OSPF ကို PE-CE Protocol အဖြစ်နဲ့အသုံးပြုမယ်၊ CE Router တစ်လုံးဟာ Dual-homed အနေနဲ့ PE Router နှစ်လုံးကိုချိတ်ဆက်ထားခဲ့မယ်ဆိုရင် ဖြစ်လာနိုင်ခြေရှိတဲ့ Loop ကို OSPF ရဲ့ LSA Option ကိုအသုံးပြုပြီးကာကွယ်ထားပုံကိုလေ့လာကြည့်ရအောင်။ OSPF အကြောင်းနဲ့MPLS အခြေခံတွေကို မသိသေးရင်တော့ ဖတ်ရတာသိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။
အောက်ကပုံမှာကြည့်လိုက်ရင် CE1 ဖက်က ပို့လိုက်တဲ့ Route ဟာ MPLS backbone ကနေPE2 ကနေတဆင့် CE2 ကို ရောက်သွားမယ် အဲဒီကမှ PE3 ကိုပြန်ရောက်သွားမယ်၊ PE3 ကနေ အဲဒီRoute ဟာဘယ်ကလာတယ်ဆိုတာသေချာမသိပဲ MP-BGP အထဲကို ပြန်ထည့်မယ် ဆိုခဲ့ရင် Loop ဖြစ်သွားနိုင်တာပေါ့၊ ဒီလိုမဖြစ်ရအောင် PE Router တွေဟာ MPLS ကအခွံချွတ်ထွက်လာမယ့် OSPF Routes တွေမှာ DN bit ထည့်ပေးလိုက်ပါတယ်။ CE ကနေပြန်လာတဲ့ LSA အထဲမှာ DN bit ပြန်ပါလာခဲ့ရင် အဲဒီ LSA ကို အသုံးမပြုတော့ပါဘူး၊ OSPF calculation မှာမပါတော့သလို MP-BGP အထဲကိုလည်း ပြန်ထည့်စရာအကြောင်းမရှိတော့ပါဘူး။ ဒီနည်းနဲ့Loop မဖြစ်အောင် ကာကွယ်ထားပါတယ်။ သီးသန့် Configure လုပ်စရာမလိုပဲ OSPF ကို PE-CE protocol အဖြစ်သုံးလိုက်တာနဲ့ ပါလာမယ့် နည်းပညာဖြစ်ပါတယ်။ PE တစ်လုံးကိုသာ ချိတ်ဆက်ထားတဲ့ နေရာမျိုးမှာတော့ Loop ဖြစ်နိုင်ခြေမရှိလောက်ပါဘူး။
DN bit ပါမပါဘယ်လိုကြည့်ရမလဲဆိုရင်တော့ Show ip ospf database summary ဆိုပြီးခေါ်ကြည့်လိုက်ရင် LSA Option ဆိုတဲ့နေရာမှာ Downward ဆိုပြီးတွေပါလိမ့်မယ်။ ဒါဆိုရင် DN bit ထည့်ပေးထားတယ်ဆိုတာသိသာတာပေါ့။ အဲဒီမှာ နောက်ထပ်သတိထားမိတာတစ်ခုကတော့ PE Router တွေမှာ DN bitကိုထည့်လိုက်ပြီးတာနဲ့ Routing bit ကိုတပြိုင်တည်းမှာ Disable လုပ်လိုက်ပါတယ်။ Routing bit ဟာ LSA အထဲမှာတွဲပါလာတာ မဟုတ်ပဲ IOS ကနေထပ်မံထည့်ပေးလိုက်တဲ့ အမှတ်အသားဖြစ်ပါတယ်။ အဲဒါဘာကိုဆိုလိုတာလဲဆိုရင် အဲဒီ Route ဟာအသုံးပြုလို့ရတယ် Valid route ဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်။ MPLS PE မဟုတ်တဲ့ ရိုးရိုး OSPF Network တွေမှာဆိုရင် LSA တွေကို ခေါ်ကြည့်လိုက်ရင် Option ရဲ့အပေါ်မှာ Routing bit set on this LSA ဆိုပြီးတွေ့ကြပါလိမ့်မယ်။ OSPF Database ကိုအသုံးပြုသူတိုင်းခေါ်ကြည့်ဖူးပါလိမ့်မယ်။ ဒီတော့ Routing bit ဟာ MP-BGP နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့တော့ ပြောလို့မရပါဘူး။ ဒါကြောင့်လဲ ဆွေးနွေးချက်တွေ၊ ဖိုရမ်တွေမှာ MPLS PE-CE ကိစ္စတွေမှာ သူ့ထက်စာရင် DN bit အကြောင်းကိုပဲ အလေးထားပြောကြပါတယ်။
