွေဘက်မှာလည်း Memory ထုတ်လုပ်မှုအပိုင်းမှာနည်းပညာလိုအပ်ချက်ကြောင့်အလားတူ ပြဿနာတွေရှိနေတာကိုသိတဲ့ Cisco ဟာ နောက်ဆုံးမှာ Extended Memory Technolgy ကို Intel နဲ့ပေါင်းစပ်ပြီး Cisco UCS ကိုပါထုတ်လုပ်ပြီး Server ဘက်ကိုပါ ဝင်ရောက်နေရာယူလိုက်ပါတယ်။ ဒီတော့ Nexus မွေးလာခြင်းနောက်မှာ Data Centre Solution ဟာ လုံး၀ပြောင်းလဲသွားပြီး အရင်က Catalyst switch တွေနဲ့တည်ဆောက်ခဲ့တဲ့ Core Distribution Access layers ပုံစံဟာ Legacy အဖြစ်သို့ရောက်ရှိသွားပါတော့တယ်။ High performance computing နဲ့ Converge Network ခေတ်မှာ Nexus ဟာမရှိမဖြစ် မသုံးမဖြစ်အသုံးပြုရမယ့် ပစ္စည်းတစ်ခုအနေနဲ့ နောက်ဆယ်နှစ်လောက် နေရာယူထားတော့မှာဖြစ်ပါတယ်။
ကိုဖြိုး
Showing posts with label DC. Show all posts

Sunday, 26 July 2015
ရောင်းမောင်း (စိတ်ဝင်စားစရာ အခေါ်အဝေါ်များ)
သတင်းစာကအလုပ်ခေါ်စာမှာ မြင်ဖူးနေကျစကားလုံးပါ။ ကားမောင်းတတ်တဲ့အရောင်းဆရာတွေကိုခေါ်တဲ့အလုပ်ပါ။ ကျွန်တော်တို့ငယ်စဉ် (၁၉၈၀ကျော်ခန့်)က ညဖက်ဆိုရင် မီးချောင်းတွေထွန်းထားတဲ့ ကင်းဝေဖာရေခဲမုန့်ဆိုတဲ့ ကားကြီးနဲ့လမ်းတိုင်း ကိုပတ်ပီးလိုက်ရောင်းတာ တွေ့ဖူးပါတယ်၊(ရန်ကုန်မှာပါ) အဲဒီတုန်းက မောင်းတဲ့ ကားဆရာကသက်သက် အနောက်က ရောင်းတဲ့ဆရာကသက်သက်ပေါ့၊ နောက်ပိုင်းခေတ်ကြတော့ ပက်စီကိုလာတို့၊ လန်ဒန်ဆေးလိပ်တို့ စသဖြင့်ဖြန့်ချီရေးကားတွေ လမ်းပေါ်မှာ အတွေ့များလာပါတယ် ဒါပေမယ့်သတိထားမိတာက တစ်ချို့ ကားတွေမှာ မောင်းတဲ့သူတစ်ယောက်ပဲ ပါတော့တယ်။ သူပဲမောင်း၊ ပို့၊ရောင်း၊ငွေသိမ်း အကုန်လုပ်ပါတယ်။ သတင်းစာမှာလည်း ရောင်းမောင်းဆိုတဲ့ အခေါ်အဝေါ်ခေတ်စားလာပီး နောက်ပိုင်းမှာ မထူးဆန်း တော့တဲ့ စကားလုံး ဖြစ်လာပါတယ်။
ကျွန်တော်တို့ IT/Network ဖက်မှာလည်း ဒီလိုပါပဲ၊ ခေတ်အလိုက် အလုပ်အကိုင်တွေ၊ အခေါ်အဝေါ်တွေဟာလည်း အချိန်နဲ့အမျှထွက်ပေါ်နေတာပါ၊ Virtualization ဆိုတာလည်း ရောင်းမောင်းသဘောပါ ပဲ။ Hardward တစ်ခုပေါ်မှာ OS/Application/Service တစ်ခုထဲအသုံးပြုမဲ့အစား ပိုတန်အောင်၊ ကုန်ကျစရိတ်သက်သာအောင်၊ Hardware ရဲ့အရည်အသွေးကို ပိုမိုအသုံးချနိုင်အောင် လုပ်တဲ့ပုံစံမျိုးလို့ဆိုလိုရပါတယ်။ အရင်တုန်းက workstation တွေဟာ Server ရဲ့ စွမ်းအားကိုမှီပီးအသုံးပြုခဲ့တာဟာလည်း