Showing posts with label Switching. Show all posts

Sunday, 27 March 2016
Router on a stick
CCNA/NP လေ့လာနေသူတစ်ယောက်အတွက် Router on a stick ဆိုတာကိုသိထားသင့်ပါတယ်။ Configuration ပိုင်းအရလဲ လွယ်ကူပြီး လက်တွေ့မှာလဲ အသုံးဝင်တဲ့အတွက် ပေါ်ပြူလာဖြစ်တဲ့ Setup တစ်ခုလဲဖြစ်ပါတယ်။ Small Office Setup တွေမှာ အသုံးအများဆုံးပါ။ ဒီဟာကို အသုံးပြုဖို့အတွက် ဘာတွေသိထားသင့်သလဲဆိုတာ လေ့လာကြည့်ရအောင်။
အရင်ဆုံး VLAN ဆိုတာကို နားလည်ထားရပါမယ်။ Router on a stick ရဲ့အဓိကလုပ်ဆောင်ပေးတာက VLAN တွေကိုဆက်သွယ်ပေးတာဖြစ်ပါတယ်။ Inter Vlan Routing ဆိုပါတော့။ VLAN တွေခွဲထားပြီးပြီဆိုရင် အဲဒီ VLAN တွေ တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ်ဖို့ရာအတွက် Layer 3 Interface လိုအပ်ပါတယ်။ ပုံမှန်ဆိုရင် VLAN တစ်ခုစီရဲ့ Layer 3 Interface နဲ့ Physical port တွေကိုချိတ်ဆက်ရပါတယ်။ ဥပမာ VLAN ၃ခုအတွက်ဆိုရင် Physical Port ၃ခုလိုပါတယ်။ Router on a stick ကအဲဒီ Physical port ၃ခုအစား Port တစ်ခုကိုပဲ အသုံးပြုလိုက်ပါတယ်။ ဒါကြောင့် သူကို One-armed Router setup လို့လဲခေါ်ပါတယ်။ Physical port တစ်ခုရဲ့အောက်မှာ လိုအပ်သလောက် Sub-Interfaces တွေကို ခွဲပြီး သုံးလိုက်တာဖြစ်ပါတယ်။
ဒါဆို Router နဲ့ Switch ကြားမှာ ဘယ်လိုချိတ်ဆက်ရမလဲဆိုရင်တော့ Trunk အနေနဲ့ ချိတ်ရမှာဖြစ်ပါတယ်။ ဒီတော့ Trunk ဆိုတာနဲ့ 802.1Q အကြောင်းကို နားလည်းထားရပါမယ်။ ဒါမှသာ Sub-Interfaces တွေမှာသုံးတဲ့ encapsulation ဆိုတဲ့ Command နဲ့ အနောက်ကတွဲသုံးမဲ့ VLAN ID တွေရဲ့ အကြောင်းကို နားလည်မှာဖြစ်ပါတယ်။ Router on a stick setup မှာပါဝင်မဲ့ ပစ္စည်းအနေနဲ့ Router တစ်လုံး၊ Switch တစ်လုံးပါပဲ။ Switch တစ်ခုထက်ပိုလာရင်လဲ အဲဒီနောက်ထက်ချိတ်ဆက်လာမဲ့ Switch ဟာ အရင်ရှိပြီးသား Switch ကို Trunk အနေနဲ့ လာပြီးချိတ်ဆက်ရမှာဖြစ်ပါတယ်။ Router ကိုသွားချိတ်ဆက်စရာမလိုပါဘူး။ ချိတ်ဆက်လို့လဲမရပါဘူး။ ဘာဖြစ်လို့လဲဆိုရင် Router မှာ ရှိတဲ့ Interface တစ်ခုစီဟာ မတူညီတဲ့ Network အောက်မှာပဲရှိရပါတယ်။ Interfaces တွေကို Network တစ်ခုထဲအောက်မှာ အသုံးပြုချင်ရင် Bridge Group နဲ့တွဲသုံးရပါတယ်။
ဒီနေရာမှာ Router ကဘယ်လိုအလုပ်လုပ်လဲ၊ Routing ဆိုတာဘာလဲသိဖို့လိုလာပြန်ရော။ ဒီ VLAN တွေ Inter VLAN Routing လုပ်ဖို့ Routing ရေးဖို့လိုအပ်သလား၊ Dynamic Routing protocol တွေကို အသုံးပြုဖို့လိုသလားဆိုရင်တော့ မလိုအပ်ဘူးလို့ပြောရပါမယ်။ အဲဒီ Sub-Interfaces တွေဟာ Connected Routes တွေအနေနဲ့ ရှိနေမှာဖြစ်ပြီး Router ဟာ သူရဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Network တွေကို ဘယ်လိုသွားရမလဲဆိုတာ သိပါတယ်။ မေးစရာ ရှိလာတာက ဒီအလုပ်ဟာ Layer 3 Switch လဲ လုပ်လို့ရတာပဲ၊ အပေါ်က Router သုံးစရာလိုသေးလို့လားဆိုခဲ့ရင် YES and NO လို့ပဲဖြေရမှာပါ။ Inter VLAN Routing သီးသန့်အတွက်သုံးမယ်ဆိုရင်တော့ NO ပါ၊ Router ထပ်သုံးနေစရာမလိုပါဘူး။ ဒါပေမယ့် တကယ့်အပြင်မှာ Inter VLAN Routing ပဲသီးသန့်သုံးတာမဟုတ်ပဲ UPlink လို့ခေါ်ကြတဲ့ Internet Port/ Intranet(WAN) Port တွေကိုပါချိတ်ဆက်ပြီးသုံးလေ့ရှိပါတယ်။ ဒါမှာသာ အဲဒီNetwork သာ တခြားNetwork တွေကို သွားနိုင်မှာပါ။ ဒီလိုအခြေအနေမျိုးအတွက်ဆိုရင်တော့ YES ပါ။ ဥပမာ Internet ကိုချိတ်ဆက်ဖို့အတွက် NAT အသုံးပြုရတော့မယ်ဆိုပါစို့။ L3 Switch ဟာ NAT မလုပ်ပေးနိုင်ပါဘူး။
Configuration ပိုင်းအရကြည့်ရင် Switch မှာ VLAN ခွဲ၊ Trunk Port လုပ်၊ Router မှာ Sub-Interfaces တွေခွဲ၊ IP ပေးပြီး Switch ရဲ့ Trunk port ကိုချိတ်လိုက်ရင်ပြီးသွားပါပြီ။ ဒါပေမယ့် သူအသုံးပြုသွားတဲ့ နည်းပညာတွေကို ဆက်စပ်ပြီးလေ့လာမယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းတာကိုတွေ့ရပါလိမ့်မယ်။ ဒီလင့်ထဲမှာ အဲဒီ Configuration ကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြထားတာတွေ့ပါတယ်။
https://learningnetwork.cisco.com/docs/DOC-23481
ကိုဖြိုး
Sunday, 7 February 2016
VSS Dual-Active
