ACL အကြောင်းထပ်ဆက်ရမယ်ဆိုရင် အချိန်နဲ့အလုပ်လုပ်တဲ့ Time-Based ACL အကြောင်းကို ဆက်လေ့လာကြည့်တာပေါ့။ တကယ်တော့ Time-Based ACL ဟာ ထူးထူးခြားခြားမဟုတ်ပါဘူး။ ACL ကို Time-Range လို့ခေါ်တဲ့ အချိန်အပိုင်းအခြားကိုထည့်ပေါင်းပြီး အသုံးပြုလိုက်တာပါပဲ။ အပြင်မှာ တကယ် အသုံးပြုလားဆိုရင်တော့ သိပ်ပြီးအသုံးပြုလေ့မရှိပါဘူး ဒါပေမယ့် တခါတလေမှာ လိုအပ်ချက်ကြောင့် ထည့်ပြီးအသုံးပြုလို့ရအောင် သိထားသင့်ဖို့တော့လိုအပ်ပါတယ်။ နမူနာ အနေနဲ့ပြောရရင် ရုံးမှာရှိတဲ့ အင်တာနက်လင့်က သေးတယ် Bandwidth ကသိပ်မရှိဘူး၊ ရုံးချိန်အတွင်းမှာ ဝန်ထမ်းတွေက အလုပ်နဲ့ မသက်ဆိုင်တဲ့ အင်တာနက်ကြည့်နေတာကြောင့် အဓိက ရုံးလုပ်ငန်းအတွက်သုံးရမည့် လုပ်ငန်းဆိုင်ရာ Business Application တွေကိုနှေးစေတယ်။ တဖက်ကလည်း ကိုယ့်ရဲ့ဝန်ထမ်းတွေကို ထမင်းစားချိန်၊ အားလပ်ချိန်နဲ့ အလုပ်ပြီးချိန်တွေမှာတော့ ကြိုက်သလို အသုံးပြုဖို့ခွင့်ပြုထားချင်တယ်။ ဒီလိုအခြေအနေမျိုးမှာ Network Admin ကသူကိုယ်တိုင် အဖွင့်အပိတ် လုပ်ပေးနေမည့်အစား အချိန်ပေါ်မူတည်ပြီး အဖွင့်အပိတ်လုပ်ပေးနိုင်တဲ့ Time-Based ACL ကို အသုံးပြုသင့်ပါတယ်။
ဒီလိုအဖြစ်မျိုး တကယ်ရှိရဲ့လားဆိုရင် ရှိတယ်လို့ပြောရမှာပဲ။ Bandwidth တစ်ခုတည်းကြောင့်မဟုတ်ပဲ ရုံးရဲ့ စည်းကမ်းပိုင်းအရလည်း အသုံးပြုတာမျိုးဖြစ်ပါတယ်။ ဒါမျိုးကို Firewall တွေမှာလည်း အသုံးပြုလေ့ ရှိပါ တယ်။ URL Control တွေ၊ Content Filter တွေပါတဲ့ Firewall တွေမှာ ပိုပြီးအသုံးဝင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ FW မရှိဘူး၊ အထက်ကလည်း ဒါမျိုးကို လုပ်ခိုင်းလာတဲ့ အချိန်မျိုးမှာ Router ကနေ Time-Based ACL နဲ့အဆင်ပြေအောင် လုပ်ပေးထားလို့ရပါတယ်။ ဒါဟာ CCNA Level ဖြစ်တဲ့အတွက် စာမေးပွဲဖြေမည့် သူများအနေနဲ့လည်းသိထားသင့်ပါတယ်။
ဘာကိုသိထားသင့်သလဲဆိုရင်တော့ အချိန်နဲ့ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Router ဟာ အချိန်မှန် ရဲ့လား၊ ကိုယ်သုံးနေတဲ့ Time-Zone နဲ့ကိုက်ရဲ့လား စစ်ဆေးသင့်ပါတယ်။ Time-zone လွဲရင်လည်း ကိုယ်ရေး မည့်အချိန်နဲ့ လွဲတတ်တာ ကြောင့် သတိထားသင့်ပါတယ်။ NTP သုံးထားရင်လည်း Sync ဖြစ်မဖြစ် သေချာ ကြည့်ပါ။ ပြီးရင် ကိုယ့်ရဲ့ လိုအပ်ချက်အရ အချိန်အတိအကျနဲ့တစ်ကြိမ်သာ လိုအပ်တာလား၊ အထက်က ပြောခဲ့သလို ပုံမှန် အချိန်အပိုင်းနဲ့အမြဲတမ်းသုံးမှာလား ဆိုပြီး Time-Range ကိုရေးရပါတယ်။ သတ်မှတ်ချိန် အတိအကျနဲ့သုံးမယ်ဆိုရင် absolute ကိုသုံးပြီး အချိန်အပိုင်းအခြားအလိုက် recurring time ဆိုရင်တော့ Periodic ကိုသုံးရပါတယ်။ Time-range ရပြီဆိုရင် လိုအပ်တဲ့ ACL ကိုရေးပါ။ ရေးတဲ့ အချိန်မှာ အနောက် ကနေ Time-Range ဆိုပြီးတော့ ကိုယ်ရေးထားတဲ့ Time-range ကိုပေါင်းပေးလိုက်ရင် Time-based ACL တစ်ခုရပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ ဘယ်နေရာမှာ သုံးမယ်ဆိုတာ တွဲပေးလိုက်ရင် ပြီးပါပြီ။
Configuration အနေနဲ့လည်းရိုးရှင်းပါတယ်။ Cisco ကပေးထားတဲ့ နမူနာကို ကြည့် ကြည့်ပါ။
!--- Defines a named time range.
time-range time-range-name
!--- Defines the periodic times.
periodic days-of-the-week hh:mm to [days-of-the-week] hh:mm
!--- Or, defines the absolute times.
absolute [start time date] [end time date]
!--- The time range used in the actual ACL.