Virtualiztion ရဲ့အစိတ်အပိုင်းတစ်ခုလိုပါပဲ။ Network ဖက်မှာဆိုရင်လည်း VLAN တို့VRF တိုဆိုရင်လည်း Network Virtualiztion ရဲ့အစလို့မြင်လို့ရပါတယ်။ နည်းပညာနဲ့ခေတ်ကိုလိုက်ပီး အခေါ်အဝေါ်တွေကတော့မတူတော့ပါဘူး။ Nexus ခေတ်ရောက်လာတော့လည်း vPC vDC OTV စသဖြင့် ခေတ်စားလာပြန်ရော၊ အရင်က MEC တို့ Context တို့ဆိုပီး ဆင်တူနည်းပညာတွေနဲ့အခေါ်အဝေါ်တွေ ရှိခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ Virtualization, Cloud နဲ့ဆက်စပ်ရာမှ Network Virtualization, SDN စသဖြင့်ခေတ်စားလာပါတယ်။ Cisco က တောင်သူရဲ့Certifications တွေမှာ SDN အကြောင်းကို ထည့်သွင်းအသုံးပြုတော့မယ်လို့ဆိုပါတယ်။ သူနဲ့အတူပါလာမယ့် အခေါ်အဝေါ်တွေကလည်း ဘယ်နဲလိမ့်မလဲ။ Presentation လုပ်တဲ့သူတွေကလည်း အဲဒီဝေါဟာရအသစ်တွေကို တွင်တွင်သုံးကြတာပေါ့။ North-South Traffic/ East-West Traffic တို့ ToR EoR MoR ပီးတော့ Leaf/Spine , network Slicing စတဲ့ အခြေခံ ဝေါဟာရတွေအပြင် တခြားအသစ်သစ်ဖြစ်တဲ့ စကားလုံးတွေလည်းအများကြီးပါပဲ။ အရင်က Data Centre တွေမှာ Core/Distribution/Access ဆိုပီး Layer သုံးခုကိုအဓိကထားပီးအသုံးပြုကြပေမယ့် နောက်ပိုင်း Modern DC လို့ဆိုတဲ့ DC တွေမှာ Layer နှစ်ခုပဲ (Spine/Leaf) ဆိုပီး သုံးလာကြပါတယ်။ အရင်က Server တွေဟာ Distribution/Core တွေဖြတ်ပီးသွားတဲ့ DC အပြင်ကိုသွားတဲ့Traffic တွေအစား အခု Virtulization ကြောင့် DC အတွင်းမှာ DC service တွေကြားမှာပဲ သွားတဲ့ Traffic တွေများလာပါတယ်။ ဒါကို East-West Traffic တွေလို့ဆိုကြတာပေါ့။
ကျွန်တော် Data Centre မှာ အလုပ်လုပ်စဉ်က Racks တွေစီထားတဲ့ Row တစ်ခုရဲ့အဆုံးမှာ Access Switch တွေထားတဲ့ Rack တစ်ခုရှိပါတယ်။ Rack တွေကနေ Patch Panel ကိုချိတ်ပီး Access Switch ကိုလာပီးချိတ်ရပါတယ်။ အဲဒီ Switch ကမှတဆင့် Distribution Switch/ Core Switch စသဖြင့်ထပ်ပီးချိတ်ထားပါတယ်။ ဒါကိုတော့ အခုအခေါ်အဝေါ်ကကြည့်ရင် EoR ပေါ့။ EoR ဆိုတာက Access Switch ရဲ့ နေရာနဲ့ ချိတ်ဆက်ပုံအရ End of Row လို့ဆိုလိုတာပါပဲ။ အဲဒီပုံစံအစား အခုနောက်ပိုင်းမှာ ToR ကိုပုံစံကိုအသုံးများလာတယ်လိုဆိုပါတယ်။ Rack တိုင်းမှာ Switch ရှိနေတဲ့ ပုံစံပေါ့။ အဲဒီကမှ အရင်လို Layer