Showing posts with label NTP. Show all posts
Showing posts with label NTP. Show all posts

Sunday, 26 July 2015

Leap Second

ဇွန် ၃ဝရက်မှာကြုံတွေ့ရမဲ့ Leap second ဟာ IT သမားတွေကိုအလုပ်များသွားစေနိုင်ပါတယ်။

အဖွဲ့အစည်းအကြီးတွေမှာတော့ သီးသန့်အဖွဲ့တွေဖွဲ့စည်းပြီး ဖြစ်လာနိင်ချေတွေကို တွက်စပြီး ဘယ်လိုပြင်ဆင်ရမယ်ဆိုတာတွေလုပ်ပြီးလောက်ပါပြီ။ အများစုအနေနဲ့ကတော့ သက်ဆိုင်ရာ Product TAC support တွေရဲ့အကူအညီတွေနဲ့ပြင်ဆင်ကြပါတယ်။ Support မရှိတဲ့ အဖွဲ့အစည်းတွေ အတွက်ကတော့ ကိုယ့်ရဲ့ IT Infra အထဲမှာသုံးထားတဲ့ ပစ္စည်းတွေလိုက်စစ်ပြီးတော့ ဘယ်ပစ္စည်းတွေကတော့ ဘာလုပ်ဖို့လိုတယ်ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

Leap second ဆိုတာကိုနားလည်သလိုပြောရရင် IT ဖက်မှာ စံအဖြစ်သုံးနေတဲ့ (TAI) International Atomic time ကိုအခြေခံထားတဲ့ UTC Time နဲ့ Earth rotation ကိုဖော်ပြတဲ့ UT1 ကြားမှာရှိတဲ့ ကွာခြားချက်ကိုညှိပေးတာဖြစ်ပါတယ်။ UT1 ထက်စာရင် Atomic Time ဖြစ်တဲ့ UTC ကပိုပြီးတိကျပါတယ်။ UT1 ကတော့ ကမ္ဘာလည်တဲ့အပေါ်မှာမူတည်တဲ့အတွက် လည်ပတ်မှုနှေးလာတဲ့အချိန်မှာ စက္ကန့်ရဲ့အစိတ်အပိုင်းမျှလောက်သော အချိန်ဟာ ကွာခြားလာပါတယ်။ အဲဒါကို (IERS) International Earth Rotation and Reference Systems Serviceဆိုတဲ့အဖွဲ့အစည်းက စောင့်ကြည့်နေပြီးတော့ တစ်စက္ကန့်နီးပါးလောက်ကွားခြားလာချိန်မှာ UTC နဲ့ UT1 ကိုညှိဖို့ ဆုံးဖြတ်ပါတယ်။ ဒီတစ်ကြိမ်နဲ့ဆိုရင် ၂၆ ကြိမ်မြောက် ညှိတာဖြစ်ပါတယ်။ Leap second ကို ဇွန် ၃ဝနဲ့ ဒီဇင်ဘာ ၃၁ တွေမှာ ထည့်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့နောက်ဆုံးတစ်ကြိမ်ကတော့ ၂၀၁၂ ဇွန်မှာဖြစ်ပါတယ်။

ဒီတစ်စက္ကန့်ကြောင့် IT ဖက်က Software/ OS တွေနဲ့ Online systems တွေဖက်မှာပြဿနာကြုံလာန်ိုင်တဲ့အတွက် သက်ဆိုင်ရာ Product Support တွေကဘယ်လိုပြင်ဆင်ရမယ်ဆိုတာတွေကို ထုတ်ပြန်ထားပါတယ်။ အများစုကတော့ ဘာမှသီးသန့်လုပ်နေစရာမလိုပါဘူး။ Product အတော်များများရဲ့ ဖြေရှင်းနည်းကတော့ အဲဒီရက်မတိုင်ခင် NTP ကိုဖြုတ် ဇူလိုင်၁ရက်မှာပြန်ထည့်ဆိုတဲ့နည်းပဲဖြစ်ပါတယ်။ Cisco ကိုထုတ်ပြန်ထားတဲ့ အသေးစိတ်ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

http://www.cisco.com/web/about/doing_business/leap-second.html#~ProductInformation

နမူနာအနေနဲ့ Nexus 5K ရဲ့ ဖြစ်နိုင်ချေပြဿနာနဲ့ဖြေရှင်းနည်းကိုလေ့လာကြည့်ပါ။

Symptom

When the leap second update occurs N5K NX-OS 5.0, 5.1 5.2 versions run an affected version of the Linux kernel. A Nexus 5010/5500 running affected code could experience a lock up condition.
If the N5K was stuck in hung state, mgmt0, in band management will not be possible.
If switch is hung in this state, the switch will need to be manually power cycled to recover.

