Showing posts with label MQC. Show all posts
Showing posts with label MQC. Show all posts

Saturday, 25 July 2015

MQC (Cisco Modular QoS CLI) ရေးဖို့ဘာလိုလဲ



QOS ရဲ့သဘောတရားကိုအခြေခံလောက်နားလည်ထားပီဆိုရင် MQC framework ကိုသုံးပီး Policy တွေရေးလို့ရပါပြီ။ MQC မှာအဓိက အဆင့် ၃ဆင့်ပဲရှိပါတယ်။

1. Define a class-map (လိုအပ်ချက်ပေါ်မူတည်ပီး အုပ်စုခွဲမယ်)
2. Define a policy-map (ဘယ်အုပ်စုကို ဘာလုပ်မယ်ဆိုပီး Policy သတ်မှတ်မယ်)
3. Apply the policy-map (Traffic flow ပေါ်မူတည်ပီး Interface တွေမှာ အသုံးပြုမယ်)

Router(config)# class-map class1
Router(config-cmap)# match access-group 101
Router(config)# policy-map policy1
Router(config-pmap)# class class1
Router(config-pmap-c)# bandwidth 3000
Router(config)# interface fastethernet1/0/0
Router(config-if)# service-policy output policy1

သူရဲ့Framework အရ ၃ဆင့်ပဲလိုတယ်၊ ACL နဲ့Bandwidth ကိုသုံးတတ်ရင် စရေးလို့ရပါပီ၊
ဒါပေမယ့် Class-map/Policy-map တို့ရဲ့Elements တွေကိုသိထားရင်တော့ကောင်းတာပေါ့၊
Class-map မှာဘာတွေ Match လုပ်လို့ရလဲ၊ Policy-map မှဘာ Action တွေသုံးလို့ရလဲ။
Class-map မှာ protocol ကို Match လုပ်ချင်ရင် NBAR လိုတာမျိုး၊
Policy-map မှာ သုံးတဲ့ Priority/ Bandwidth/ Police/ Shape ဘာကွာလဲ၊
နောက်ပီးတော့ Traffic identification/classification/ Marking အတွက် DSCP/ IP Precedence တွေအကြောင်း၊

အဲဒီလောက် သိထားပီဆိုရင် လုပ်ငန်းခွင်ထဲမှာ အတော်အလုပ်ဖြစ်ပါတယ်။
အကုန်လုံးကို တပြိုင်ထဲလေ့လာရာမှာ အခက်အခဲရှိနိုင်တဲ့အတွက် တဆင့်ခြင်း လေ့လာခြင်းဟာ အကောင်းဆုံးလို့အကြံပေးချင်ပါတယ်၊
ဒီလိုမှ မဟုတ်ရင် QOS ကို မဖတ်ချင်လောက်အောင်ဖြစ်သွားတတ်ပါတယ်။
ဒီ Link တွေမှာ အထက်ကပြောခဲ့တာတွေလေ့လာနိုင်ပါတယ်။

MQC

Bandwidth vs Priority

DSCP and Precedence value

Traffic Policing and Traffic shaping

NBAR

စမ်းသပ်ချင်တယ်ဆိုရင် Router ၃လုံးကိုဆက်ပီးချိတ်၊ အလယ်က Router ရဲ့Outbound interface မှာ Policy-map ကို Apply လုပ်၊
တဖက်က Router ကို Source အနေနဲ့ထား၊ တခြားဖက်က Router ကို Destination အဖြစ်နဲ့ထားပီး စမ်းကြည့်ပေါ့၊
Show policy-map interface နဲ့ကိုယ်စီစဉ်ထားတဲ့ Class ထဲဝင်ရဲ့လား၊
Policy-map အလုပ်လုပ်ရဲ့လားဆိုတာ Packet count ကိုကြည့်ပီးသိနိုင်ပါတယ်။

ကိုဖြိုး

မညီမျှခြင်းများအတွက် QOS (Quality of service)