ip access-list name|number <extended_definition>time-rangename_of_time-range
In this example, a Telnet connection is permitted from the inside to outside network on Monday, Wednesday, and Friday during business hours:
interface Ethernet0/0
ip address 10.1.1.1 255.255.255.0
ip access-group 101 in
access-list 101 permit tcp 10.1.1.0 0.0.0.255 172.16.1.0 0.0.0.255
eq telnet time-range EVERYOTHERDAY
time-range EVERYOTHERDAY
periodic Monday Wednesday Friday 8:00 to 17:00
ကိုဖြိုး
Tuesday, 6 December 2016
Saturday, 5 November 2016
ACL (Standard vs Extended)
ACL အကြောင်းတီးမိခေါက်မိရှိသွားပြီဆိုရင်တော့ နောက်ထပ်လေ့လာဖို့အတွက် အရှိန်ရသွားပါပြီ။ Cisco Devices တွေမှာအသုံးပြုတဲ့ ACL အမျိုးမျိုးထဲက အခြေခံကြတဲ့ Standard ACL နဲ့ Extended ACL အကြောင်းကိုဆက်ပြီး လေ့လာကြတာပေါ့။ နံပါတ်စဉ်အနေနဲ့ကတော့ အရင်ပို့စ်မှာ ဖော်ပြခဲ့သလိုပါပဲ။ ကိုယ်အသုံးလိုတဲ့ ACL ကိုကြည့်ပြီး Standard ဆိုရင် သူအသုံးပြုလို့ရတဲ့နံပါတ်စဉ်အတွင်းကနေသုံးရသလို၊ Extended ဆိုရင်လည်း သူ့အတွက်သတ်မှတ်ထားတဲ့ အစဉ်ထဲကနေသုံးရပါတယ်။
Standard: 1-99, 1300-1999
Extended:100-199, 2000-2699
နောက်တခုကွာခြားချက်က Standard က Source Network ကိုပဲကြည့်ပြီး IP Protocol အားလုံးကို ခွင့်ပြုမလား၊ ပိတ်မလားဆိုပြီး လုပ်ဆောင်ပါတယ်။ Extended ကတော့ Protocols တွေကအထဲက ဘယ် Protocol ကိုပဲ ရွေးပြီး အသုံးပြုချင်တယ်ဆိုတာ ရွေးလို့ရသလို Source Network သာမက Destination Network ကိုပါ ရွေးလို့ရပါတယ်။ ဒါဆိုရင် ဘယ်လိုအချိန်မျိုးမှာ Standard ACL ကိုသုံးနေကြသေး လဲဆိုရင် တော့ Protocol Level အထိအသေးစိတ်ကြည့်နေစရာမလိုတဲ့ ကိစ္စမျိုးဖြစ်တဲ့ Line တွေမှာသုံးတဲ့ နေရာမျိုး၊ Routing process တွေအတွက် Route Filter လုပ်ရတဲ့ အခါမှာ Route-map တွေအတွက် Match လုပ်ရမဲ့ နေရာမျိုးတွေမှာသုံးကြပါတယ်။ (Route-map အကြောင်းကို ပို့စ်အဟောင်းတွေမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။)
နမူနာ အနေနဲ့ Standard ACL နဲ့ Router ရဲ့ Telnet/ SSH သုံးဖို့အတွက် Line vty မှာသုံးတာကြည့်ရအောင်။ Standard ACL ဖြစ်တဲ့အတွက် ကိုယ်ခွင့်ပြုမဲ့ Network/host ကို ပေးရင်ရပါပြီ။ Telnet/SSH ကိုစဉ်းစားစရာမလိုပါ။
access-list 1 permit 10.1.1.0 0.0.0.255
access-list 1 permit host 192.168.10.1
Line vty 0 4
access-class 1 in
ဒီ ACL ဟာဘာကိုပြောတာလဲဆိုရင် ACL No.1 မှာပါတဲ့ 10.1.1.0/24 Network နဲ့ 192.168.10.1 IP ကနေ လာမှသာ Router ရဲ့ vty line ကို လာခွင့်ပြုမှာဖြစ်ပါတယ်။ ACL မှာ Subnet mask အစား၊ Wildcard ကိုသုံးရပါတယ်။ (0.0.0.255) သာ /24 ရဲ့ Wildcard ပါ။ အရင်ကပြောခဲ့သလိုပဲ IP addressing နဲ့ Subnetting ကိုမသိရင် ACL ရေးတဲ့အခါ အခက်တွေ့ပါလိမ့်မယ်။ နောက်တခုကတော့ Host တခုတည်းဖြစ်တဲ့ အတွက် Host ဆိုတာ သုံးထားတာ တွေ့မှာပါ။ Permit ကတော့ Action ပါ။ ပိတ်မယ်ဆိုရင်တော့ Deny ပါ။ ဒီ ACL ရဲ့ အောက်ဆုံးမှာ Default implicit deny ပါတဲ့အတွက် ထပ်ရေးစရာမလိုပါဘူး။
အကယ်၍ Line vty အစား Interface အဝင်မှာသုံးမယ်၊ Telnet ကိုပိတ်ထားပြီး SSH ကိုသာပေးသုံးမယ် ဆိုရင် တော့ Standard ACL အစား Extended ACL သုံးမှာသာ အဆင်ပြေပါလိမ့်မယ်။ အောက်က နမူနာကိုကြည့်ပါ။
access-list 100 deny tcp any any eq telnet
access-list 100 permit ip any any
interface <interface>
ip access-group <acl-number> in
ဒီ ACL မှာတော့ Telnet ကိုပိတ်ဖို့အတွက် သူအသုံးပြုတဲ့ tcp 23 (telnet) ကိုအရင်ပိတ်ထားပါတယ်။ ပြီးတော့မှ ကျန်တဲ့ Packets တွေအားလုံးသွားလို့ရအောင် ပြန်ဖွင့်ထားပါတယ်။ မဟုတ်ရင် အားလုံး implicit deny နဲ့ညှိပြီး ပိတ်ကုန်မှာပါ။ တကယ်တော့ ဒါက Extended ACL အကြောင်း နမူနာအနေနဲ့ ပြတာပါ။ Line မှာ Telnet ပေးမသုံးပဲ ssh သာပေးသုံးမယ်ဆိုရင် Line အောက်မှာ Transport input ssh တခုပေးလိုက်ပြီး Standard ACL နဲ့သုံးလေ့ရှိပါတယ်။