R1# show ip ospf database summary
OSPF Router with ID (11.11.11.11) (Process ID 1)
Summary Net Link States (Area 0)
Routing Bit Set on this LSA
LS age: 149
Options: (No TOS-capability, DC, Downward)
LS Type: Summary Links(Network)
Link State ID: 4.4.4.4 (summary Network Number)
Advertising Router: 192.168.1.2
LS Seq Number: 80000001
Checksum: 0x989C
Length: 28
Network Mask: /32
TOS: 0 Metric: 11
အောက်က လင့်မှာအသေးစိတ်ရှင်းပြထားပါတယ်။
http://www.cisco.com/c/en/us/support/docs/ip/open-shortest-path-first-ospf/118800-configure-ospf-00.html
ကိုဖြိုး
Showing posts with label MPLS. Show all posts

Sunday, 11 October 2015
Saturday, 25 July 2015
VRF
MPLS VPN နဲ့အမြဲလိုတွဲနေတာကတော့ VRF (Virtual Routing and forwarding) ဖြစ်ပါတယ်။ PE Router တွေမှာ Customer တစ်ဦးစီအတွက် သီးခြား Routing table တွေကို VRF သုံးပီးခွဲထားလေ့ရှိပါတယ်။
ဒါကြောင့်လဲ Customer တွေရဲ့IP subnet တွေဟာတူနေခဲ့မယ်ဆိုရင်တောင် ပြဿနာမရှိပဲ သီးသန့်ရှိနေလို့ရတာပေါ့၊ အဲဒီလိုမှမဟုတ်ရင် Customer တစ်ဦးစီအတွက် PE Router တစ်လုံးလိုနေမှာပေါ့၊ ဒီတော့ VRF ဆိုတာဘာလဲ၊ MPLS VPN အပြင် တခြားဘယ်နေရာတွေမှာသုံးသေးလဲ ကြည့်ရအောင်။
Router တွေမှာပုံမှန်ကတော့ Global Routing table တစ်ခုပဲသုံးပီး ရှိသမျှ Interface တွေအားလုံးဟာလဲ Global setting အောက်မှာပဲရှိပါတယ်၊ VRF သုံးမယ်ဆိုရင် ပထမဆုံး VRF တွေကို အမည်ပေးပီးထည့်၊ အသုံးပြုမဲ့ Interface တွေကို အဲဒီ VRF အောက်မှာ တွဲပေးရပါတယ်။ ဒါဆိုရင် အဲဒီ Interface တွေဟာ Global setting မှာမရှိတော့ပဲ သီးသန့် VRF အောက်မှာရောက်သွားပါတယ်၊ Routing table ဟာလဲ အဲဒီ VRF အတွက်သီးသန့်ဖြစ်သွားသလို Routing/Frowarding အဆုံးအဖြတ်အတွက်လဲ Global Routing/Forwarding နဲ့လုံးဝကွဲပြားသွားပါတယ်၊ ဒီတော့ အဲဒီ Interface တွေမှာ IP address ကို ကြိုက်သလို အသုံးပြုလို့ရတာပေါ့၊ (VRF မခွဲထားရင် Router interfaces တွေမှာ Subnet တူတာ အသုံးပြုလို့မရပါဘူး။) နောက်တစ်မျိုးပြောရရင်တော့ Physical Router တစ်လုံးပေါ်မှာ Virtual Routers တွေခွဲသုံးတဲ့သဘောပါ၊ Configuration ပိုင်းအရလဲ Router တစ်လုံးစီမှာ Configure လုပ်ရသလို သီးသန့်လုပ်ရပါတယ်၊ Global configuration နောက်မှာ vrf ဆိုတာထည့်ပီးသုံးရပါတယ်၊ ဒါကိုတော့ vrf aware configuration တွေလို့လဲဆိုနိုင်ပါတယ်။ Virtual Router လို့ဆိုပေမယ့်လဲ server VM တွေမှာလို CPU/MEM တွေကိုတော့သီးသန့်ခွဲသုံးတာမဟုတ်ပါဘူး၊ Routing နဲ့ Forwarding Instance ကိုပဲအဓိကခွဲထားတာပါ။ Layer 3 အနေနဲ့ပြောရရင်တော့ VRF ဟာ Network Virtualization လို့လဲပြောလို့ရပါတယ်။ အခုလောက်ဆို VRF ရဲ့သဘောကို သိလောက်ပီလို့ထင်ပါတယ်။
MPLS VPN မှာဆို VRF အချင်းချင်းခွဲခြားဖို့RD (Route distinguisher) နဲ့VRF အချင်းချင်းစကားပြောဖို့ Route Target တွေကိုသေချာသတ်မှတ်ဖို့လိုပါတယ်၊ အဲဒါတွေပေါ်မှာမူတည်ပီး Import/Export configuration တွေနဲ့ သုံးရပါတယ်။ VRF အပြင် VRF-Lite ဆိုတာလဲရှိပါသေးတယ်၊ သဘောတရားကတော့အတူတူပါပဲ ဒါပေမယ့် သူကတော့ MPLS VPN နဲ့တွဲသုံးစရာမလိုပဲ Network Isolation/ Path isolation အနေနဲ့သုံးလေ့ရှိပါတယ်။ ဒီတော့ VRF-Lite မှာ Route Target တွေဘာတွေက သိပ်အရေးမကြီးပါဘူး၊
Customer Network တစ်ခုမှာသုံးထားပုံကတော့ Monitoring/Management လုပ်ဖို့အတွက် သီးသန့် VRF ခွဲထားပါတယ်၊ ဒီတော့ Monitoring/Management Traffic ဟာ Production traffic တွေနဲ့မရောပဲ သီးသန့်အသုံးပြု လို့ရတာပေါ့၊ ပုံမှန် Trust Network အထဲမှာ ရှိတဲ့ Device တွေကို Monitor/Manage လုပ်ရာမှာ မထူးပေမယ့် DMZ/Firewall Zone က Device တွေကို Firewall ကနေဖြတ်မသွားစေပဲ VRF နဲ့သပ်သပ် ဆက်သွယ်လို့ ရတာပေါ့။ VRF ခွဲထားတဲ့အတွက် Firewall Zone မှာရှိတဲ့ Device တွေအနေနဲ့လဲ Trust Network အကြောင်းကို မသိတော့ဘူးပေါ့၊ နောက်တစ်ခုက Monitoring/Management လုပ်တဲ့ Network ဟာ Outsource ပေးထားတဲ့ တစ်ခြား
အဖွဲ့အစည်း တစ်ခုကဆိုရင် သူတို့Network နဲ့Company Network နဲ့လဲ ခွဲခြားပီးသားဖြစ်သွားတာပေါ့။ နောက်တစ်မျိုးကတော့ Internal Network နဲ့ Guest Network ခွဲတဲ့အခါမှာလဲ အသုံးပြုလေ့ရှိပါတယ်၊ အပြင်ကလာသူတွေကို Internet ပေးသုံးချင်ရင် သီးသန့် Guest Network ပေးသုံးထားတဲ့အတွက် ကိုယ့်ရဲ့အတွင်းက Network ကိုဘယ်လိုမှ သိစရာ မရှိဘူးပေါ့။
နောက်ဆုံးတစ်ခုကတော့ VRF ဟာ Virtualization တို့၊ခုနောက်ပိုင်းခေတ်စားနေတဲ့ SDN (Software-Defined Networking) စတာတွေနဲ့သဘောတရားချင်းဆက်နွယ်နေတဲ့အတွက် သူရဲ့အခြေခံကို သိထားရင် နောက်ပိုင်း နည်းပညာတွေလေ့လာရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

သိထားသင့်တဲ့ MPLS အခေါ်အဝေါ်များ