Conditions:

With this issue in the Kernel Nexus 50×0/55xx running affected NX-OS may hit what is known as a kernel “livelock” under the following conditions:

a. When the NTP server pushes the update to the N5K NTPd client, which in turn schedules the updat to the Kernel. This push should have happened 24 hours before June 30th, by most NTP servers.
b. When the NTP server actually updates the clock.

Workaround:

Note all NX-OS 6.x and 7.x versions has fix for this issue. In 5.x NX-OS 5.2(1)N1(9) will also have fix. Note
Nexus 5010/5020 CANNOT be upgraded to NX-OS 6.x and 7.x versions.

On switches running affected code, following workaround can be used.
1)Remove NTP/PTP configuration on the switch at least two days prior to June 30, 2015 Leap second event date.

Example:

2)Add NTP/PTP configuration back on the switch after the Leap second event date(July 1, 2015)



ကိုဖြိုး



Saturday, 25 July 2015

အရေးကြီးတဲ့ အချိန်

လူတိုင်းအတွက် အချိန်ဟာအရေးကြီးတာ အကုန်လုံးသိကြပါတယ်၊ ဘာလုပ်လုပ်အချိန်မှန်ဖို့ အချိန်တိကျဖို့ကို လည်းအမြဲလိုလိုကြိုးစားကြရပါတယ်။ အထူးသဖြင့် ခရီးသွားတဲ့အခါမျိုး လေယာဉ်စီးဖို့ ရထားစီးဖို့ အခါမျိုးမှာ ပိုပီးဂရုစိုက်ကြပါတယ်။ နောက်ကြရင်နာပီလေ၊ ငွေထပ်ကုန်မယ် နောက်တရက် နောက်တချိန်ထပ်စောင့်ရမယ်၊ အလုပ်ပိုတွေလုပ်ရတော့မယ်။ ဒီတော့ဘယ်သူမှ နောက်မကြရဲဘူး၊ ဒါပေမယ့် ကိုယ်သုံးတဲ့ နာရီမှားနေရင်ကော။ ဒီတော့ ကိုယ့်နာရီကို တိကျသေချာတဲ့ အချိန်မှန်တဲ့ စံချိန်တခုခုနဲ့ညီအောင်တိုက်ထားဖို့တော့လိုပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆိုရင်တော့ Radio မြန်မာ့ အသံကနေ မနက်ဆိုရင် (၆နာရီထင်တယ်) ကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ်၊ မွန်းတည့်ချိန်ဆိုရင် မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီ ရှိပါပီဆိုတဲ့ စတဲ့အချိန်တွေမှာ ကိုယ့်နာရီကိုကြည့်ပီး မှန်မမှန် တိုက်ကြည့်လေ့ရှိပါတယ်။ အခုတော့ Internet ကနေပဲကြည့်ဖြစ်ကြလိမ့်မယ်လို့ထင်ပါတယ်။ Smart Phone တွေသုံးရင်တော့ Internet က Time Server တွေနဲ့ သူ့အလိုလိုချိန်ကိုက်ထားပေးတဲ့ အတွက် မှားစရာတော့မရှိပါဘူး။ နောက်ပိုင်း Smart Watch တွေခေတ်ရောက်လာတော့ အဲဒီ နာရီကပါ Time Server နဲ့ချိန်ကိုက်လို့ရပါတယ်။