နောက်ထပ် အနေနဲ့ ACL တွေကိုထပ်ထည့်တာ၊ ပြင်တာ လုပ်ရင် သတိထားရမဲ့ အရာတွေဖြစ်ပါတယ်။ Cisco Config တွေကို မသုံးချင်ရင် no နဲ့ ပြန်ဖျောက်လေ့ရှိပါတယ်။ ACL မှာမလိုချင်တဲ့ Line တစ်ခုကို ဖျက်မယ်ဆိုပြီး no access-list ဆိုပြီး သုံးလိုက်ရင် ကိုယ်မလိုချင်တဲ့ Line သာမကပဲ ACL တခုလုံး ပျောက်သွားပါတယ်။ ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုရင် ACL ကို Notepad/Wordpad တို့လိုပြင်လို့ရတဲ့ နေရာမှာ အရင်ကူး၊ အဲဒီမှာဖျက်၊ပြင်၊ ပီးရင် အရင် ACL ကိုဖျက်ပီး အသစ်ရေးထားတဲ့ ACL ကိုပြန်သုံး ရပါတယ်။ တကယ်လို့ ကိုယ်အသုံးပြုနေတဲ့ IOS ဟာ Number ACL sequence ကိုနားလည်တယ် ဆိုရင်တော့ ကိုယ်ဖျက်မဲ့ sequence ကိုဖျက်ရင်ရပါတယ်။ အသစ်ထည့်မယ်ဆိုရင်လဲ ကိုယ်ထပ်ထည့်မယ့် sequence နေရာကိုကြည့်ပြီး ထည့်လို့ရပါတယ်။ ACL ဟာ sequence လိုက်အစဉ်အတိုင်း အလုပ်လုပ်တဲ့ အတွက် ဘယ်နေရာမှာ ထည့်မယ်ဆိုတာကို သေချာကြည့်ဖို့လိုပါတယ်။
Number ACL လို့သုံးသွားတာက ဒီ ACL တွေကို နာမည်ပေးပြီး named ACL အနေနဲ့လဲ သုံးလို့ရ ပါသေးတယ်။ Standard ရော Extended ကိုပါ named ACL ရေးလို့ရပါတယ်။ named ACL ဟာ sequence ကိုနားလည်ပြီး ပြင်ရ ထပ်ထည့်ရ လွယ်ကူသလို ကိုယ်ဘာအတွက် သုံးမယ်ဆိုတဲ့ အမည်၊ အမှတ်အသား အနေနဲ့ပါ ပြန်ကြည့်ရတာ အဆင်ပြေပါတယ်။ Number ACL သုံးရင် အချိန်ကြာလာတာနဲ့ အမျှ ကိုယ် ဘာကြောင့်၊ ဘာအတွက် ဒီ ACL ကိုရေးခဲ့မှန်း မသိတော့ဘူး။ ကိုယ်က စနစ်တကျနဲ့ remark တွေ ဘာတွေ ရေးခဲ့ရင်တော့ ကောင်းတာပေါ့။ အခုနောက်ပိုင်းမှာတော့ named ACL သာ သုံးကြတာများပါတယ်။ ရေးရတာလည်း သိပ်မကွာပါဘူး။ နမူနာတွေကြည့်ပြီး ရေးကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်။
ACL ဟာ အခြေခံကျတဲ့ အရာတခုလို့ဆိုပေမယ့် သေသေချာချာ မသိထားဘူးဆိုရင် အလုပ်မှာ အခက်တွေ့ စေပါလိမ့်မယ်။ အတော်များများက Lab လုပ်နေတဲ့ အချိန်မျိုးမှာ ပေါ့ပေါ့လေးလုပ်တတ်ကြပါတယ်။ ဒါပေမယ့် အလုပ်ထဲရောက်ရင်တော့ ပီးစလွယ်လုပ်လို့မရတဲ့အထဲမှာပါတဲ့ ကိစ္စတခုပါ။ တကယ်လို့ ကိုယ်ပြင်ရမဲ့ Router ရဲ့ ACL ဟာ remote မှာ၊ တခြားမြို့မှာဆိုရင် ကိုယ်မှားလုပ်မိလို့ ပြန်ဝင်လို့မရတော့ တာမျိုးကြုံရတတ်သလို သုံးထားတဲ့ Interface ဟာ $ တွေသွားလာနေတဲ့ Trading လုပ်နေတဲ့ နေရာမျိုးမှာ ကိုယ်ရဲ့ ACL အမှားတခုကြောင့် ခွင့်ပြုထားတဲ့ Network တခုလောက်ပျောက်သွားခဲ့မယ်ဆိုရင် ဘယ်လောက် အထိ ပြဿနာကြီးသွားနိုင်တယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့် သေသေချာချာ လေ့လာပြီး Router ၃ လုံးလောက်နဲ့ အမျိုးမျိုးလေ့ကျင့်ထားသင့်ပါတယ်လို့ အကြံပေးလိုပါတယ်။

Tuesday, 1 November 2016
Access Control List (ACL)
Access Control List (ACL) ကို Operation Systems တွေ၊ Applications တွေနဲ့ Network တွေမှာ အသုံးပြုကြပြီး အသုံးပြုနိုင်ခွင့်ကို ထိမ်းချုပ်ကိုင်တွယ်ထားတဲ့ အရာလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပုံစံခြင်းမတူညီတဲ့အတွက်ကြောင့် ဘာ ACL လဲဆိုတာ ကို ထည့်ပြောမှသာ ပြည့်စုံပါလိမ့်မယ်။ အခုပြောမည့် အကြောင်းအရာကတော့ Network ACL ဖြစ်ပြီး Cisco Devices တွေမှာ အသုံး ပြုတဲ့ IP Access List ဖြစ်ပါတယ်။ IP ACL ဖြစ်တဲ့အတွက် IP addressing နဲ့ Subnets တွေအကြောင်း၊ TCP/UDP Ports တွေအကြောင်းကိုသိထားရင် ACL ကိုအလွယ် တကူနားလည်နိုင်မှာဖြစ်ပါတယ်။ ဒါတွေမသိထားသေးရင်တော့ ACL ကိုလိုအပ်သလိုရေးဖို့၊ အသုံးပြုဖို့အတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။
ACL ကို Cisco Devices တွေမှာ Access Control လုပ်ယုံအတွက်သာ မက၊ တခြား Routing Process တွေ၊ Route-map တွေအတွက် Traffic classification တွေအတွက်လည်း သုံးလေ့ရှိပါတယ်။ ဒါကြောင့် ACL ဆိုတာ Traffic Control/ Access Control လုပ်တာပဲလို့ အသေမှတ်မထားတာကောင်းပါတယ်။ နောက်တနည်းပြောရရင်တော့ စာရင်းဆိုပါတော့။ ကျွန်တော်တို့စာရင်းပြုစုတဲ့ အခါမှာ အကြောင်းအမျိုးမျိုးနဲ့ ပြုစုကြတာ ကြုံဖူးကြမှာပါ။ ဥပမာ ကျောင်းသားတွေ အနေနဲ့အရင်းနှီးဆုံးဖြစ်တဲ့ အကြောင်းနဲ့ ပြောပြရမယ်ဆိုရင် ကျေားင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အမည်စာရင်းဆိုပါတော့။ အနည်းဆုံးအနေနဲ့ဘာတွေပါမလဲဆိုရင် အမည်ပါမယ်၊ ကျား မ ခွဲထားတာပါတယ်။ ဒါဟာ ACL ပါပဲ။ ကျောင်းသူသက်သက် ကျောင်းသားသက်သက်ခွဲထားတဲ့ စာရင်း ၂ခုဆိုပါတော့။ ဒါပေမယ့် ACL တစ်ခုဟာ ဘာလုပ်မယ်ဆိုတဲ့ အကြောင်းအရာမပါရင် ဘာမှ အလုပ်မဖြစ်သေးပါဘူး။ ဒီတော့ Action/Apply ထည့်ကြည့်လိုက်မယ်။ ဥပမာ စာရင်းမှာ ကျောင်းသူ (မ) တွေသာ ကျောင်းသူနားနေခန်းသို့ သွားနိုင်တယ်။ အလားတူပဲ ကျောင်းသား(ကျား) တွေသာ ကျောင်းသားနားနေခန်းသို့သွားနိုင်တယ်။ စာကြည့်တိုက်ကိုတော့ ကျောင်းသားရော ကျောင်းသူပါ ဝင်နိုင်တယ်ဆိုတာမျိုးနဲ့ တွဲလိုက်မှသာ ACL က အသက်ဝင်လာမှာဖြစ်ပါတယ်။