VSS အကြောင်းပြောရင် Dual-active ကိစ္စကိုထည့်ပြောဖို့လိုအပ်ပါတယ်။ Dual-active detection configuration မပါတဲ့ VSS Setup ဟာတစ်နေ့တစ်ချိန်မှာ ပြဿနာအကြီးကြီးဖြစ်ပေါ်အောင် ဖန်တီးထားသလိုနဲ့တူပါလိမ့်မယ်။ VSS ပြုလုပ်ပြီးတဲ့အချိန်မှာလည်း အဲဒီ Dual-active detection ဟာ တကယ်အလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်ဖို့လိုပါတယ်။ ဒါမှသာ ပြဿနာဖြစ်လာရင် ကိုယ်တွက်ချက်မှန်းဆထားတဲ့အတိုင်း ဖြစ်လာမှာပါ။ ဒီတော့ Dual-Active ဆိုတာဘာလဲ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ ကိစ္စကို အရင်သိထားမှဖြစ်မယ်။ VSS ဟာ Catalyat Switch နှစ်လုံးကိုပေါင်းစပ်ထားတဲ့ Virtual System ဖြစ်ပြီး Control ပိုင်းကိုတစ်လုံးက Active အနေနဲ့ ထိန်းချုပ်ပြီး Switch နှစ်ခုစလုံးက Line Card တွေကိုအသုံးပြုတာဖြစ်တဲ့အတွက် ဘယ်သူက Active Control လဲဆိုတာ အဓိကပါ။ Line card တွေအနေနဲ့တော့ အကုန်လုံး Active ပါပဲ။ ဒီနေရာမှာ VSL ကအသက်ပါ။ VSL ပြတ်သွားရင် အရင်စီစဉ်ထားတဲ့ အတိုင်း ဘယ်သူက Active ဘယ်သူက Standby အနေနဲ့ ရှိမနေတော့ပဲ နှစ်လုံးစလုံးက Active Control ဖြစ်လာပြီး ကျန်တဲ့ Stanby ပျောက်သွားတယ်ဆိုပြီး ယူဆမှပါ။ သူတို့အနေနဲ့တော့ ဘာမှမဖြစ်ပေမယ့် အောက်ကချိတ်ဆက်ထားတဲ့ Router တွေ၊ Switch တွေ၊ Server တွေအဖို့ကတော့ ပြဿနာဖြစ်လာပါပြီ။
အဲဒီလိုအချိန်မျိုးမှာ သူတို့ကိုပြန်ပြီး အသိပေးဖို့အတွက် Dual-active detection ကိုအသုံးပြုရပါတယ်။ Network ထဲမှာ ဆရာနှစ်ယောက်ဖြစ်နေပြီ၊ ကျန်တဲ့သူတွေ ဘယ်သူ့ဆရာခေါ်ရမလဲ မသိတော့ဘူး တစ်ခုခုတော့လုပ်အုံးဆိုပြီး ပြောပေးရပါတယ်။ ဒါပေမယ့် သူရဲ့သဘာဝအရ Standby အနေနဲ့ နေလာတဲ့သူက Active အဖြစ်ဆုပ်ကိုင်ထားပါတယ်။ သူ့ဖက်ကကြည့်ရင် ပထမ ဆရာလုပ်တဲ့သူကတော့ ပြန်တက်လာပြီ ဒါပေမယ့် Network တည်ငြိမ်ရေးအတွက် ငါ့မှာတာဝန်ရှိတယ် Standby အနေနဲ့ ပြန်မဆင်းပေးနိုင်ဘူးပေါ့။ အရင် Active အဖြစ်နေလာတဲ့ သူကတော့ ကြားက VSL ပယောကကြောင့် ငါတော့ ခံလိုက်ရပြီ ပြန်လည်နေရာယူဖို့ချက်ချင်းတော့မဖြစ်သေးဘူးဆိုပြီး Recovery mode ကိုပြောင်းလိုက်ပါတယ်။ အခြေအနေကောင်းပြီဆိုမှ ကိုယ်တိုင် Reboot လုပ်လိုက်ပြီး ပြန်လည်ဝင်ရောက်ဖို့ကြိုးစားရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ Standby mode ကိုသာ ပြန်ရရှိနိုင်ပါတယ်။ လက်ရှိ Active ယူထားတဲ့ သူကလည်း Network တည်ငြိမ်ရေး အကြောင်းပြပြီး Priority အနိမ့်အမြင့်တွေရေးထားပေမယ့် ဂရုမစိုက်ပဲ Active အနေနဲ့သာ ဆက်ယူထားပါတယ်။
ဒီအချိန်မှာ အရင်က ဆရာလုပ်ခဲ့တဲ့သူက Active ပြန်ဖြစ်ဖို့ရာအတွက် အနုနည်းပဲသုံးရပါတယ်။ လက်ရှိ Active ဖြစ်နေတဲ့သူကို ပြေပြေလည်လည် လွှဲပြောင်းပေဖို့ အကူအညီတောင်းရပါတယ်။ ဘာလို့လဲဆိုတော့ Standby conole ကနေဘာမှလုပ်လို့မရလို့ပါ။ လက်ရှိ Active console ကိုင်ထားတဲ့သူကသာ Command တွေသုံးလို့ရတာပါ။ ဒါမှမဟုတ် အကြမ်းနည်းနဲ့ VSL ဆွဲဖြုတ်၊ Power ဆွဲပိတ်လုပ်ရင်တော့ ရတာပေါ့၊ ဒါပေမယ့် ခံရမဲ့သူတွေက ကိုယ်တိုင်မဟုတ်ပဲ အောက်က ကိုယ့်ကိုချိတ်ဆက်ထားတဲ့သူတွေဖြစ်တဲ့ အတွက် ရင်ကြားစေ့ရေးနဲ့သာ အသုံးပြုသင့်ပါတယ်။ လက်ရှိ Active ယူထားတဲ့သူကို Redundancy force-swithover ဆိုတဲ့ Command ကိုအသုံးပြုပြီး Active control ကိုပြန်ယူရပါတယ်။ ဆင်းပေးရတဲ့သူကလည်း Standby mode ကိုတန်းသွားလို့မရပါဘူး အရင်ဆုံး ကိုယ်တိုင် Reboot လုပ်ပြီးမှ Standby အဖြစ်ပြန်တက်လာတာပါ။ ဒီတော့ သူကိုချိတ်ထားတဲ့ Server တွေ၊ Switch တွေအနေနဲ့ Network ပြတ်တောက်တာ ခဏတော့ ခံလိုက်ရအုံးမှာပါ။ အခုလို ဟိုပြောင်းဒီပြောင်းဖြစ်တဲ့ ကိစ္စတွေအတွက် အကြမ်းအားဖြင့် ၈မိနစ်၊ ၉ မိနစ်ခန့် ကြာပါတယ်။ အဲဒီဖြစ်နေတဲ့ အချိန်အတွင်းမှာ နှစ်ဖက်စလုံးကို ချိတ်ထားခြင်း မရှိတဲ့ သူတွေအဖို့တော့ Network ပြတ်တောက်တာနဲ့ ကြုံရမှပါ။ ဒါကြောင့် အရင်ရေးဖူးသလိုပဲ Dual-home/Dual-link မရှိတဲ့ server/router တွေအဖို့ VSS ရဲ့ အသုံးဝင်မှုကို ခံစားရမှာ မဟုတ်ပါဘူး။ Network ဖက်မှာတောင် ပါဝါအပြောင်းအလဲလုပ်ရတာ မလွယ်ပါဘူး၊ အပြင်မှာဆိုရင်တော့ စဉ်းစားသာ ကြည့်ပေတော့။
ဒါတွေကို အပြင်ကစောင့်ကြည့်သူဖြစ်တဲ့ Network Admin တစ်ယောက်အနေနဲ့တော့ နှစ်လုံးစလုံးမှာ Console တတ်ထားပြီး ကြည့်ရတာ အတော်ကြည့်ကောင်းပါတယ်။ အရင်မှတ်ထားတဲ့ Logs တွေထဲက အရေးပါတဲ့ အကြောင်းအရာတွေကို အောက်မှာ ပြထားပေးပါတယ်။
Dual-Active PAGP detection Log