IT ဖက်မှာလဲ အချိန်ဟာအရေးကြီးပါတယ်။ဘာကြောင့် အချိန်မှန်ဖို့လိုအပ်လဲဆိုရင် ဒီနမူနာအချက်တွေကို ကြည့်ရင်သိနိုင်ပါလိမ့်မယ်။ ဥပမာ Air Traffic control system ဆိုပါတော့ အချိန်တိကျမှုဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာသိနိုင်ပါတယ်။ နောက်တခုအနေနဲ့ဆိုရင် Online trading system ဆိုရင်လဲ မိနစ်ပိုင်းလောက်ကွာဟတာနဲ့တင် ရောင်းတဲ့ဝယ်တဲ့ဈေးကွာခြားပီး အရှုံးအမြတ်တွေ ကွာသွားနိုင်ပါတယ်။ ဒါတွေက အပြင်နဲ့နီးစပ်ပီး မြင်သာတဲ့အရာတွေပါ။ IT administration ဖက်မှာဆိုရင် လဲ email server အချင်းချင်း အချိန်ကိုက်ဖို့၊ အချိန်ကိုက်လုပ်လေ့ရှိတဲ့ schedule Backup တွေ၊ တခုခုဖြစ်ရင် ကြည့်ဖို့အတွက် Events တွေ၊ Logs တွေ၊ စတာတွေမှာလဲအချိန်မှန်ဖို့ အရေးကြီးပါတယ်။ Network ဖက်မှာဆိုရင်လဲ IP SLA တို့ Time-based ACL တို့တွေဟာ အချိန်ပေါ်မှာ မူတည်ပီးအလုပ်လုပ်ကြပါတယ်။ ဒါ့အပြင် Authentication Keys/ Certificates တွေရဲ့ သက်တမ်းကို ကြည့်ဖို့ Firewall ဖက်က Policy တွေ၊ Log တွေ စတာတွေအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ Lab လုပ်စဉ်မှာမလိုအပ်ပေမယ့် တကယ့်အလုပ်ထဲကြရင်တော့ မရှိမဖြစ်လိုအပ်ပါတယ်။ ပီးတော့ တိကျသေချာတဲ့ Time Server ကိုလည်း ခ်ျိတ်ဆက်ထားဖို့လိုပါလိမ့်မယ်။ အဲဒီအလုပ်ကိုတော့ NTP လို့ခေါ်တဲ့ Network Time Protocol ကလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

NTP အသုံးပြုပုံဟာ လွယ်ကူတယ်လို့ထင်ရပေမယ့် CCIE စာမေးပွဲအတွက်လေ့လာရာမှာတောင် NTP အကြောင်းကို ခေါင်းစဉ်တခုအနေနဲ့လေ့လာရပါတယ်။ Client/Server ပုံစံ၊ Peer နဲ့ Authentication လုပ်တဲ့ပုံစံ စသဖြင့် Configuration လုပ်တတ်ရပါတယ်၊ ပီးရင် Stratum level တွေကိုနားလည်ဖို့လဲလိုပါတယ်။ Stratum ဆိုတာကိုတော့ Reference clock level လို့ပြောလို့ ရပါတယ်။ Stratum 0 ဟာအတိကျဆုံး Reference clock ဖြစ်ပါတယ်။ Stratum level 1 server တွေက level 0 (radio clock/atomic clock) တွေကိုတိုက်ရိုက်ချိတ်ထားပီး ကျန်တဲ့ Server တွေက Stratum 1 server တွေကို Network ပေါ်ကနေတဆင့် ပြန်ပီး ချိတ်ဆက်ကြပါတယ်။ ဒီလိုအဆင့်ဆင့်ချိတ်ရင်းနဲ့ Stratum level တွေမြင့်သွားပါတယ်။ Cisco devices တွေမှာတော့ Default level 8 ဖြစ်ပါတယ်။ အခုချိန်အထိတော့ Level 0 time source ကိုမမြင်ဖူးသေးပါဘူး။ အလုပ်ထဲမှာတော့ Internet Router လို အပြင်နဲ့နီးကပ်တဲ့ Router ကအပြင်က Public NTP server တွေ ဒါမှမဟုတ် ISP ရဲ့ Time Server ကို Reference server အဖြစ်သုံးပီး အတွင်းက Network devices တွေ Servers တွေအားလုံးက အဲဒီ Router ကို NTP server အနေနဲ့ပြန်သုံးလေ့ ရှိပါတယ်။ အကုန်လုံးအပြင်ကို တိုက်ရိုက်သွားချိတ်တာ မဟုတ်ပါဘူး။ အပြင် NTP ကိုရွေးချယ်ရာမှာလည်း ကိုယ်နဲ့နီးတဲ့နေရာကို ရွေးကြပါတယ်။ ဒါမှသာ တခြား Latency/ Delay တွေကို ပူစရာမလိုပဲ ပိုမိုတိကျတဲ့ NTP server ရဲ့ အချိန်ကိုရနိုင်မှာဖြစ်ပါတယ်။