QOS ဟာလုပ်ငန်းခွင်အတွက် အလွန်အရေးပါသလို လေ့လာရာမှာလဲ သိပ်မလွယ်ကူတဲ့ အရာတခုဖြစ်ပါတယ်။ ကိုယ်တိုင်လည်းအခုချိန်အထိ တခါတရံမှာ ရုံးကန်နေရဆဲပါပဲ။ User အနေနဲ့ QOS ဆိုတာမမြင်သာပေမယ့် Network Admin တစ်ယောက်အနေနဲ့ ကိုယ့် Network အထဲမှာData တွေတစ်နေရာမှ တစ်နေရာကို ဘယ်လိုသွားနေသလဲဆိုတာ သိသင့်ရုံတင်မက လိုအပ်လာရင် လိုသလိုစီမံတတ်ဖို့လဲလိုပါတယ်၊ အဲဒီလိုမှ မဟုတ်ရင် ၂လမ်းသွားလမ်းကျဉ်းတခုမှာ ပုလိပ်နဲ့စည်းကမ်းမထားပဲ စက်ဘီး၊ဆိုက်ကား၊ကား၊ဘစ်နဲ့ဆေးရုံကားတို့ကို သွားချင်သလိုသွားနေတာကို ဘေးကရပ် ကြည့်နေရတဲ့လူလို ဖြစ်နေတော့မှာပေါ့၊ ၆လမ်းသွားလမ်းမှာဆိုရင်တော့ ဘာအရေးလဲ၊ သိပ်ပြဿနာမရှိဘူးပေါ့၊ ဒီလိုပဲ Network မှာ Bandwidth နဲတဲ့ Link တွေဖြစ်တဲ့ WAN Link (Congestion ဖြစ်နိုင်တဲ့) တွေမှာ Data တွေဖြစ်သလိုသွားခိုင်းမယ့်အစား QOS သုံးပီး ကိုယ်လိုချင် တဲ့ပုံစံအတိုင်း စီမံထားမယ်ဆိုရင် အကောင်းဆုံးပေါ့။ Network မှာတော့ Network Admin တွေဟာ Traffic Police တွေပါပဲ။

အပြင်မှာ ခုနကပြောတဲ့ ယာဉ်တွေကို ခွဲခြားသလိုမျိုး Data တွေကိုလဲ ခွဲခြားရပါတယ်၊ အဲဒါကို Identification and Classification လို့ပြောပါတယ်၊စက်ဘီးတို့လိုအနှေးယာဉ်တွေကတစ်စု၊ Taxiတွေအိမ်သုံးကားတွေကတစ်စု၊ VIP တွေဆေးရုံကားတွေကတစု ဆိုပီးအုပ်စုဖွဲ့ထားသလို Network မှာလဲ Voice တို့Video ကတစ်စု၊ သာမန် Web access လို အရေးမကြီး တာတွေက သပ်သပ်ဆိုပြီး ထားလိုရပါတယ်၊
ဒါကို QOS config မှာ Class Map တွေနဲ့စုဖွဲ့ထားလေ့ရှိပါတယ်။ အဲဒီ Class Map တွေကို ကိုယ့်ရဲ့Network ပေါ်မှာမူတည်ပီး ဘယ် Traffic ကတော့ဘယ်လိုသွားရမယ် ဆိုတာ Policy Map ရေးပီး အသုံးပြုမည့် Interface မှာ တွဲပေးရပါတယ်၊ အပြင်မှာ Bus လမ်းကြောင်း သတ်မှတ်ပေးထားတာမျိုး၊ ဆေးရုံကားတို့၊ VIP တို့သွားရင်သူတို့ကိုဦးစားပေးရတာမျိုးပေါ့၊