%VSLP-SW1-2-VSL_DOWN: All VSL links went down while switch is in ACTIVE role
%DUAL_ACTIVE-SW1-1-DETECTION: PAGP running on Te1/4/5 detected dual-active condition:
%DUAL_ACTIVE-SW1-1-RECOVERY: Dual-active condition detected: Starting recovery-mode, all non-VSL and non-excluded interfaces have been shut down
Dual-Active Fast-Hello Detection Log

%DUAL_ACTIVE-SW1-1-DETECTION: Fast-hello running on Gi1/2/1 detected dual-active condition

After the dual-active detection, it rebooted and went into recovery-mode
SW1(recovery-mode)#
VSL recovered and switch reloaded and back into Standby mode
%DUAL_ACTIVE-SW1-1-VSL_RECOVERED: VSL has recovered during dual-active situation: Reloading switch 1
%RF-SW1-5-RF_RELOAD: Shelf reload. Reason: dual-active
%SYS-SW1-5-RELOAD: Reload requested by Delayed Reload. Reload Reason: dual-active
SW1-sdby>
Standby console disabled
To switch-over to another switch
SW2#redundancy force-switchover
This will reload the active unit and force switchover to standby[confirm]
Preparing for switchover..

Sunday, 16 August 2015
BA
Nexus စသုံးတဲ့အခါ သတိထားမိတာကတော့ မမြင်ဖူးတဲ့ inconsistent States တွေပါလာတာကို တွေ့ရတယ်။ အဲဒီအထဲက BA_Inc လို့ခေါ်တဲ့ Spanning Tree Loop prevention ရဲ့နောက်ဆက်တွဲတခုဖြစ်တဲ့ Bridge Assurance အကြောင်းကို လေ့လာကြည့်ကြတာပေါ့။ Catalyst 6500 ရဲ့ IOS 12.2SX နောက်ပိုင်းမှာလည်း ပါတယ်ဆိုပေမယ့် သတိမထားမိခဲ့ဘူး။ Spanning Tree ဆိုတာကလဲ CCNA ထဲကစလိုက်တာ CCIE အထိကို မပါမဖြစ်ပဲ၊ CCIE ပြီးရင်လဲပါနေအုံးမှာပဲ။ ဒီတော့ သူရဲ့အဓိကကာကွယ်လုပ်ဆောင်ပုံဖြစ်တဲ့ တခုခုဖြစ်ရင် ဘယ်လို့အကြောင်းပြချက်နဲ့ ပိတ်မယ်ဆိုတဲ့ ကိစ္စတွေကိုတော့ သိထားသင့်တယ်လို့ထင်ပါတယ်။
တကယ်တော့ BA ဟာ Loop Guard လို Unidirectional ကြောင့် Loop မဖြစ်အောင်ကာကွယ်တာပါပဲ ဒါပေမယ့် Loop Guard ထက်ပိုပြီးတော့ လုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ ( ဥပမာ VTP pruning လိုမျိုးမသုံးတဲ့ Vlan တွေကို Trunk အပေါ်မှာမသွားအောင် ချန်ထားတာမျိုး၊ BPDU ကို Keepalive အနေနဲ့အသုံးပြုထားတဲ့အတွက် Port အားလုံးမှာ BPDU Tx ကော Rx ပါရှိနေတာမျိုး ) ဒီနေရာမှာ Unidirectional အကြောင်းပြောရင် UDLD ကိုလဲမမေ့သင့်ဘူး။ သူလဲဒီအလုပ်လုပ်တာပဲ ဒါပေမယ့် အလုပ်လုပ်ပုံချင်းတော့မတူဘူး။ UDLD က သူရဲ့သီးသန့် Protocol ကိုအသုံးပြုတယ် BA နဲ့ LG (Loop Guard) ကတော့ BPDU ကိုအသုံးပြုတယ်။ UDLD က Physical ကိုအဓိကထားတယ်၊ ဒါကြောင့်များသောအားဖြင့် Tx/Rx ကွဲနေတဲ့ ဖိုင်ဘာလင့်တွေမှာသုံးတယ်၊ BA/LG ကတော့ Physical ရဲ့အပေါ် STP က တခြားပြဿနာတွေကိုပါ သိနိင်တာပေါ့။ ဥပမာ Port Channel တွေမှာဆိုရင် UDLD က Member link တခုခုပြဿနာဖြစ်ရင် အဲဒီ လင့်တခုကိုပဲ Disable လုပ်ပါတယ်၊ BA/LG ကတော့ Port Channel တခုလုံးကို inconsistent State ပြောင်းပစ်လိုက်မှာဖြစ်ပါတယ်။
BA ကို Rapid PVST+ နဲ့ MST မှာသာအသုံးပြုလို့ရပါတယ်။ Nexus မှာ BA ဟာ global အနေနဲ့အသင့်ပါဝင်ပေမယ့် Port/ Interface တွေမှာတော့ Disable အနေနဲ့ရှိနေမှာပါ။ အသုံးပြုမယ့် Port/Interface တွေမှာ Spanning-tree port type network ဆိုပြီး သီးသန့် ပြောင်းပေးရပါတယ်။ နောက်ပြီးတော့ Device/Port တွေရဲ့ နှစ်ဖက်စလုံးမှာ အဲဒါကို သုံးထားမှသာ အလုပ်လုပ်မှာဖြစ်ပါတယ်။ တဖက်ကမသုံးထားဘူးဆိုရင်တော့ သူနဲ့ချိတ်ဆက်ထားတဲ့ Port ဟာ Block ဖြစ်သွားပါလိမ့်မယ်။ သေချာတာကတော့ Network စတင်ချိတ်ဆက်တဲ့အခါမှာ သတိပြုပြီး ကိုယ်လိုချင်တဲ့နေရာ၊ Interface တွေကို Edge port/ Network port စသဖြင့် သတ်မှတ်အသုံးရမှာဖြစ်ပါတယ်။ vPC အကြောင်းဖတ်တုန်းကလဲ BA ကို Peer Llink အပေါ်မှာသာ အသုံးပြုဖို့ရေးထားတာ တွေ့ရပါတယ်။
BA နဲ့ LG တို့အသုံးပြုရင်လိုက်နာရမဲ့အချက်တွေကို Cisco ကအခုလိုဖော်ပြထားပါတယ်။
When using Bridge Assurance, follow these guidelines:
•Bridge Assurance runs only on point-to-point spanning tree network ports. You must configure each side of the link for this feature.