ဒါက အပြင်လောကမှာမြင်နိုင်တဲ့ ACL တွေပါ။ လူတွေအတွက် သုံးတာဆိုတော့ လူတွေကို မှတ်သားခွဲခြားထားတဲ့ ကျား၊မ တို့ အသက်တို့၊ အမည်တို့ပါသလို IP ACL မှာတော့ Host/Node/Network တွေကို သတ်မှတ်ထားတဲ့ IP address တွေ၊ Subnets တွေနဲ့ အသုံးပြုတဲ့ Applications တွေရဲ့ TCP/UDP ports တွေနဲ့ တခြား IP ပေါ်မှာသတ်မှတ်လို့ရတဲ့ဟာတွေပါတာပေါ့။ ACL သတ်မှတ်ပြီးရင် တော့ ခုနက ဥပမာ ပေးခဲ့သလို ဘယ်နေရာမှာ အသုံးချမယ်ဆိုတာပြောရပါတယ်။ Interface/ Router/ Route-map/ Line စတဲ့နေရာတွေမှာ အသုံးပြုလိုက်တာပါပဲ။ စတင်လေ့လာသူတွေအတွက်ကတော့ Interface နဲ့ Line တွေမှာစပြီး အသုံးပြုတတ်အောင် လေ့လာရပါတယ်။ ဒါမှသာ Traffic flow ကိုကြည့်ပြီး ACL ရေးတဲ့အခါ Inbound လား၊ Outbound လား၊ Source ကဘာလဲ၊ Destination ကဘာလဲ၊ ဘယ်နေရာမှာ အသုံးပြုရမလဲဆိုတာကို ပိုပြီး နားလည်မှာဖြစ်ပါတယ်။ နောက်တခုကတော့ ACL ဟာ ရေးထားတဲ့ အစီစဉ် အတိုင်းအလုပ်လုပ်တာဖြစ်တတ်တဲ့ အတွက် ကိုယ့်ခွင့်ပြုချင်တဲ့ Flow တွေကို အရင်ရေးပေးရပါတယ်။ ပြီးရင်အောက်ဆုံးမှာ အားလုံးကိုပိတ်ထားတဲ့ လိုင်းရှိတယ်ဆိုတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။
ဥပမာ ဒီအောက်မှာပြထားတဲ့ ACL ၂ ခုဟာ အတူတူပါပဲ။ Deny ကိုအောက်မှာထည့်မရေးထားလည်း Default implicit deny ဆိုတာရှိတဲ့အတွက် မရေးလည်း လုပ်ဆောင်ပုံခြင်း အတူတူပါပဲ။
access-list 100 permit ip 192.168.1.0 0.0.0.255 172.16.0.0 0.0.255.255
access-list 101 permit ip 192.168.1.0 0.0.0.255 172.16.0.0 0.0.255.255
access-list 101 deny ip any any
ဒီ ACL ဟာဘာကိုပြောတာလဲဆိုရင် Source Network 192.168.1.0/24 တစ်ခုသာ Destination Network ဖြစ်တဲ့ 172.16.0.0/16 ကိုသွားခွင့်ရှိတယ်လို့ရေးထားတာဖြစ်ပါတယ်။ အခုလို Source ရော Destination ပါပါအောင်ရေးထားတဲ့ ACL ကို Extended ACL ကိုခေါ်ပါတယ်။ ACL number အနေနဲ့တော့ 100-199 အထိရယ်၊ 2000-2699 အတွင်းရယ်သုံးလို့ရပါတယ်။ တကယ်လို့ Source တစ်ခုထဲသာလိုအပ်မယ်၊ Destination တို့၊ protocol မလိုရင်တော့ Standard ACL ကိုသုံးရင်ရပါတယ်။ Standard ACL က Source ကိုပဲ ကြည့်တဲ့ ACL ဖြစ်ပါတယ်။ ACL number အနေနဲ့တော့ 1-99 အထိရယ် 1300-1999 အတွင်းမှာသုံးရပါတယ်။ ဒီတော့ ကိုယ်ရေးမဲ့ ACL အမျိုးစားပေါ်မူတည်ပြီး သင့်တော်တဲ့ နံပါတ်သုံးရပါတယ်။
အထက်မှာပြောခဲ့သလိုပဲ ACL ရေးတာနဲ့ အလုပ်မလုပ်သေးပါဘူး။ အခုရေးထားတာက Traffic flow filter လုပ်မယ့် ACL ဖြစ်တဲ့အတွက် Router ရဲ့ Interface မှာသွားမဲ့ ဦးတည်ဖက် (Direction) ကိုကြည့်ပြီး Inbound လား Outbound လားရွေးပြီး ip access-group (number) in/out ဆိုပြီး ရေးပေးရပါတယ်။ Direction ကိုကြည့်တဲ့နေရာမှာ Source to Destination flow မှာ ဘယ်ကဝင်ပီး ဘယ်ကထွက်တယ်ဆိုတာကိုကြည့်ရပါတယ်။ ဥပမာ R1ကနေ R3 ကို သွားရင် R2 ကနေဖြတ်သွားမယ်၊ ခုနက ACL ကို R2 မှာသုံးမယ်။
ဆိုပါစို့။ R1 က R2 ရဲ့ e1 interface ကိုချိတ်ထားပီး၊ R2 e2 interface က R3 ကိုချိတ်ထားမယ်။
R1 —> (e1)R2(e2) —> R3
R2 (e1) Interface မှာဆိုရင် direction က inbound ဖြစ်ပီး R2(e2) မှာဆိုရင်တော့ outbound ဖြစ်ပါတယ်။ ကိုယ်သုံးတဲ့ Interface နဲ့ Traffic flow direction ကိုကြည့်ပြီး in / out ကိုရွေးပါ။
interface Ethernet0/1
ip address 10.1.1.1 255.255.255.0
ip access-group 100 in
ဘာကြောင့် e1 ကိုရွေးရလဲဆိုရင်တော့ အဝင်မှာကတည်းက စပြီး ပိတ်လိုက်တော့ router ကိုဖြတ်စရာမလိုတော့ဘူးပေါ့။ e2 ဆိုရင် e1 ကနေအရင် ဝင်လာအုံးမယ် ပြီးမှအထွက်မှသာ စစ်သလိုဖြစ်နေမှာပါ။ နောက်တနေရာ အနေနဲ့ဆိုရင် R3 အဝင်မှာလည်းပိတ်နိုင်တာပါပဲ။ ဒါဆိုရင် အဲဒီ traffic ဟာ မလိုအပ်ပဲ R2 ကိုဖြတ်၊ R2 နဲ့ R3 ကြားက လင့်ကိုပါ အသုံးပြုပြီး R3 အဝင်မှ ပိတ်လိုက်တော့ မလိုအပ်တဲ့ Resource တွေကို ပေးသုံးလိုက်သလိုဖြစ်သွားတာပေါ့။ အပေါ်က ကျောင်းသားတွေ အကြောင်းပြောတဲ့ ACL အရဆို ကျောင်းသားတွေကို ကျောင်းသူနားနေခန်းအဝအထိပေးသွားပြီး အဝကျမှ မဝင်ရဘူးပြောသလိုဖြစ်သွားမှာပေါ့။ တကယ်ဆို ကျောင်းသူတွေ နားနေခန်းသွားတဲ့ လမ်း၊ လှေကားတို့မှာကတည်းက စပြီး ကျောင်းသားများမဝင်ရဆိုပြီး ပြောသင့်တာပေါ့။
ဘာကြောင့် R1 အထွက်မှာ မသုံးလဲဆိုတာကိုတော့ စိတ်ဝင်စားတဲ့သူတွေအတွက် စဉ်းစားစရာဖြစ်အောင် ထားခဲ့လိုက်မယ်။
အခုလောက်မြင်သွားပြီဆိုရင် ACL ကိုကိုယ်တိုင်စမ်းသပ်လို့ရပါပြီ။ ဒါက အစပဲရှိပါသေးတယ်။ အသေးစိတ်ကို နောက်ပို့စ်တွေမှာဆက်ဖတ်ပါ။

Sunday, 30 October 2016
Stop.Think.Connect.