သုံးခုမခွဲတော့ပဲ Spine နဲ့ Leaf ဆိုပီး နှစ်ခုပဲ အသုံးပြုမှာဖြစ်ပါတယ်။ Network slicing ဆိုရင်လဲ PBR အသုံးပြုတဲ့ ပုံစံမျိုး ပါ။ PBR ဟာ Routing table ရဲ့ဆုံးဖြတ်ချက်ကို မယူပဲကိုယ်လိုချင်တဲ့ Traffic ကို Route-map နဲ့ရေးပီး အသုံးပြုပါတယ်။ ဒါပေမယ့် PBR မှာခက်ခက်ခဲခဲရေးပီး ရအောင်လုပ်ရတဲ့ကိစ္စတွေကို Network Slicing အသုံးပြုတဲ့အခါမှာ လွယ်ကူစွာ အသုံးပြုလို့ရပါတယ်။ Vlan/ VRF တို့အသုံးပြုတဲ့အခါမှာ Interface တစ်ခုဟာ Vlan/VRF တစ်ခုအောက်မှာပဲရှိပေမယ့် Network slicing ကြတော့အဲဒါတွေရဲ့ အပေါ်ကနေ လိုချင်တဲ့ပုံစံအတိုင်းသွားလို့ရပါတယ်။
ဒီတော့ ဝေါဟာရတွေ အခေါ်အဝေါ်တွေရဲ့နောက်မှာ စိတ်ဝင်စားစရာတွေ၊ စဉ်းစားစရာတွေ၊ တွေးစရာတွေ ဟာအမြဲလိုပါလာတတ်ပါတယ်။ ဒါတွေကို ကြောက်စရာ၊ စိတ်ပျက်စရာ နာမည်တွေ၊ ဘာတွေမှန်းမသိတဲ့ စကားလုံးတွေလို့ထင်နေမဲ့အစား အချိန်ယူလေ့လာပီး နားလည်အောင် ဖတ်ကြည့်ရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ ရောင်းမောင်းစကားလုံးနဲ့အတူပေါ်လာတဲ့ အလုပ်ကြောင့် ကားမမောင်းတတ်တဲ့ အရောင်းဆရာတွေ အခွင့်အလမ်းတွေနည်းပါးသွားသလိုမျိုး DC ဖက်မှာလည်း Nexus နဲ့SDN မရရင် အခက်အခဲတွေ့လာနိုင်ပါတယ်။ ဒါပေမယ့်တချို့အရောင်းအလုပ်တွေဟာ ကားမောင်းတတ်စရာမလိုသလို Network ဖက်မှာလည်း DC နဲ့မဆိုင်တဲ့အလုပ်တွေလည်း အများကြီးပါ။ ကိုယ်ဘယ်လမ်းလျှောက်မလဲဆိုတာနဲပဲ သက်ဆိုင်ပါလိမ့်မယ်။ သေချာတာကတော့ ဒီအခေါ်အဝေါ်တွေဟာ စိတ်ဝင်စားစရာကောင်းသလို တွေးစရာတွေများစွာ ရှိနေတယ်ဆိုတာပါပဲ။

Saturday, 25 July 2015
သွားဖြစ်ခဲ့တဲ့ပြပွဲတခု (Cloud Expo Asia 2014)
မနှစ်က တစ်နှစ်လုံး ကျွန်တော် အတွေ့အများဆုံးစကားလုံး ကတော့ Virtualizaiton နဲ့Cloud ပါပဲ။ Customer တွေနဲ့ဖြစ်ဖြစ်၊ အပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ် ပြောဖြစ်တဲ့ အကြောင်းတွေအထဲမှာ အဲဒီနှစ်ခုက ထိပ်ဆုံးကပါတယ်။ ဒါနဲ့သူငယ်ချင်းတွေနဲ့Cloud Expo Asia 2014 conference ကိုသွားလိုက်သေးတယ်။ သတိထားမိတာကတော့ ကျွန်တော်တို့သိသမျှ Brand အားလုံးဟာ Cloud ဈေးကွက်ထဲမှာ အကုန်ရှိနေတာပါပဲ။ သူတို့နဲ့ဆက်နွယ်နေတဲ့ နည်းပညာတွေနဲ့အတူ မတူညီတဲ့ Service အမျိုးမျိုးနဲ့ Cloud Computing ဈေးကွက်ထဲမှာ ဝင်ရောက် ပက်သက်နေကြပါတယ်။ မှတ်မိသလောက်နဲ့ ထင်တာမြင်တာလေးတွေ ရှယ်တာပေါ့။