•We recommend that you enable Bridge Assurance throughout your network.
When using loop guard, follow these guidelines:
•You cannot enable loop guard on PortFast-enabled ports.
•You cannot enable loop guard if root guard is enabled. (Root guard forces a port to be always designated as the root port. Loop guard is effective only if the port is a root port or an alternate port. You cannot enable loop guard and root guard on a port at the same time.)
Enabling loop guard on a root switch has no effect but provides protection when a root switch becomes a nonroot switch.
Enabling loop guard on ports that are not connected to a point-to-point link will not work.
N7K1# show spanning-tree summary
Switch is in rapid-pvst mode
Bridge Assurance is enabled
Loopguard Default is disabled
BA အသုံးမပြုခင် Port type
N7K1# show spanning-tree vlan
Interface Role Sts Cost Prio.Nbr Type
---------------- ---- --- --------- -------- --------------------------------
Eth2/1 Desg FWD 4 128.257 P2p
Eth2/3 Desg FWD 4 128.259 P2p
BA အဖြစ်ပြောင်းရန်
N7K1(config)# int e2/1-4
N7K1(config-if-range)# spanning-tree port type network
BA သုံးလိုက်တဲ့အတွက် တဖက်က Switch မှာ BA မသုံးထားရင် BA Inconsistent အဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်။

Eth2/1 Desg BKN*4 128.257 Network P2p *BA_Inc
Eth2/3 Desg BKN*4 128.259 Network P2p *BA_Inc
N7K1 %STP-2-BRIDGE_ASSURANCE_BLOCK: Bridge Assurance blocking port Ethernet2/1 VLAN0001
N7K1# show spanning-tree inconsistentports
Name Interface Inconsistenc
-------------------- ---------------------- ------------------
VLAN0001 Eth2/1 Bridge Assurance Inconsistent
VLAN0001 Eth2/3 Bridge Assurance Inconsistent
တဖက်က BA အသုံးပြုလိုက်ပီး ပြဿနာဘာမှမရှိဘူးဆိုရင် Port status က FWD အနေနဲ့ပဲရှိနေပါလိမ့်မယ်။

Eth2/1 Desg FWD 4 128.257 Network P2p
Eth2/3 Desg FWD 4 128.259 Network P2p
အသေးစိတ်လေ့လာချင်ရင်
http://www.cisco.com/c/en/us/td/docs/switches/lan/catalyst6500/ios/12-2SX/configuration/guide/book/stp_enha.html#wp1052528
http://www.cisco.com/c/en/us/td/docs/switches/datacenter/nexus5000/sw/configuration/guide/cli/CLIConfigurationGuide/SpanningEnhanced.html

Saturday, 25 July 2015
ရန်ကုန်မြို့ထဲက Port Channels လမ်းမကြီးများ။
Router တွေ၊ Switch တွေမှာ Physical ports တွေကို Logical port အဖြစ်ပေါင်းစပ်ထားတာကို Port Channel လို့ဆိုပါတယ်။ Bandwidth လိုအပ်ချက်ကြောင့်ဖြစ်စေ၊ Redundancy ကြောင့်ဖြစ်စေ၊ Design လိုအပ်ချက်ကြောင့်ဖြစ်စေ အသုံးပြုကြပါတယ်။ အများအားဖြင့် Switch အချင်းချင်း ချိတ်ဆက်ပီး သုံးတာများပေမယ့် Router တွေ Server တွေနဲ့လဲသုံးလေ့ရှိပါတယ်။ အသုံးများပီး နေရာတိုင်းမှာတွေ့နိုင်တဲ့ အတွက် စာမေးပွဲ (CCNA/CCNP/CCIE) အတွက်ကော အလုပ်အတွက်ပါ သေချာနားလည်အောင် သိထားသင့်ပါတယ်။ ဒီတော့ သူ့အကြောင်းကို နေ့စဉ်မြင်နေ ရတဲ့မြင်ကွင်းပေါ်ကနေ လေ့လာကြည့်ရအောင်၊
တလောက ရန်ကုန်ပြန်ရောက်တော့ ကားကြပ်တဲ့ ဒုက္ခကို ကိုယ်တိုင်ခံစားရင်း Taxi ပေါ်မှာ စဉ်းစားမိသေးတယ်။ လမ်းတွေကို လဲ Network မှာလို Port Channel လုပ်လိုက်ရင် အတော်အဆင်ပြေမယ်လို့ထင်မိတယ်။ တကယ်တော့ ရန်ကုန်မြို့ထဲက လမ်းမကြီးတွေက Port Channel လုပ်ထားသလိုပါပဲ၊ အနော်ရထာလမ်းမှာ နဲနဲကြပ်နေတော့ ကားဆရာက အောက်ဖက် ကမ်းနားလမ်းကနေ သွားတယ်၊ ဒါကိုကြည့်လိုက်ရင် Port Channel ရဲ့သဘောတရားကို Taxi ပေါ်မှာ ထိုင်ရင်း တခါတည်းနားလည်သွား နိုင်တယ်၊ အပေါ်လမ်းမှာ ကြပ်နေတာကို Traffic congestion ဖြစ်နေတယ်ဆိုပါစို့၊ အခုလို အောက်လမ်းကသွားလို့ရခြင်းဟာ Bandwidth လိုအပ်ချက်ကို ပြေလည်စေပါတယ်၊ တကယ်လို့များ အပေါ်လမ်းဟာ အကြောင်းမျိုးမျိုးကြောင့်ပိတ်နေပီလုံး၀ သွားလို့မရတော့ ဘူးဆိုရင် ကားတွေအားလုံးအောက်လမ်းက သွားရတော့မယ်ဆိုရင်တော့ ဒါကို Redundancy ရှိတယ်ဆိုရမှာပေါ့၊ ပီးတော့ အဲဒီလမ်းမကြီးတွေရဲ့ဦးတည်ဖက်ဟာ တစ်လမ်းခြားစီ ရှိနေတာကို ကြည့်ခြင်းအားဖြင့် လိုအပ်သလို ဖောက်လုပ်ထားတဲ့ Design လို့လည်းမြင်နိုင်ပါတယ်။ လမ်းတွေခြားနေပေမယ့် တူညီတဲ့ ဦးတည်ဖက်ကို တချိန်တည်းမှာ သွားနိုင်တာပေါ့၊ဘာနဲ့တူမလဲဆိုရင် Link နှစ်ခုကို တစ်ခုစီ STP (Spanning Tree) အရ Block အဖြစ်မခံပဲ Logical အရ ပေါင်းစပ်ပီးသား တခုတည်း အဖြစ် နှစ်ခုလုံးကို Forwarding အနေနဲ့ထားသလို ပေါ့။
ထပ်ပီးကြည့်မယ်ဆိုရင် ဗိုလ်ချုပ်လမ်းနဲ့အနော်ရထာလမ်းဟာ လမ်းကြောင်းမတူတဲ့ အတွက် ပေါင်းပီး သွားလို့မရသလို Network မှာလဲ မတူညီတဲ့ Interface Type တွေကို Port Channelအဖြစ်ပေါင်းလို့ မရပါဘူး၊ နောက်ပီး အနော်ရထာလမ်းနဲ့ကမ်းနားလမ်းဟာ ကပ်ရပ်တည်ရှိနေတာမဟုတ်ပါဘူး လမ်းခြားနေပါတယ် ဒါပေမယ့် တူညီတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် ပေါင်းလို့ရပါတယ်။ ထို့အတူပဲ Port Channel တွေကို Switch တစ်ခုထဲမှာ ပေါင်းလို့ရသလို Switch နှစ်ခု သုံးခုပေါင်းပီးတော့လဲ ပေါင်းစပ်လို့ ရပါတယ်၊ ဒါကိုတော့ Multi-Chasis Etherchannel (MCE) လို့ဆိုနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီ Switch တွေဟာ Stackwise တို့VSS တို့စတဲ့ နည်းပညာတွေကို အသုံးပြုထားရပါမယ်။
Port Channel မှာ Traffic တွေဘယ်လိုသွားမယ်၊ Load-balancing ဘယ်လိုလုပ်မယ်ဆိုတာရွေးလို့ရပါတယ်၊ Destination IP/MAC/TCP-UDP port base လား၊ Source IP/MAC/TCP-UDP base လား စသဖြင့်ရွေးလို့ရပါတယ်၊ ဒါဟာဘာနဲ့တူမလဲဆိုရင် ဘယ် Bus လိုင်းဟာ ဘယ်လမ်းမှ သွားဆိုသလိုမျိုးပေါ့၊ ဥပမာ ၃၃ ဟာ အလုံဖက်ကိုသွားရင် အနော်ရထာလမ်းကပဲသွားပါတယ်၊ လမ်းကြပ်နေရင်လဲ အဲဒီလမ်းကပဲသွားပါတယ်၊ အပေါ်ကသွားလိုက် အောက်ကသွားလိုက် မသွားပါဘူး၊ စထွက်တဲ့ လမ်းကပဲ ရောက်အောင်သွားပါတယ်၊ ဒီတော့ Network မှာ Packet/Frame တစ်ခုဟာ Port Channel ပေါ်မှာ Interface နှစ်ခုကနေမျှမသွားပါဘူး၊ Port Channel group ထဲက Interface တစ်ခုခု ဖြစ်သွားမှသာ တခြား Interface ဖက်ကနေပြောင်းသွားတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ Interface တွေကို Monitor လုပ်ကြည့်ရင် Traffic တွေဟာ Load balancing အနေနဲ့အမြဲ အညီအမျှ မရှိတာကို တွေ့ရပါတယ်။
Channel တွေကိုလည်း PAgP LACP စတဲ့ Protocol တွေအသုံးပြုလို့ဖြစ်စေ Static (ON) နဲ့ဖြစ်စေ တည်ဆောက်ရပါတယ်၊ PAgP ဟာ Cisco ရဲ့ Protocol ဖြစ်ပေမယ့် Nexus မှာ ပါမလာတော့တာတွေ့ရ ပါတယ်၊ Command တွေမှာလည်း Etherchannel အစား Port Channel လို့ပဲပြောင်းသုံးလာတယ်၊ ပီးတော့ Switch အချင်းချင်း Port Channel လုပ်လို့ရမရ စစ်ပေးတဲ့ Command ( Show port-channel compatability-parameters) လဲပါလာပါတယ်။ Protocol အသုံးပြုပီးတော့ တဖက်နဲ့ တဖက်အဆင်ပြေမှ Port Channel ကို ဖြစ်ပေါ်စေပါတယ်၊ ဒီနေရာမှာလဲ ဘယ်ဘက်က စပြောမလဲဆိုတာကို Active/Passive mode အသုံးပြုထား တဲ့အပေါ်မှာ ကြည့်ပီး သိနိုင်သလို Dynamic Failover အတွက် Ports တွေအများကြီးကို တခါတည်း Configure လုပ်ထားနိုင်ပါတယ်၊ Member port ထဲကတစ်ခုခုဖြစ်ရင် Standby အဖြစ်ရှိနေတဲ့ Port က အစားထိုးဝင်ရောက်နိုင်တာပေါ့၊ ဘယ်သူက Primary/ Standby ဆိုတာကိုတော့ Port Priority တွေသတ်မှတ်ပီး ခွဲခြားနိုင်ပါတယ်။ ON mode မှာတော့ အဲဒါတွေ ဘာမှ မပါပဲ ဘာဖြစ်ဖြစ် Channel အဖြစ်တန်းသုံးလိုက်ပါတယ် တဖက်က Configure လုပ်မထားရင် တော့မရဘူးပေါ့၊ ဘာနဲ့သွားတူမလဲဆိုရင် လမ်းမှာတွေ့တဲ့လူတစ်ယောက်ကို စကားတတ်သလား နာရီပါလားအရင်မကြည့်ပဲ ဘယ်အချိန်ရှိပီလဲ သွားမေးသလိုပါပဲ၊ ဟိုဘက်က လူက နာရီလဲ ပါမယ်၊ စကားလည်းနားလည်ရင် တော့အလုပ်ဖြစ်တာပေါ့၊ မဟုတ်ရင်တော့ ကိုယ်သိချင်တာ သိရမှာ မဟုတ်ပါဘူး၊