Internet ပေါ်မှာ အများသုံး Public NTP server တွေရှိပါတယ်။ ကိုယ်နဲ့နီးတဲ့နေရာက Server ကိုသုံးပေါ့၊ အများစုက ကျောင်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ နဲ့ ISP တွေကပေးထားတာဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အများသုံးအတွက် ရှိမရှိမသိပါ။ (သိတဲ့သူရှိရင် မှတ်ထားလို့ရအောင်IP ပြောပြပါ) ဒီလင့်မှာ Public NTP server IP တွေကို သိနိုင်ပါတယ်။

http://support.ntp.org/bin/view/Servers/WebHome

http://www.pool.ntp.org/zone/@

http://tf.nist.gov/tf-cgi/servers.cgi

နောက်တခုကတော့ အချိန်အကြောင်းပြောရင် Time Zone တွေကိုလဲသိထားရပါလိမ့်မယ်။ ကိုယ်အလုပ်လုပ်တဲ့နေရာက Time Zone (ဥပမာ SG GMT+8 MM GMT+6:30) စသဖြင့်သိထားသင့်ပါတယ်။ ကိုယ့်ရဲ့ Servers/Network devices တွေကိုလဲ Local Time zone တွေသတ်မှတ်ပေးထားတာကောင်းပါတယ်၊ တခုခုဆိုရင် ကိုယ့်အချိန်တိုင်း အလွယ်တကူ ရှာလို့ ကြည့်လို့ရတာပေါ့။ တခြားအဖွဲ့အစည်းတွေနဲ့ စကားပြောရမှာလဲ Local Time Zone ဒါမှမဟုတ် GMT နဲ့ပြောသင့်ပါတယ်။ ဒါမှသာ တဖက်ကအဖွဲ့အစည်းက သူတို့ရဲ့ Time Zone အတိုင်းပြောင်းပီး နားလည်နိုင်မှာလိမ့်မယ်။ နားလည်မှုမလွဲတော့ဘူးပေါ့။ အထူးသဖြင့် (ISP/ Carrier) အချင်းချင်း Maintenance ကိစ္စတွေပြောရာမှာတွေ့ရလေ့ရှိပါတယ်။

http://www.timeanddate.com/worldclock/myanmar/naypyidaw

ဒီအကြောင်းရေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အများစုဟာ NTP ရဲ့အရေးပါမှုကို လျော့တွက်လေ့ရှိကြပါတယ် ပီးတော့ သင်ကြားစဉ် Lab လေ့ကျင့်စဉ်မှာ မလိုအပ်ချက်ကြောင့် တကယ့်အလုပ်ထဲရောက်ရင် မေ့နေကြတတ်ပါတယ်။ ဘယ်လောက်တောင်ရှိလဲဆိုရင် Customer Network တခုမှာ Routing ပြဿနာအတွက် Logs တွေကြည့်ရာမှာ ပြနေတဲ့ Log က 2000 နှစ်ကLog ဖြစ်နေပါတယ်။ Clock ခေါ်ကြည့်တော့လဲ 2000 ပါပဲ၊ ၁၅ နှစ်လောက်ပြန်ငယ်သွားတာပေါ့။ :)နောက်ပီးတော့ ကျွန်တော်တို့ မြန်မာပြည်ဟာလဲ အရင်လိုသီးခြားမဟုတ်တော့ပဲ နိုင်ငံတကာနဲ့ ဆက်သွယ်မှုတွေဖြစ်လာနေပါပီ ဒီတော့ အလုပ်အတူလုပ်ရတဲ့ကိစ္စတွေမှာ အချိန်ဟာ အမြဲလိုထည့်ပြောရမယ့်အရာတခုဖြစ်တဲ့အတွက် NTP ဟာသိထားသင့်တဲ့အရာလိုဆိုရင်လဲ မမှားပါဘူး။ မြန်မာပြည်မှာလဲ ပြည်တွင်းက ရုံးတွေ အလုပ်တွေအတွက် IT ပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေမှာ အသုံးပြုဖို့အများသုံး Public NTP server တွေရှိလာရင်လဲ ပိုကောင်းတာပေါ့။

အချိန်မှန်ကြပါစေ။



ကိုဖြိုး