လာပြတဲ့အထဲကနေ ဥပမာ ပြရရင် Provider တွေဖြစ်တဲ့ Starhub PacNet Tata NTT BT Telstra Viewquest တို့ Hardware product vendors တွေဖြစ်တဲ့ Cisco Huawei EMC F5 NEC DELL Seagate HP IBM FORTINET BARRACUDA စတာတွေအပြင် နာမည်ကြီး Cloud provider တွေဖြစ်တဲ့ Amazon Microsoft ပီးတော့ Redhat Openshift Big Data စသဖြင့်တွေ့ခဲ့ပါတယ်။ မှတ်မိတဲ့ Brand တွေပါ၊ နောက်ထပ် လေးငါးဆယ်လောက် ရှိပါသေးတယ်။ Cisco ကတော့ သူ့ရဲ့ Cloud Product line တစ်ခုဖြစ်တဲ့ Meraki ကိုပြသွားပါတယ်။ စိတ်ဝင်စားစရာပါ။ ကိုယ့်မျက်စိရှေ့မှာတင် ဒီလောက်အထိအရှိန်အဟုန် ပြင်းပြင်းနဲ့ကျယ်ပြန့်လာတဲ့ Cloud Computing ဟာ ကျွန်တော်တို့လို Network သမားတွေအဖို့ဘယ်လိုမှရှောင်လို့မရတဲ့ နည်းပညာ တစ်ခုဖြစ်လာပါတယ်။
Cloud ဟာ Virtualization ပေါ်အဓိကထားပီး တည်ဆောက်ထားတဲ့ အတွက် Virtualization ဟာ အရင်လို Systems/Server ဘက်က ဆရာတွေနဲ့သာ ပက်သက်တာမဟုတ်တော့တာတွေ့ရပါတယ်။ VM ဘက်က Virtual switch တွေ၊ Distributed Virtual switch တွေကို ကိုင်ရတဲ့သူတို့အတွက်လဲ Networking ပိုင်းကိုသိဖို့ လိုအပ်လာပြန်ပါတယ်။ Virtual Infrastructure တွေ Virtual DC တွေဆောက်တဲ့ သီးသန့် specialist တွေ၊ သူနဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်တွေလဲ ပေါများလာပါတယ်။ သူတို့ဟာ Network ဘက်ကဖြစ်စေ၊ Systems ဘက်ကဖြစ်စေ ပေါင်းစပ်လာတဲ့ သူတွေဖြစ်ပါတယ်။ ဒီတော့ Networking ရဲ့ အခြေခံတွေကို လေ့လာနေသလို တဖက်ကလည်း Virtualization နဲ့ Cloud ဖက်ကိုလဲ စတင်ခြေချဖို့ လိုအပ်လာပီလို့ထင်ပါတယ်။
နောက်တခုစိတ်ဝင်စားစရာကတော့ အဲဒီဟောပြောပွဲမှာ Korea က e-Goverment အကြောင်းကိုပြောပြသွားတာ နားထောင်လိုက်ရတာပါပဲ။ သူတို့ e-Government Cloud based solution ကိုထိုင်ထားတဲ့ Data Center တွေဟာ ပီးခဲ့တဲ့နှစ်က Outage ဟာ 34 second သာရှိခဲ့တယ်လို့ဆိုပါတယ်။ UN Survey အရဆိုရင် Korea ဟာ e-Goverment တွေထဲမှာ နံပါတ် ၁ အဆင့်ရှိပါတယ်။ သူနောက်မှာတော့ Australia နဲ့Singapore ပါ။ ကျွန်တော်ထင်ထားတာက US တို့ Japan တို့ဖြစ်မယ်ထင်တာ အတော်လွဲသွားပါတယ်။ ဘယ်လိုအရာတွေပေါ်မှာ အဆင့်ခွဲထားတာလဲတော့ သေချာမဖတ်ကြည့်ရသေးဘူး။ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့။