လုပ်ငန်းခွင်မှာတော့ Switch အချင်းချင်း ချိတ်ဆက်ပီးပဲ သုံးတာများပါတယ်၊ ဒါပေမယ့် Blade Server တွေပေါ်လာပီးနောက်မှာ Switch တွေနဲ့Server တွေကြားမှာလည်း Port channel တွေကိုလည်း အသုံးများလာတာ တွေ့ရမှာပါ၊ Layer 2 Access/Trunk တွေအနေနဲ့သုံးကြသလို Layer 3 Interface အဖြစ်လည်း သုံးကြပါတယ်။ ခုနောက်ပိုင်းဆို VMware ဘက်က ESXi / vDS တို့အသုံးများ လာတဲ့အတွက် Switch တွေနဲ့Blade server ကြားမှာ Port Channel ချိတ်ဆက်မှ ူဟာ Network သမားတင်မကပဲ Systems သမားတွေပါ သိထားရဲ့မယ့် အရာ ဖြစ်လာပါတယ်။ နောက်ပီးတော့ အရင်က FE Interface တွေဟာ 100MB ဖြစ်တဲ့အတွက် Port Channel ဟာ Bandwidth ပိုင်းအရ လိုအပ်ချက်ဟာ အဓိကလိုဖြစ်ခဲ့ပါတယ်၊ Hardware နဲ့ OS ပေါ်မူတည်ပီး ၄၊၈၊၁၆ စသဖြင့် ပေါင်းစပ်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော့ အမြင်ရဆိုရင်တော့ GE Interface တွေများလာတဲ့အချိန်မှာတော့ Bandwidth ထက် Redundancy ပိုင်းက အသုံးဝင်မှူဟာပိုပီးပေါ်လွင်လာတယ်လို့ထင်ပါတယ်။ Port/Interface redundancy အပြင် Multi-chasis redunadancy ကိုပါ Design ထဲမှာထည့်ပီးစဉ်းစားလာရပါတယ်၊ MCE နဲ့ဆက်နွယ်နေတဲ့ VPC ဟာဆိုရင် နောက်ပိုင်း Data Center တွေမှာ မရှိမဖြစ် အသုံးပြုရမဲ့ နည်းပညာ ဖြစ်ပါတယ်။
အခုလောက်ဆို Etherchannel/ Port Channel တွေအကြောင်းကို တီးမိခေါက်မိရှိပီး ဆက်ပီးလေ့လာဖို့ အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။
http://www.cisco.com/c/en/us/support/docs/switches/catalyst-3750-series-switches/69979-cross-stack-etherchannel.html
http://docwiki.cisco.com/wiki/Cisco_NX-OS/IOS_Port-Channel_Comparison

Features အသစ်တွေနဲ့ Nexus
ခေတ်စားနေတဲ့ Cloud Computing နဲ့အတူ အဲဒီ Cloud Infrastructure တွေနောက်ကွယ်က အဓိကကြတဲ့ Virtualization နဲ့ Data Center network တွေရဲ့ features တွေဟာလည်း Network/Systems Engineer တွေအဖို့ မဖြစ်မနေ ဆက်ပီးလေ့လာရမဲ့ နည်းပညာတွေ ဖြစ်ပါတယ်။ တဖက်ကလည်း အဲဒီနည်းပညာ တွေလေ့လာဖို့ရာအတွက် Networking ရဲ့အခြေခံတွေသိထားဖို့ ကလည်း အရေးကြီးပါတယ်။ အခြေခံမသိရင် မပိုင်နိုင်ရင် ရှေ့ကဆက်စပ်နေတဲ့ အရာတွေလေ့လာရာမှာ အခက်အခဲကြုံလာပါလိမ့်မယ်။ ဒီတော့ Data Center Switch ဖြစ်တဲ့ Nexus ရဲ့ features တွေအကြောင်း ကို အခြေခံတွေနဲ့တွဲဖက်ပီးလေ့လာကြည့်ဖို့အတွက် ဝေမျှချင်ပါတယ်။
Nexus switch တွေဟာ Cisco NX-OS ကိုသုံးထားတာဖြစ်ပီး Catalyst switch တွေမှာသုံးတဲ့ IOS နဲ့နည်းနည်းကွာပါတယ်။ Data Center အတွက်သီးသန့်သုံးဖို့ဒီအချက်တွေအပေါ်မှာ အခြေခံထားတယ်လို့Cisco ကဆိုပါတယ် (scalability modularity, reslicency and serviceability)။ Configuration ပိုင်းအရ ကြည့်မယ်ဆိုရင် အသုံးပြုဖို့ရာအတွက် Feature တစ်ခုချင်းစီကို အရင် Enable လုပ်ပေးရပါတယ်၊ ဥပမာ Catalyst Switch မှာ Layer 3 Interface SVI ကို တိုက်ရိုက် အသုံးပြုလို့ရပေမယ့် Nexus မှာ Feature အရင် enable လုပ်ပေးရပါတယ်။ Port channel သုံးချင်ရင် LACP enable လုပ်၊ စသဖြင့်ပေါ့၊ ဒီတော့မလိုအပ်သေးတဲ့ Process တွေ Resource ပေါ်မှာရှိမနေတော့ဘူးပေါ့၊
N7K-5-1# show feature (အပြည့်မဟုတ်ပါ၊ ရင်းနှီးပီးသားတွေဖြတ်ပြထားတာ)
Feature Name Instance State
——————– ——– ——–
bgp 1 disabled
dhcp 1 disabled
dot1x 1 disabled
eigrp 1 disabled
fex 1 disabled
glbp 1 disabled
hsrp_engine 1 disabled
interface-vlan 1 disabled
N7K-5-1(config-if-range)# channel-group 1 mode active
LACP process needs to be started before configuring active mode
N7K-5-1(config-if-range)# feature lacp
N7K-5-1(config)# feature interface-vlan
N7K-5-1(config)# feature hsrp
ဒီနေရာမှာ Etherchannel အကြောင်းမဖတ်ဖူးတဲ့ သူဆိုရင်ဘာကြောင့် LACP လို့သုံးတာလဲဆိုတာစဉ်းစားစရာပေါ့၊ ပီးတော့ ဆက်နွယ်နေတဲ့ Feature ဖြစ်တဲ့ VPC (Virtual port-channel) ကိုလေ့လာဖို့ရာအတွက် Etherchannel ကိုသိထားသင့်တယ်ထင်တယ်။ နောက်ပီး VSAN (Virtual Storage Area Network) VXLAN (Virtual Extensible LAN) တွေသိဖို့အတွက် VLAN ဆိုတာအရင်သိမှ အလုပ်ဖြစ်မှာပေါ့၊ နောက်တခု ပြရမယ်ဆိုရင် Nexus ရဲ့ Management port ဟာ စလာကတည်းက vrf သီးသန့်ခွဲထားပါတယ်၊ ဒီတော့ vrf အကြောင်းသိရင် ဘာကြောင့်ဆိုတာ သဘောပေါက်လွယ်လိမ့်မယ်။