US နဲ့နိုင်ငံတချို့မှာ အောက်တိုဘာလကို National Cyber Security Awareness Month (NCSAM), The European Cyber Security Month (ECSM) ဆိုပြီး ဆိုင်ဘာလုံခြုံရေးနဲ့ပက်သက်ပြီး အသိပညာပြန့်ပွား ရေးတွေလုပ်ကြပါတယ်။ စင်ကာပူမှာလည်း Singapore International Cyber Week (SICW) ဆိုပြီး ကျင်းပ သွားပါတယ်။ Cloud ပွဲသွားဖို့ရွေးချယ်လိုက်တာကြောင့် အဲဒီပွဲကို မရောက်ဖြစ်လိုက်ပါဘူး။ မြန်မာ အပါ အဝင် အာဆီယံ နိုင်ငံအတော်များများလာရောက်ပါဝင်ခဲ့တယ်လို့သိရပါတယ်။
အခုခေတ်မှာ လူတိုင်းလက်ထဲမှာ အင်တာနက်နဲ့ချိတ်ဆက်ဖို့ပစ္စည်းတွေ အလွယ်တကူရှိနေပါပြီ။ အနည်းဆုံး တော့ လူတိုင်းမှာဖုံးရှိနေပြီး အင်တာနက်ကို အလွယ်တကူ အသုံးပြုနေကြပါပြီ။ အိုင်တီဖက်က သူတွေအနေ နဲ့အင်တာနက် ချိတ်ဆက်မှု၊ အသုံးပြုမှာဟာ ထမင်းစားရေသောက်လိုဖြစ်နေပေမယ့် တချို့ အိုင်တီနဲ့ မရင်းနှီးသေးတဲ့ သူတွေအဖို့တော့ အဆန်းတွေပါပဲ။ ဆိုကြပါစို့ ကိုယ့်အတွက် အီးမေး တစ်ခုအသစ် ဖွင့်တာ ဟာ သူတို့အတွက်တော့ ရှုပ်ထွေးတဲ့ ကိစ္စတစ်ခု အနေနဲ့ဖြစ်နေပြီး နားလည်တဲ့သူ၊ ဒါမှမဟုတ် ဆိုင်ကသူရဲ့ အကူအညီနဲ့ဖွင့်ရပါတယ်။ ဒီမှာတင် ကိုယ့်ရဲ့ ကိုယ်ရေးက်ိုယ်တာ အသုံးပြုမဲ့ အီးမေး password ကို တခြားသူတယောက်က သိထား၊ ပိုင်ဆိုင်ထားပါပြီ။ အလားတူပဲ Facebook လို Social Networking အကောင့်တွေမှာလည်း အတူတူပါပဲ။ ဒီကတဆင့်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာ နိုင်ပါတယ်။
ဒါကဥပမာတစ်ခုအနေနဲ့ ပြောပြတာပါ။ မိသားစုအတွင်းမှလည်း ကိုယ့်အပြင် အရွယ်မရောက်သေးတဲ့ ကလေး၊ ကျောင်းသား၊ နည်းပညာနဲ့အလှမ်းဝေးစပြုလာတဲ့ လူကြီးသူမများဟာလည်း အင်တာနက်နဲ့ အနည်းနဲ့အများတော့ ပက်သက်လာကြပါတယ်။ ဒီတော့ သူတို့အတွက် အင်တာနက်ရဲ့ ကောင်းကျိုးတွေကိုပဲ ပြောပြနေမယ့်အစား၊ အင်တာနက်ကနေ မိသားစုဘ၀ ကိုထိခိုက်လာန်ိုင်တဲ့ အန္တရယ်တွေကို သိထားရ အောင်၊ ဘယ်လိုရှောင်လွှားရအောင် ဆိုတာတွေကို ပညာပေး ပြောပြသင့်ပါတယ်။ ဒါတွေကို မသိသေး ရင်တော့ မသိနားမလည်တဲ့ သူတွေအတွက် အင်တာနက် သားကောင်အဖြစ်သို့ရောက်သွားစေနိုင်ပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတကာမှာ အစိုးရနဲ့အိုင်တီလုံခြုံရေးအဖွဲ့အစည်းအတွေက အခုလို ပညာပေး အစီအစဉ်တွေကို ကျင်းပပြီး နားလည်လာအောင်၊ အင်တာနက်ပေါ်က ကျရောက်လာမည့်ရန်တွေက ရှောင်ဖယ်နိုင်အောင် အသိပေးရပါတယ်။
စင်ကာပူမှာဆိုရင် အစိုးရကနေပြီး Cyber Security Agency website အောက်မှာ GoSafeOnline ဆိုပြီး https://www.csa.gov.sg/gosafeonline အင်တာနက်ကို လုံခြုံစွာ သုံးနိုင်ဖို့အတွက် ကျောင်းသားအတွက်၊ လူကြီးသူမတွေအတွက်၊ လုပ်ငန်းခွင်အတွက် စသဖြင့် ပညာပေးအနေနဲ့အကြောင်းအရာတွေ ရှင်းပြထား ပါတယ်။ US မှာလည်း ၂၀၀၄ ကနေစပြီး NCSAM မှာဟောပြောပွဲ၊ ပြပွဲတွေကျင်းပပြီး ဆိုင်ဘာလုံခြုံရေးနဲ့ ပက်သက်ပြီး အသိပေး ပညာပေးပွဲတွေလုပ်ကြပါတယ်။ https://staysafeonline.org/ncsam/ မှာ အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။ ဥရောပမှာတော့ ECSM https://cybersecuritymonth.eu ဆိုပြီး လုပ်ကြပါတယ်။
ကျွန်တော်တို့မြန်မာပြည်မှာလည်း အင်တာနက် သုံးစွဲမှုကျယ်ပြန့်လာတာနဲ့အမျှ၊ ကြုံတွေ့လာရမည့် ဆိုင်ဘာ မှုခင်းတွေရဲ့ သားကောင်မဖြစ်ရအောင်၊ ပြဿနာ မဖြစ်အောင် ရှောင်ကျဉ်ရအောင် အစိုးရနဲ့တကွ ကွန်ပြူတာ အသင်းတွေ၊ ဆိုင်ဘာလုံခြုံရေးအဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေအနေနဲ့အသိပေး၊ ပညာပေးပွဲတွေကို အရှိန် အဟုန်မြှင့်ပြီး စတင်လုပ်ဆောင်သင့်နေပြီလို့အကြံပေးလိုပါတယ်။ ဆိုင်ဘာလုံခြုံရေးဟာ လူတိုင်းနဲ့ သက်ဆိုင်လာပြီ ဖြစ်တဲ့အတွက် ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတစ်ခုလို မထားသင့်တော့ပဲ၊ ကိုယ့်ပတ်ဝင်းကျင်၊ ကိုယ့်မိသားစုနေစပြီး သိသလောက်၊ တတ်သလောက် ဝေမျှ၊ ပညာပေးရင်း ကူညီကြပါစို့။
We live in a world that is more connected than ever before. The Internet touches almost all aspects of everyone’s daily life, whether we realize it or not. Stop.Think.Connect and go safe, stay safe online.
ကိုဖြိုး
Thursday, 20 October 2016
Cloud Expo Asia သို့နောက်တခေါက်။
ဒီနှစ်တော့ သွားကြည့်ဖြစ်တယ်။ မနှစ်ကတော့ အလုပ်မအားတာနဲ့ မရောက်ဖြစ်ခဲ့ဘူး။ မှတ်မိသလောက်ဆိုရင် ၂၀၁၄ တုန်းက Cloud နဲ့ Data Centre နှစ်ခုပဲပေါင်းလုပ်တယ်ထင်တယ်။ ဒီနှစ်မှာတော့ Cloud Security နဲ့ Smart IOT ဆိုပြီး လေးမျိုးဖြစ်သွားတယ်။ Cloud ဖက်က အရင်တခါကြည့်ထားတော့ အခုတခေါက်မှာ Security Product တွေဖက်ကို အဓိကထားကြည့်ဖြစ်တယ်။ Product တွေကတော့ ထုံးစံအတိုင်း အစုံပါပဲ၊ ဒါပေမဲ့ AWS ကသီးသန့်အခန်းအနေနဲ့ မပါတော့ဘူး။ ကြည့်ရတာ သူ့ကိုယ်ပိုင်ပွဲတွေမှာပဲ အဓိက ပြတော့မယ်နဲ့ တူတယ်။
ရှေ့မျက်နှာစာမှာတော့ IBM HUAWEI DELL/EMC NTT နဲ့ Akamai တို့က နေရာအကြီးတွေယူထားတာတွေ့တယ်။ ကိုယ်ရောက်နေတုန်း Akamai ပြခန်းမှာ သူတို့ရဲ့ CND နဲ့ Cloud အကြောင်းပြောနေတာတွေ့လို့ နားထောင်ဖြစ်သေးတယ်။ သူတို့ရဲ့ Content delivery network service ကိုသုံးပြီး DNS တွေ၊ Web Servers တွေကိုဘယ်လို ကာကွယ်ထားတယ်ဆိုတာတွေ ရှင်းပြသွားတယ်။ Akamai service ကိုမရင်းနှီးသေးတဲ့ သူတွေအဖို့ သူတို့ရဲ့ Website မှာသွားပြီး နဲနဲပါးပါးဖတ်ထားသင့်တယ်လို့ထင်တယ်။ ကြုံတုန်း CDN(Content Delivery Network) အကြောင်းဆက်ပြောကြတာပေါ့။
အခုနောက်ပိုင်း Cloud ခေတ်ဖြစ်လာတော့ CDN ဟာပိုပြီး အရေးပါလာတယ်။ ပြီးတော့ Client တွေဟာ အရင်လို PC Laptop Tablet တွေသာ မကတော့ပဲ Mobile phone နဲ့ IoT devices တွေပါ ပါလာတော့ Content တွေကိုပေးတဲ့အခါမှာ Location တစ်ခုနဲ့တင် မလုံလောက်တော့ပဲ Request လာတဲ့ Client ကဘာလဲ၊ သူနဲ့သင့်တော်တဲ့ Content ကိုပါပေးဖို့လိုအပ်လာတယ်။ အရင်ခေတ်ကတော့ Akamai သုံးရင် အဓိကသုံးချင်တာ Client ရဲ့ နေရာပေါ်မူတည်ပြီး အနီးဆုံးနေရာက Content ကိုပေးဖို့အတွက်ပဲ။
CDN အကြောင်းကို မသိသေးသူတွေအတွက် မြင်သာအောင် Facebook နဲ့ဆက်စပ်ပြီးပြောကြတာပေါ့။ Facebook ရဲ့ Servers ဟာနေရာတခုတည်းမှာ ရှိတာမဟုတ်ပဲ ကမ္ဘာအနှံမှာရှိပါတယ်။ အသုံးပြုတဲ့သူက ဘယ်ကအသုံးပြုတာလည်းဆိုတဲ့ အပေါ်မူတည်ပြီး ဘယ် နေရာ၊ Data Centre က Server တွေကနေ Content ကိုချပေးမယ်ဆိုပြီး ဆုံးဖြတ်တာပါ။ ဒီတော့ မြန်မာပြည်ကနေ www.facebook.com ကို PING ကြည့်ရင် ရလာမဲ့ IP address နဲ့ US ကနေ PING ကြည့်ရင် မြင်ရမဲ့ IP က မတူပါဘူး။ ကိုယ့်စက်ကနေ PING ကြည့်၊ ပြီးရင် Online tools တွေက PING တို့၊ Nslookup တို့လုပ်ကြည့်ပေါ့။ ဥပမာ http://centralops.net/co/nslookup.aspx
နောက်တခုက ကိုယ်သုံးတဲ့ Client က PC browser လား၊ iOS devices တွေလား၊ Android Apps လား စသဖြင့် Client ရဲ့ အပေါ်မူတည်ပြီး Facebook Content ကို မြင်ရတာခြင်းမတူပါဘူး။ ပြီးတော့ Video Content တွေမှာဆိုရင် Client Network Speed နဲ့ Latency ကို တွက်ဆပြီး ဘယ်လောက် အရည်အသွေးရှိတဲ့ Video Quality မျိုးကိုသာ အဆင်ပြေအောင် ချပေးပါတယ်။ ဒါကြောင့် တခါတလေမှာ Video တွေကြည့်ရင် ထစ်နေတာမျိုးမရှိပဲ အရုပ်တွေသာ ဝါးသွားတာမျိုး တွေ့ရလေ့ရှိပါတယ်။ တခြားနာမည်ကြီး Online Streaming ဖြစ်တဲ့ Netflix တို့လည်း ဒီလိုပါပဲ။ တခါတလေ Network speed မကောင်းရင် HD Quality ကြည့်လို့မရပါဘူး။ အဓိက ကတော့ Client ရဲ့ အနီးဆုံး Edge ကနေပြီး Client နဲ့ အသင့်တော်ဆုံး Content ကိုပေးတဲ့ လုပ်ဆောင်မှုပါ။ ဒီလောက်ဆို CDN အကြောင်း အပေါ်ယံလောက် သိလောက်ပါပြီ။
Cloud နဲ့ပက်သက်လို့ကတော့ Product အတော်များများကပေးတဲ့ Services တွေကတော့ သိပ်မကွာပါဘူး။ DC ပိုင်းအားသာတဲ့သူတွေက DC service ကိုဦးစားပေးပြောကြပြီး Carrier တွေ၊ Operator တွေကတော့ Connectivity နဲ့တွဲကြော်ငြာကြတာပဲ။ DC ဖက်မှာတော့ ၂၀၁၄ ကလာပြသွားတဲ့ IO ကိုပိုသဘောကြတယ်။ ဒီနှစ်မှာ သူ့လိုမျိုး Mobile DC/ Modular DC product တစ်ခုလာပြတာ သတိထားမိတယ်။ Container နောက်တွဲပေါ်မှာ တင်ပြီး Mini DC လုပ်ထားတာ။ ဒါကတော့ အရင်မြန်မာပြည်မှာနေကတည်းက မန္တလေးမှာ သုံးခဲ့တာဆိုတော့ သိပ်တော့ မဆန်းပါဘူး။ ဘာပဲပြောပြော အခုလိုပွဲတွေသွားကြည့်ရတာ နည်းပညာ အသစ်အဆန်းလေးတွေ၊ Product အသစ်တွေကိုပါ လေ့လာခွင့်ရတော့ သွားရတာအကျိုးရှိပါတယ်။