http://unpan3.un.org/egovkb/Portals/egovkb/Documents/un/2014-Survey/E-Gov_Complete_Survey-2014.pdf
အဲဒီဆရာက ဘာထပ်ပြောလဲဆိုရင် သူတို့Data Center တွေကို Trun-Key Flex DC လို့ခေါ်ပါတယ်။ Uptime SLA ဟာဆိုရင် Tier IV ထက်မြင့်ပီး 99.999% အထိပေးနိုင်တယ်လို့ဆိုပါတယ်။ ဘာတွေပါသေးလဲဆိုရင် အဝင်မှာ Finger print access အပြင် Face detection တို့X-Ray screening entry တို့တောင်ပါ ပါတယ်။ အဆောက်အဦးနဲ့လုံခြုံရေးအတွက်လည်း Vehicle crash barrier တွေကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ DC တွေရဲ့ Uptime SLA တွေကို ဗဟုသုတအဖြစ် သိထားသင့်ပါတယ်။ ဒီလင့်မှာပြထားတာ ရှင်းပီးကြည့်လို့ကောင်းပါတယ်။ နောက်လင့်က pdf မှာတော့ ပိုစုံတာပေါ့။
http://www.colocationamerica.com/data-center/tier-standards-overview.htm
http://www.greenserverroom.org/Tier%20Classifications%20Define%20Site%20Infrastructure.pdf
နောက်ထပ် သဘောကျစရာ တခုကတော့ IO က Data Center တွေပါပဲ၊ သူတို့အသုံးပြုတဲ့ Central monitoring ဆိုရင်လဲ အတော်ကို စုံလင်ပီး DC ရဲ့ Power တွေ Cooling တွေကနေ Network ရဲ့ Performance အထိကို Touch screen ကနေ စိတ်ကြိုက်ရွေးချယ်ပီး Monitoring တင်မကဘူး Manage ပါလုပ်လို့ရပါတယ်။ သူတို့ရဲ့လက်ရှိ DC တွေအပြင် သီးသန့်လိုအပ်လာရင်လဲ Mobile/ Modular DC အဖြစ်လဲတည်ဆောက်လို့ရပီး ရက် ၉၀-၁၂၀ လောက်အတွင်းမှာ အပီးတပ်ဆင်ပေးလို့ရတယ်လို့ဆိုပါတယ်။ Data Center service တင်မကပဲ Open reference architecture ပေါ်မှာ Private Cloud/ IaaS အနေနဲ့လဲ သုံးနိုင်တယ်လို့ဆိုပါတယ်။ သူတို့ရဲ့ DC တွေဟာ US ရဲ့ အကြီးဆုံး DC စာရင်းထဲမှာပါ ပါတယ်။ Asia မှာဆိုရင်တော့ အများစုဟာ China ကဖြစ်ပါတယ်။
https://www.io.com
http://www.worldstopdatacenters.com/americas-size-rankings/
http://www.worldstopdatacenters.com/apac-size-rankings/
အိမ်ပြန်လမ်းမှာတော့ တွေ့ခဲ့မြင်ခဲ့တာတွေကို ပြန်တွေးရင်း ကျွန်တော်တို့မြန်မာပြည်မှာလဲ အခုလို Data Center တွေရှိလာရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့စဉ်းစားရင်းနဲ့။

Subscribe to:
Posts (Atom)