N7K-5-1# show vrf
VRF-Name VRF-ID State Reason
default 1 Up —
management 2 Up —
နောက်ပီးတော့ VDC (Virtual Device Contexts) ဟာဆိုရင်လည်း ASA က Multi context mode လိုမျိုး၊ OTV (Overlay Transport Virtualization) အကြောင်းလေ့လာရင်လည်း Spanning-Tree တို့ Multicast တို့ကို နားလည်ထားမယ်ဆိုရင် သူရဲ့ရှုတ်ထွေးတဲ့ အလုပ်လုပ်ပုံတွေကို ဖတ်လို့ပိုကောင်းမယ်ထင်တယ်။ ဒါ့အပြင် Nexus မှာပါလာတဲ့ Fabric path တို့ FCOE တို့ဆိုရင်လည်း Storage/SAN ပိုင်းမှာလုပ်ဖူးတဲ့သူဆိုရင် အလွယ်တကူ နားလည်နိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်ကတော့ SAN ဖက်ကလာတဲ့သူမဟုတ်တဲ့အတွက် အတော်ကို အချိန်ပေးပီးလေ့လာနေရပါတယ်။ Nexus ရဲ့ တခြား Features တွေအများကြီးကျန်ပါသေးတယ် ဒါပေမယ့် အပြင်လုပ်ငန်းခွင်မှာကို က တစ်ချို့ Features တွေကိုအသုံးပြုတာနဲနေသေးတာကတကြောင်း၊ LAB ရှားပါးတာကတကြောင်းဆိုတော့ Expert Level ရောက်ဖို့ရာအတွက်တော့ အခက်အခဲရှိပါတယ်။ Singapore မှာတောင်အလုပ်ခေါ်ရင် ၁၀ ယောက်မှ ၁ ယောက်လောက်သာ Nexus နဲ့သူရဲ့ features တွေကို သိတာတွေ့ရပါတယ်။ ဒီတော့ အဲဒီ Features တွေထဲကမှ အသုံးများပီး ထင်ရှားတဲ့ ဟာတွေကိုတော့ သိအောင်ဖတ်ထားဖို့ အကြံပေးလိုပါတယ်။
VPC
VDC
FCIP
FCOE
NPV, NPIV
FEX
Fabric-path
VSAN
VXLAN
OTV
VRF
ISSU

Friday, 24 July 2015
LAB LAB LAB
တလောက
Switching အတွက် လက်တွေ့နည်းနေလို့မေးနေတဲ့ပိုစ့်တစ်ခုတွေ့လိုက်တယ်၊ ကိုယ်တိုင်လဲ ဒီလို
အခက်ခဲကြုံခဲ့တော့ ကိုယ်ချင်းစာပါတယ်၊ စာကိုဒီအတိုင်းဖတ်တာထက် လက်တွေ့လုပ်ပီးဖတ်ရတာက
ပိုကောင်းပါတယ်၊ ပိုလဲသိနိုင်တယ်၊တစ်ချို့ဟာတွေက စာထဲမှာ ရှင်းပြထားပေမယ့် လက်တွေ့လုပ်တဲ့အခါ
ကိုယ်သိတာ၊နားလည်တာ နဲ့အနည်းငယ်ကွဲလွဲတာ တွေတွေ့ဖူးမှာပါ၊
အလုပ်ထဲမှာ ဆိုရင်လဲ
Design/ Environment ပေါ်မူတည်ပီး ကြုံတဲ့ ရလဒ်တွေ ကွဲပြားတတ်ပါတယ်၊
လက်တွေ့လုပ်ရာမှာလဲ
Simulation နဲ့real device ကိုသုံးရတာလဲကွာသေးတယ်၊ CCNA လုပ်တုန်းကဆို
LAB/Simulation ကရှားတော့ Boson Netsim ဘဲသုံးရတယ်၊ Real Device နဲ့သုံးရတဲ့အချိန်ကနဲတော့၊
OS တက်လာတာတောင်
CIsco IOS ဆိုပီးတက်လာတာမဟုတ်၊ Boson ဆိုပီးတက်လာတာ :)
CCIE ဖြေဖို့လေ့ကျင့်တုံးကလဲ
Simulation မျိုးစုံ LAB မျိုးစုံလုပ်ခဲ့တာဘဲ၊ GNS မပေါ်ခင်က Linux ပေါ်မှာ Net ဖိုင်ကိုရေးပီးသုံးရတယ်၊
နောက်ပိုင်း GNS က GUI နဲ့ဆိုတော့ အတော်သက်သာသွားတယ်၊ PC ကောင်းကောင်းတစ်လုံးတော့လိုတာပေါ့၊
ဒီမှာတော့ SGD 1000- 1500 လောက်သုံးရတယ်။
နောက်ပိုင်းမှာ
Online Rack ငှားတာတွေရလာတော့ ပိုပီးအဆင်ပြေလာတယ်၊ Routing and Switching အတွက်က ကိုယ်ပိုင်ဝယ်ပီးလုပ်လဲရတယ်
SGD 5000 – 10000 ကြားမှာသုံးရမယ်၊
Security/Wireless/Data
Center ဆိုရင်တော့ဝယ်သုံးဖို့ရာ မလွယ်တော့ဘူး၊ Nexus တစ်လုံးတောင် ဝယ်ဖို့မဖြစ်နိင်ဘူး
အတော်ဝင်ငွေကောင်းမှ။
ဒီတော့
Online Rack Rental တွေကိုဘဲ အားထားရတော့တယ်၊ သူလဲ ၄ နာရီတစ်ချိန်စာ ကို အနည်းဆုံး
USD 15 လောက်ပေးရတယ်။ ဒါပေမယ့် CCNA/CCNP အတွက်ဆို Simulation များများနဲ့Online
Rack အနည်းငယ်ဝယ်ပီးလေ့ကျင့်ရင် လုံလောက်မယ်ထင်ရတာဘဲ၊ အပြင်ကို Telnet/SSH တို့လှမ်းသုံးလို့ရမယ်ထင်တယ်
သင်တန်းတက်နိုင်သူတွေအဖို့တော့
သင်တန်းတွေမှာ လဲလေ့ကျင့်နိုင်တာပေါ့။
အကြောင်းအမျိုးမျိုးကြောင့်
ငွေကြေးမသုံးနိုင်သူများ၊(ရှက်စရာမဟုတ်ပါ၊စာသင်နေချိန် အလုပ်ဝင်ကစအချိန်တွေမှာ အများစုကြုံနေကြပါ)၊
သင်တန်းမတက်နိုင်တဲ့သူတွေ အတွက် Online Free Rack တွေရှိကြောင်း Share ပေးလိုပါတယ်၊
Free service ဟာ Free service ဖြစ်တဲ့အတွက် ဝယ်သုံးရတာ၊ သင်တန်းတက်ရတာနဲ့တော့ ကွာတာပေါ့။
သိပီးသားလဲဖြစ်မှာပါ၊
မသိသေးသူများအတွက်
Switch ၈လုံးနဲ့ချိတ်ထားတဲ့
Network တစ်ခုပါ၊ Switching လက်တွေ့လုပ်ချင်သူတွေအတွက် ကွက်တိပါဘဲ၊ အသုံးပြုသူတွေများတဲ့
အတွက် Switch ၃ လုံးလောက်ယူဖို့လက်မြန်ဖို့လိုပါတယ်၊
.sg ဆိုပေမယ့်