MPLS အသုံးပြုပုံကို သိထားပီဆိုရင် သူ့ရဲ့နည်းပညာပိုင်းကို ဆက်ပီးလေ့လာချင်စိတ်ပေါ်လာမယ်လို့ထင်ရတာပဲ၊ ဒါပေမယ့် သူ့ရဲ့အခေါ်အဝေါ်တွေကြောင့် စဖတ်တဲ့အခါအနည်းငယ် ရှုတ်ထွေးနိုင်ပါတယ်၊ ဒီတော့ အဲဒါတွေ ကိုအကြမ်းမျဉ်းလောက် သိထားရင် လေ့လာရာမှာ အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။
MPLS ဟာ Label တွေကိုအသုံးပြုပီး Data Forwarding ကိုဆုံးဖြတ်ပေးတဲ့ Packet Forwarding နည်းပညာ တစ်ခုဖြစ်ပါတယ်။ Label ဆိုတာက Layer 2 Header နဲ့ Layer 3 Header ကြားမှာ ထည့်ထားတဲ့ အမှတ်အသားတစ်ခုလို့ဆိုနိုင်ပါတယ်၊ သူ့အပေါ်မူတည်ပီး ဘယ် packets တွေဟာ ဘယ် FEC (Forwarding equivalence Class) အောက်မှာ သတ်မှတ်ထားတယ်၊ ဘယ် LSP (Label switched path)နဲ့ သက်ဆိုင်တယ်ဆိုတာ သိရတာပေါ့၊ Layer 2 နဲ့ 3 ကြားမှာရှိလို့MPLS ကို Layer 2.5 မှာ အလုပ်လုပ်တယ်လို့လဲဆိုကြပါတယ်။
အဲဒီလို Label တွေကိုအသုံးပြုတဲ့ Router တွေကို LSR (Lable Switched Router) လို့ခေါ်ပါတယ်။ Provider ရဲ့MPLS Backbone Network ဟာအဲဒီ LSR တွေနဲ့တည်ဆောက်ထားပါတယ်၊ Backbone အတွင်းမှာရှိတဲ့ LSR တွေကို Transit router လို့လဲခေါ်ပါတယ်၊ Backbone ရဲ့အစပ်က LSR ကိုတော့ LER (Label Edge Router) လို့ခေါ်ပါတယ်၊LER တွေဟာ ရိုးရိုး Routing သုံးတဲ့Router တွေ နဲ့ချိတ်ဆက်ထားလေ့ရှိသလို Customer ဘက်မှာ ရှိတဲ့ Router တွေနဲ့ လဲတိုက်ရိုက်ချိတ်ထားလေ့ရှိပါတယ်။ MPLS VPN Network မှာတော့ Transit router တွေကို P router (Provider) လိုခေါ်လေ့ရှိပီး LER တွေကိုတော့ PE Router (Provider Edge) လို့ခေါ်ပါတယ်၊ Customer ဘက်က Router/Device ကိုတော့ CE (Customer Edge) လို့ပြောပါတယ်။ ဒါပေမယ့် CE ဟာရိုးရိုး Routing ကိုပဲသိပါတယ် MPLS ကိုသိစရာမလိုပါ၊ P နဲ့ PE ကြား Label information တွေဖလှယ်ဖို့ကိုတော့ LDP လို့ခေါ်တဲ့ Label Distribution Protocol ကလုပ်ဆောင်ပေးပါတယ်၊ ဒီတော့ MPLS router အချင်းချင်းဟာ LDP neighbour တွေလဲဖြစ်ဖို့လိုတာပေါ့၊
အဲဒီမှာမှ PE/Edge Router တွေကို Traffic direction ပေါ်မူတည်ပီး Ingress/Egress router လို့လဲခေါ် ကြပါတယ်၊ နောက်တခါ LSR တွေအားလုံးမှာ သူတို့Advertise လုပ်တဲ့ Prefix နဲ့ flow direction ပေါ်မှာ Upstream/ Downstream Router တွေအနေနဲ့လဲ ခွဲခြားလို့ရပါတယ်။ ဒီတော့ အဲဒီအခေါ်ဝေါ်တွေကို အသေမှတ်မထားပဲ သူတို့ရဲ့အသုံးပြူပုံ၊ ပါဝင်ပက်သက်ပုံပေါ်မူတည်ပီး ကိုယ်ကနားလည်မယ်ဆိုရင် ပိုကောင်းတာပေါ့၊ MPLS Backbone တစ်ခုရဲ့ပုံကိုကြည့်ပီး ဘယ်Router ကတော့ ဘာအလုပ်လုပ်မယ်၊ သူဟာ P လား၊ PE လား၊ LSR/TR လား၊ LER/Ingress/Egress လားစသဖြင့်သိပီဆိုရင် ဘယ်လို Configure လုပ်သင့်သလဲ၊ Trousbleshooting လုပ်ရမလဲဆိုတာ လွယ်ကူလျင်မြန်စွာ ဆုံးဖြတ်နိုင်တာပေါ့၊