ဒါပေမယ့် ဘယ်ကားကဘာဆိုတာသိမှ Class ခွဲရမှဆိုတော့ အမှတ်အသားတွေကို အရင်သိရမှာပေါ့၊ ဆေးရုံကားဆို Red Cross ပါတာ၊ Taxi ဆိုတာပါမှ Taxi လားအိမ်သုံးကားလားခွဲလို့ရမှာ အဲဒါမျိုးတွေကို Network မှာ Identification/ Marking/ Coloring အပိုင်းလို့ပြောရမှာပေါ့၊ တစ်ချို့Data တွေဟာ Source ကထွက်လာထဲက အဲဒီ Mark တွေပါလာသလို(ဥပမာ Voice traffic) ဘာမှမပါလာတဲ့ Data တွေကိုလည်း လိုချင်တဲ့ Mark တွေလဲ ပေးလို့ရပါတယ်၊
ဘာနဲ့တူမလဲဆိုရင် Audi အမည်းရောင် အချို့ကို VIP ကားအဖြစ်သတ်မှတ်ထားတာမျိုး (အခုတော့ဘာတွေကစီးနေကြလဲမသိပါ၊ အရင်ကဖြစ်ပါသည်) :)
နောက်တခုက Red Cross တွေ့တာနဲ့လမ်းကပုလိပ်တွေ ၊ လူတွေက ဒီကားဟာဆေးရုံကား ဆိုပီး သတ်မှတ်သလားဆိုတော့လဲ မဟုတ်ပါဘူး၊ ကားပုံစံကိုလဲကြည့်ကြမှာပေါ့၊ ၂ယောက်စီး ပြိုင်ကားမှာ Red Cross တပ်ထားရင်ဘယ်သူမှ ဖယ်ပေးမှမဟုတ်ပါဘူး၊ ဒီတော့ ယုံကြည်မှုကလဲပါသေးတယ်၊
ဒါကိုတော့ Switch port တွေမှာ Trust ထားတာမျိုး လို့ဆိုရပါလိမ့်မယ်။
(ဥပမာ Cisco phone နဲ့ချိတ်ထားတဲ့ Switchport တွေမှာ Trust COS/Cisco phone တို့သုံးထားတာမျိုး )

Cisco Phone ဟာ Data စပို့ထဲက COS/DSCP Value တွေထည့်ပေးပီး သူ့ဆီက Traffic ကို သိသာအောင် ပေးပို့ပါတယ်။ ဒီတော့ Switch port က Trust လုပ်ပီးတော့ အသိအမှတ်ပြုလိုက်ပါတယ်။
အဲဒီ Traffic ကို Router ကတွေ့ရင် ဘာဆိုတာသိပီး သတ်မှတ်ထားတဲ့ Class Map တွေ Policy Map တွေမှာလိုအပ်သလို စီစဉ်ပေးမှာဖြစ်ပါတယ်။

ဒီတော့ QOS Policy တစ်ခုရေးဖို့အတွက် အပေါ်ကပြောခဲ့တဲ့ဟာတွေ အားလုံး သိမှ အလုပ်ဖြစ်မှာပါ၊
– Switch port မှာ ဘယ်လို Trust မလဲ
– Classification/ Identification/ Marking/ Coloring ဘယ်လိုလုပ်မလဲ
– Class Map တွေဘာကြောင့်လိုအပ်သလဲ
– Policy Map တွေနဲ့Class Map တွေသုံးပီး လိုချင်တဲ့ Policy တွေသတ်မှတ်ဖို့
ဒါဟာ အပေါ်ယံအဆင့်ပဲရှိပါသေးတယ်၊
ဒါပေမယ့် အခုလောက် အခေါ်အဝေါ်အချို့နဲ့Flow သိထားပီဆိုရင် စပီးလေ့လာမည့်သူတွေ
အဖို့အထောက်အကူဖြစ်နိုင်မယ်ထင်ပါတယ်၊
လုပ်ငန်းခွင်က မလေ့လာရသေးတဲ့သူတွေလဲ သူများသုံးထားတဲ့ Configuration တွေတွေ့ရင် ဘာကိုဆိုလိုလဲဆိုတာ ခန့်မှန်းလို့ရတာပေါ့။

ကိုဖြိုး