ချိတ်ဖို့ပေးထားတဲ့ IP က US ဘက်မှာဆိုတော့ Singapore ကနေ 250ms လောက်ရှိပါတယ် စမ်းသုံးကြည့်တာ
သိပ်နှေးတယ်လို့မထင်ပါဘူး၊
Cisco/Juniper
Routers များနဲ့ချိတ်ထားတဲ့ Network ပါ၊
Routing စမ်းချင်သူတွေအဖို့အဆင်ပြေမှာပါ၊
Nexus လဲပါတော့ ပိုပြီးကောင်းတာပေါ့
တခြား Site တွေလဲ
ရှိအုံးမှာပါ အချိန်ပေးပီး လိုက်ရှာနိုင်ရင်ပေါ့၊
ကိုဖြိုး
သတိထားစရာ IOS bug များနှင့် လုပ်ငန်းခွင်သုံး SPAN
ပီးခဲ့တဲ့လကကြုံခဲ့တဲ့
IOS bug အကြောင်းလေး share သင့်တယ်ထင်တာနဲ့။
Customer
Network တခုမှာ SPAN ကနေ RSPAN ပြောင်းဖို့Change request ရောက်လာတော့
အဖွဲ့ထဲက တယောက်ကတာဝန်ယူလိုက်တယ်။
သိပ်ပီးခက်ခက်ခဲခဲ မဟုတ်တော့ Change Window ကိုလဲ အချိန်တိုတိုပဲ တင်ထားလိုက်တယ်။
Topology ကရှင်းရှင်းလေး
Switch ၃လုံး Triangle ချိတ်ထားပီး Voice recorder ကို switch 3 မှာ ချိတ်ထားတယ်၊ အစက
VOIP Phone တွေအားလုံးအဲဒီ switch မှာ ဆိုတော့ Local SPAN ဘဲသုံးထားတာ အခုတခြား
Switchတွေ မှာပါ တပ်မယ်ဆိုတော့ Remote SPAN သုံးရတော့မယ်။ တကယ် လုပ်တဲ့နေ့ကြတော့ အဆင်မပြေဘူး၊
Remote SPAN VLAN ကို Switch အားလုံးမှာ ထည့်လိုက်တာနဲ့Switch 3 ကိုချိတ်လို့မရတော့ဘူးလို့ပြောတယ်။
ပထမဆုံး သတိထားမိတာက Switch 3 က Root Switch ဖြစ်နေတာရယ် Switch 3 Management IP က SPAN source VLAN ဖြစ်တဲ့ Voice VLAN ကိုသုံးထားတယ်။ Switch 1 ကို Root Switch အဖြစ် ပြောင်းလိုက်ပီး Switch 3 Management IP ကို တခြား Management VLAN အောက်ပြောင်းလိုက်တယ်၊ ပီးတော့ Remote SPAN ပြန်ထည့်လိုက်တော့ အရင်လိုပြသနာ မရှိတော့ဘူး ဒါပေမယ့် VOIP Phone တွေအားလုံးက Switch 1 ရဲ့အပြင်က Router ကနေချိတ်ထားတဲ့ Call Manager ကို Register မလုပ်တော့ဘူး။ ဘာသွားတွေ့လဲဆိုတော့ Root Switch ကနေ SPAN Source VLAN နဲ့Destination Remote SPAN VLAN ကို Trunk တွေမှာ Block လုပ်လိုက်တယ်၊Remote VLAN ပြန်ဖြုတ်လိုက်တဲ့အချိန် မှာ VOIP Phone တွေပြန်ပီးအဆင်ပြေသွားတယ်၊ နောက်ထပ် ကြည့်ပေမဲ့ ဘာမှမှားတာမတွေ့တော့ဘူး၊ အချိန်ကလဲမရတော့ Fall back Change လုပ်လိုက်ရတော့တယ်၊
နောက်နေ့
Cisco bug search မှာရှာကြည့်မှ IOS Bug လို့သိရတယ်၊ ဒီအတွေ့အကြုံကနေ အကြံပေးချင်တာကတော့
တဆင့်ပီးတဆင့် သေချာရှင်းပီး အားလုံးသေချာပီ၊ ဒါပေမယ့် ဖြေရှင်းလို့မရတော့ရင် တခြားဖြစ်နိင်တာတွေ
ဖြစ်တဲ့ Hardware/ IOS ကို ထည့်စဉ်းစားရတော့မယ်၊ အချိန်မှီ Fall back change လုပ်ပီး
နဂိုအခြေအနေ အတိုင်းပြန်ရအောင်ထားပေးရမယ်၊ ဒါမှမဟုတ်ရင် Maintenance/Change ကနေ
Outage ဖြစ်သွားမယ်။
အဲဒီ IOS Bug
ကိုဒီနေရာမှာ ကြည့်နိုင်ပါတယ်
RSPAN causes port to go into BKN state due to PVID inconsistency
Symptom:
Port goes into spanning tree inconsistent ( BKN ) state due to PVID inconsistency.
Conditions:
RSPAN configured to monitor a vlan. Both the RSPAN vlan and the monitored vlan passes over the trunk. Issue not seen when the VLAN is not set for remote-span

စိတ်ဝင်စားသူများအတွက်
SPAN/RSPAN
CCNA/CCNP မှာဖတ်တုံးက
သိပ်ပီးအသုံးပြုမဲ့ ဟာမဟုတ်ဘူးလို့ထင်ခဲ့တယ် ဒါပေမယ့် အပြင်လုပ်ငန်းခွင်မှာ အတော်သုံးကြပါတယ်၊
Troubleshooting/ Packet sniffing/ IDS/IPS/ Recording
Spanning
Tree
ပထမဆုံးအချိန်
Network setup ကလွဲပြီး တော်ရုံပြင်စရာ မလိုပါ၊ ဒါပေမယ့် အခုလိုပြသနာမျိုးဖြစ်လာချိန်
သူ့ရဲ့အလုပ်လုပ်ပုံကို သေခြာသိထားဖို့တော့လိုအပ်ပါတယ်
သတိထားစရာ
Management
IP ကို ဖြစ်နိုင်ရင် တခြား VLAN များနဲ့မရောပါနဲ့သီးသန့်ထားပါ
Cisco tools ကိုကြည့်ဖို့ရာ
User login လိုပါတယ်၊ မရှိသေးသူများအတွက်
Switch မှာတွေ့ရတဲ့
Log
%SPANTREE-2-RECV_PVID_ERR: Received BPDU with inconsistent peer vlan id 35 on FastEthernet1/0/1 VLAN900.
%SPANTREE-2-BLOCK_PVID_PEER:
Blocking FastEthernet1/0/1 on VLAN0035. Inconsistent peer vlan.
%SPANTREE-2-BLOCK_PVID_LOCAL: Blocking FastEthernet1/0/1 on VLAN0900. Inconsistent local vlan.
ကိုဖြိုး
Subscribe to:
Posts (Atom)