အခုလို ပုံချဆွဲလိုက်ရင်ပိုပီး မြင်သွားပါလိမ့်မယ်၊
CE—> PE1—> P1—> P2—> PE2—> CE
PE1 ကနေ PE2 အထိဟာ Provider ရဲ့MPLS Network ဖြစ်တယ်၊
PE1/PE2 တို့ဟာ Edge router ပေါ့၊ ဒီတော့ P1/P2 ဟာ LSR/ transit router တွေပါ၊
အဲဒီ P Router အားလုံးမှာ LDP သုံးပီး အချင်းချင်း LDP peer တွေအဖြစ်ရှိကြပါတယ်၊ LDP information ပေါ်မူတည်ပီး LSP (Path) တွေတည်ဆောက်တယ်၊ Data တွေဟာ LSP အပေါ်မူတည်ပီး သွားကြတယ်၊ပီးတော့ ဘယ်ဘက်က CE က 192.168.1.0/24 ဆိုတဲ့ Prefix ကို Advertise လုပ်တယ်ဆိုပါတော့ PE1 ဟာစပီး Label ထည့်ပီးတော့ P1ကို Advertise လုပ်ပါတယ်၊ ဒီမှာ PE1 ဟာ Ingress Router ဖြစ်သွားတာပေါ့၊ဒီတော့ 192.168.1.0/24 prefix အတွက် PE1 ဟာ P1ရဲ့Downstream LSR ဖြစ်ပီး၊ P1 ဟာ PE1 ရဲ့Upstream LSR ဖြစ်သွားပါတယ်၊
အခုလောက်ဆို MPLS ရဲ့အစိတ်အပိုင်းတွေ၊ အခေါ်အဝေါ်တွေကို သိလောက်ပီထင်ပါတယ်၊ Theory ပိုင်းနဲနဲလောက်ထပ်ဖတ်လိုက်ရင် MPLS ရဲ့အခြေခံကိုနားလည်နိုင်ပါပီ၊ ဒါမှနောက်ထပ် MPLS Tunneling၊ MPLS VPN နဲ့ MPLS Trafffic Engineering စတာတွေကို လေ့လာရာမှာလွယ်ကူသွားမှာပါ။

MPLS ကိုဘာကြောင့်သုံးကြသလဲ
MPLS
(Multi-Protocol Label Switching) အကြောင်းကိုလေ့လာရာမှာ Theory ကိုတန်းပီးလေ့လာတာထက်
အသုံးပြုပုံကိုအပေါ်ယံလောက်သိထားရင် ပိုပီးတော့မြင်သာမယ်ထင်တာပဲ။
ဒီတော့ ဘာကြောင့်
MPLS ကိုသုံးကြလဲဆိုတာ သိရအောင် အခြေခံအချက်တစ်ချို့ကိုကြည့်ကြရအောင်။
အသုံးပြုပုံကို
MNC (Multinational Corporation) တွေဘက်ကနေကြည့်ရရင်၊ MNC တွေရဲ့ရုံးတွေဟာ နေရာအနှံ့အပြားမှာရှိကြတဲ့အတွက်
ရုံးအချင်းချင်းကိုချိတ်ဆက်ရာမှာအဲဒီနိုင်ငံတွေရဲ့Infrastructure,
service provider တွေကပေးနိုင်တဲ့service ပေါ်မှာ မူတည်ပီး လိုအပ်သလို ရွေးချယ်ပီး
သုံးကြရပါတယ်၊ အဲဒီ services တွေပေါ်ကနေပီး ကိုယ်ပိုင် (Virtual Private Network) တွေတည်ဆောက်ရပါတယ်။
IPLC
(International Private Leased Circuit) တွေနဲ့ချိတ်ဆက်ကြသလို Internet ပေါ်ကနေ
GRE/ IPsec လို Tunnel/IP-VPN တွေနဲ့လဲသုံးကြပါတယ်။ ဒီလိုချိတ်ဆက်မှုတွေဟာ အရေအတွက်
များလာတဲ့အချိန်မှာ သိပ်အဆင်မပြေတော့တာတွေ့ရပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလိုချိတ်ဆက်မှုတွေဟာ