ကိုဖြိုး
Thursday, 15 September 2016
စင်္ကာပူ နဲ့သက်ဆိုင်သောမေးခွန်းများ။
ကျွန်တော့်ရဲ့စကားဝိုင်း အမေးအဖြေတွေအထဲက အများစိတ်ပါဝင်စားကြတဲ့ အကြောင်းအရာ တခုပါ။ အဲဒီမေးခွန်းတွေ မဖြေခင်မှာ SG MOM (Ministry of Manpower) ကတရားဝင်ထုတ်ပြန်ထားတဲ့ ဗီဒီယိုလေးကို အရင်ဖွင့်ပြခဲ့ပါတယ်။ အဓိက ပြချင်တာကတော့ ကျွန်တော်တို့ အိုင်တီသမားတွေနဲ့ သက်ဆိုင်တဲ့ EP နဲ့ SPass အကြောင်းကို သိစေချင်လို့ပါ။
အိုင်တီသမားတွေကို Work Permit နဲ့ အလုပ်ခန့်ထားလို့ မရပါဘူး။ အနဲဆုံး SPass အနေနဲ့သာ ခန့်ထားလို့ရပါတယ်။ SPass လျောက်ဖို့အတွက် အနဲ့ဆုံးလစာ ကန့်သတ်ချက်က SGD 2,200 ပါ။ ဒီတော့ စင်္ကာပူမှာ အိုင်တီနဲ့ အလုပ်ရမယ်၊ SPass ရမယ်ဆိုရင် မိမိရဲ့လစာ အနဲဆုံး 2200 ရပီလို့ဆိုနိင်ပါတယ်။ ဒါပေမဲ့ တချို့အလုပ်ရှင်နဲ့ ပွဲစားတွေက အပြည့်မပေးပဲ နားလည်မှုနဲ့လျော့ယူရတဲ့ ကိစ္စမျိုးတွေ ကြးဖူးပါတယ်။ SPass ရအောင်သာ MOM ကို 2200 နဲ့တင်ပြီး ဝန်ထမ်းကို လျော့ပေးပါတယ်။ တကယ်တော့ တရားမဝင်ပါဘူး။ ခက်တာက အခုမှရောက်ပြီး အလုပ်ရှာရသူတယောက်အဖို့ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် Pass ရရှိရေးက အရေးကြီးတာကြောင့် မျက်စိမှိတ်ပြီး လုပ်ခဲ့ရတဲ့သူတွေရှိပါတယ်။ SPass ကို ခေါ်ဆိုနိုင်ဖို့ သူတို့ရဲကုမ္ဗဏီမှာ နိုင်ငံသား/ပီအာ အရေအတွက်နဲ့ နိုင်ငံခြားသား ခန့်ထားနိုင်မှု သတ်မှတ်ချက် (ကိုတာ/quota) လိုအပ်ပါတယ်။ ဒါကြောင့် တချို့ကုမ္ဗဏီ အသေးတွေဟာ အေးဂျင့် (Agent) က တဆင့်သာ ခန့်ထားနိုင်ကြပါတယ်။
နောက်တခုကတော့ EP ပါ။ အခုမှအလုပ်လာရှာစ လူငယ်တွေအဖို့ ရဖို့ခက်ပါတယ်။ အနိမ့်ဆုံးလစာ 3,300 ရဖို့ လိုအပ်သလို လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်း၊ စတဲ့ လိုအပ်ချက်တွေ ပြည့်စုံမှသာ ရရှိနိုင်ပါတယ်။ ကိုယ်ရနိုင် မရနိုင်ကို SAT ခေါ် (Self-Assessment Tool) နဲ့ အရင်ဖြည့်ကြည့်နိုင်ပါတယ်။ SPass အတွက်လဲရှိပါတယ်၊ ဒါပေမဲ့ Quota ရှိနေတဲ့အတွက် ကိုယ့်ဖက်က ပြည့်စုံနေတာတောင် မသေချာလို့ပါ။ EP အတွက်တော့ (ကိုတာ/quota) မလိုသလို၊ တခြားခံစားခွင့်တွေလည်း ပိုရပါတယ်။ အများအားဖြင့် ဒုတိယ အလုပ်ပြောင်းတဲ့အချိန်မှသာ EP ရကြလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီ အဆင့်လို အလုပ်မျိုးတွေမှာ စင်္ကာပူ နိုင်ငံသားများနဲ့ တခြားနိုင်ငံများမှ အတွေ့အကြုံရှိတဲ့ ပညာရှင်များ ပါဝင်ကြတဲ့အတွက် အလုပ်အတွက် ပြိုင်ဆိုင်မှု ပိုများပါတယ်။ EP နဲ့ SPass အပြင် PEP ကဲ့သို့တခြား အလုပ်လုပ်ခွင့်များ ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသား ပညာရှင်အများစုက EP နဲ့ SPass သာ ရရှိမှုများတဲ့အတွက် ကျန်တာတွေ မပြောတော့ပါဘူး။
ကုမ္ဗဏီတွေအနေနဲ့ အလုပ်ခေါ်ရာမှာ စင်္ကာပူ နိုင်ငံသားများကို ဦးစားပေးရွေးချယ်ဖို့ အစိုးရအနေနဲ့ ညွှန်ကြားချက်ပေးထားပါတယ်။ အရင်က အလုပ်ခေါ်ရာမှာ အလုပ်ရှင်တွေအနေနဲ့ကိုယ်ကြိုက်နှစ်သက်သလို ကြော်ငြာ၊ ကြိုက်သလို ရွေးချယ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့တနှစ်လောက်က စပြီး အစိုးရရဲ့ ညွှန်ကြားချက်အရ PR/စင်္ကာပူနိုင်ငံသားများအတွက်သီးသန့် တည်ထောင်ပေးထားတဲ့ Website မှာ အရင်ကြော်ငြာရပါတယ်။ သုံးပတ်လောက်နေပီး လျှောက်ထားမဲ့သူ မရှိမှသာ နိုင်ငံခြားသားများကို ခေါ်ဆိုခွင့်ရှိပါတယ်။ ဒီအတွက်ကြောင့် အရင်ကထက်စာရင် ပိုပီးခက်ခဲသွားတာကို တွေ့ရပါတယ်။ အလုပ်ရှင်တွေ အနေနဲ့လည်း နိုင်ငံခြားသားကို ဈေးချိုချိုနဲ့ ခန့်ချင်ရင်တောင် တန်းခန့်လို့ မရတော့ပါဘူး။