Point to point တိုက်ရိုက်ချိတ်ဆက်မှုမှာ အခြေခံထားတော့ ဥပမာ ရုံးခွဲ ၆ ခုလောက်ကို
Full-Mesh ချိတ်ဖို့အတွက်ဆို N(N-1)/2 ဖြစ်တဲ့အတွက်
Link/ Tunnel ၁၅ ခုလိုပါလိမ့်မယ်။ Multipoint GRE တို့DMVPN (Dynamic Multipoint
VPN) တို့သုံးရင်တော့ ပိုကောင်းတာပေါ့ ဒါပေမယ့် ရုံးအသစ်တစ်ခုထပ်တိုးတိုင်း လိုက်ပီးတော့
ပြင်ဆင်ရမယ့် အနေအထားကတော့ သိပ်လွယ်မယ်မထင်ပါဘူး။
နောက်တစ်ခုက
service quality, security and management ပါ၊ Provider တွေဟာ Internet service ကို
end to end QOS မပေးနိုင်ပါဘူး၊ ဒီတော့ Voice/Video တို့လို traffic တွေအတွက်
Internet service ပေါ်မှာ Quality ကောင်းကောင်းနဲ့ အသုံးပြုဖို့မလွယ်ပါဘူး၊
Mangement အရလဲ Connection ပေးတာကလွဲပီး Provider ကဘာမှပါဝင်ပက်သက်ခြင်းမရှိပါဘူး။
Customer ကိုယ်ပိုင် configuration ပိုင်းကို ကိုင်တွယ်ရတာကောင်း ပေမယ့် တစ်ခုခုဖြစ်ရင်
Provider ဘက်ကနေဘာမှ အကူအညီပေးနိုင်မှာ မဟုတ်ပါဘူး၊Security ပိုင်းအရလဲ တစ်ခြား
Internet traffic တွေနဲ့ရောနေတဲ့အတွက်
DDOS လိုဟာမျိုးထိတဲ့ အချိန် မှာ Congestion တွေကြောင့် VPN Tunnel တွေကို ထိခိုက်နိုင်ပါတယ်။
အဲဒီပြဿနာတွေ ပြေလည်ဖို့ရာအတွက် MNC တွေဟာ MPLS service ကိုရွေးချယ်လာကြပါတယ်။ MNC
တွေအနေနဲ့ကိုယ့်ရဲ့ရုံး ကနေ MPLS service provider ကိုချိတ်ဆက်ဖို့Circuit တစ်ခုပဲ
လိုပါတော့တယ်။ ကျန်တဲ့အပိုင်းတွေကို Provider က MPLS နည်းပညာကိုအသုံးပြုပီး စီစဉ်ပါလိမ့်မယ်။
ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာ Provider တွေရဲ့MPLS PoP တွေမရှိရင်တော့ Internet ပေါ်က
IP-VPN တွေကိုပဲ သုံးရတာပေါ့။
ခြုံပြောရရင်တော့
ဒီအချက်လက်တွေဟာ MPLS service သုံးရခြင်းရဲ့အားသာချက်တွေဖြစ်ပါတယ်။
–
Better Service quality from Provider/ Higher SLA
–
Quality of service/ Traffic Engineering
–
Security/ Privacy
–
Flexibility/ Future expansion
–
Management
–
Scalability
–
Lower cost
အခုလောက်ဆို
MPLS ကိုဘာကြောင့်သုံးရလဲ ဘာနေရာမှာသုံးတာလဲဆိုတာသိနိုင်ပါပီ၊ ဒီတော့ Theory နဲ့Configuration
ပိုင်းကိုလေ့လာရာမှာ ခုနကပြောခဲ့တဲ့ဟာတွေကို MPLS နည်းပညာသုံးပီး ဘာကြောင့် ဘယ်လို
ပေးနိုင်တယ်ဆိုတာဆက်စပ်လေ့လာလို့ရတာပေါ့၊ဒါပေမယ့် သေချာနားလည်ဖို့ရာအတွက် BGP/
Routing/ Route distribution/ VRF စတာတွေသိထားရင် ပိုကောင်းပါလိမ့်မယ်။
ကိုဖြိုး
Subscribe to:
Posts (Atom)