၂၀၁၄ အကုန်လောက်ကစပြီး ကျဆင်းလာတဲ့ နိုင်ငံတကာရဲ့ စီးပွားရေးဟာလည်း စင်္ကာပူမှာရှိတဲ့ ပညာရှင်များ ၊ ဝန်ထမ်းများကို တိုက်ရိုက်ထိခိုက်မှုတွေ ဖြစ်လာပါတယ်။ အလုပ်အတော်များများမှာ ဝန်ထမ်းလျှော့ချရေးအစီအစဉ်တွေဆွဲပြီး ဝန်ထမ်းတွေကို အလုပ်မှ ရပ်ဆဲကြပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ မြန်မာပညာရှင် အိုင်တီသမားတွေလည်း ပါခဲ့ပါတယ်။ EP/SPass သမားတွေသာမက PR တွေလည်းပါပါတယ်။ တချို့တလေလည်း အလုပ်ပြန်ရှာရတဲ့ အခက်အခဲကြောင့် Pass ကုန်တဲ့အချိန်မှာ ပြန်သွားရတဲ့ သူတွေရှိပါတယ်။ အခု ၂၀၁၆ နှစ်လည်ပိုင်းအထိ တွေ့နေရဆဲပါ။ ပိုမိုကောင်းမွန်လာဖို့ အရိပ်အယောင်ကလည်း နဲသေးတာမို့ အခုမှ စပြီးအလုပ်လာရှာမဲ့ သူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဒါပေမဲ့ တကယ်လိုအပ်တဲ့နေရာမှ ခေါ်နေဆဲအလုပ်တွေကတော့ ရှိပါတယ်။ ဒါလက်ရှိ စင်္ကာပူ အခြေအနေပါ။
နောက်ထပ်မေးခွန်းထဲက တခုကတော့ မြန်မာအများစုရှိတဲ့ ကုမ္ဗဏီမှာလုပ်ရင် အဆင်ပြေနိုင်ပါသလား၊ မြန်မာအများစုလုပ်ကိုင်နေတဲ့ နေရာတွေကို သိချင်ပါတယ်မေးခွန်းပါ။ တကယ်တော့ အပြင်ထွက်လာပြီဆိုရင် ကိုယ်အဓိကထားရမဲ့ ဘာသာစကားဟာ အင်္ဂလိပ်စာပါ၊ အင်္ဂလိပ်လို ပြောတတ် ဖတ်တတ် ရေးတတ် ပေါင်းသင်းဆက်ဆံတတ်ရင် မြန်မာရှိရှိမရှိရှိ အဆင်ပြေမှာပါ။ ကိုယ့်မြန်မာအချင်းချင်းဆို ပိုပြီးအကူအညီရနိုင်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒါကို မျှော်ပြီး အားကိုးချင်တဲ့စိတ်ကို ဖျောက်ပစ်ဖို့လိုအပ်ပါတယ်။ ကိုယ့်တက်လမ်း ကိုယ့်မိသားစုအတွက် ကိုယ့်နိုင်ငံကတောင် အရဲစွန့်ပြီး ထွက်လာခဲ့ပြီပဲ။ ကိုယ့်အနေနဲ့ ပြောတတ်ဆိုတတ်ပြီး ကိုယ်ယူရတဲ့ တာဝန်ကို ကျေအောင်လုပ်နိုင်ရင် ရပါပြီ။ မြန်မာ အိုင်တီပညာရှင် အများစုကတော့ SI လို့ခေါ်တဲ့ System Integrators တွေမှာ အရများပါတယ်။ အဲ့ဒီ SI တွေက လူများများခန့်လေ့ရှိပြီး စွယ်စုံရတဲ့ မြန်မာလူငယ်အများစုကို သဘောကျကြပါတယ်။ အင်္ဂလိပ်စကားပြောသာတဲ့ ဖိလစ်ပိုင်တွေကတော့ Call Center တွေ၊ ISP တွေရဲ့ Level 1 NOC ဒါမှမဟုတ် Customer service လိုနေရာမျိုးတွေမှာ တွေ့ရများပါတယ်။
အခုလောက်ဆို လက်ရှိစင်္ကာပူရဲ့ အခြေအနေနဲ့ အလုပ်နဲ့နေထိုင်ခွင့်လျှောက်ထားမှုကိစ္စတွေအတွက် ခန့်မှန်းလို့ရလောက်ပြီလို့ ယူဆပါတယ်။ အသေးစိတ်ထပ်သိချင်ရင်တော့ www.mom.gov.sg မှာ လေ့လာကြည့်ပါ။
SAT
http://www.mom.gov.sg/eservices/services/employment-s-pass-self-assessment-tool
Video- Guide to Singapore's work pass
http://www.mom.gov.sg/passes-and-permits
https://www.youtube.com/embed/jO-6hPoOk4k?rel=0
ကိုဖြိုး
Sunday, 21 August 2016
CCENT/CCNA ICND1
CCNA ဖြေဆိုရန်အတွက် Accelerated exam ဖြစ်တဲ့ CCNA V3.0 ကိုတိုက်ရိုက်ဖြေဆိုလို့ရသလို ICND exam အတွဲနှစ်ခုကို ပေါင်းစပ်ပီးလည်း ဖြေဆိုလို့ရပါတယ်။ အဲဒီ နှစ်ခုကနေ ICND1 ဖြစ်တဲ့ CCNET exam အကြောင်းကိုလေ့လာကြည့်ရအောင်။
CCENT ဆိုတာကတော့ Cisco Certified Entry Networking Technician ကိုပြောတာဖြစ်ပီး CCNA အောက်တဆင့် Entry Level စာမေးပွဲတစ်ခုပါ။ CCNA ကိုတိုက်ရိုက်လေ့လာဖို့အတွက် အခက်အခဲရှိ တဲ့သူတွေ၊ Networking ဖက်ကို အသက်မွေးဝမ်းကြောင်း အနေနဲ့စတင်ပြောင်းလဲချင်သူတွေ အတွက် ဖြေးဖြေးမှန်မှန်နဲ့ အခြေခံတွေရရှိနိင်ဖို့အတွက် သွားနိုင်တဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ CCENT ပီးထားခြင်းအတွက် CCNA ဖြစ်ဖို့ ၅၀% လောက်ပီးမြောက်သွားပီလို့လဲဆိုနိုင်ပါတယ်။ CCNA တိုက်ရိုက် တန်းဖြေလို့ရရဲ့သားနဲ့ ဘာကြောင့်တန်းမဖြေလည်းဆိုတာကလည်း မေးစရာပါ။ ရွေးချယ်ရာမှာ ကိုယ့်ရဲ့ အခြေခံနားလည်နိုင်မှု၊ လေ့လာနိုင်မှု၊ အချိန်ပေးနိုင်မှုတွေနဲ့ သက်ဆိုင်သလို တခြား Specialist Exam တွေဖြစ်တဲ့ CCNA Security, CCNA Wireless, CCDA စတဲ့ စာမေးပွဲတွေကို ဖြေဆိုနိုင်ဖို့အတွက် CCNA ဖြစ်စရာမလိုပဲ CCENT ဖြစ်ရုံနဲ့တင် ဆက်လက်ဖြေဆိုလို့ရတာကလည်း CCENT ရွေးချယ်မှုအတွက် အကြောင်းအရာတခုဖြစ်ပါလိမ့်မယ်။
အခုလက်ရှိ CCENT version ကတော့ 100-105 ICND1 V3.0 ပါ။ မေးခွန်းအရေအတွက် ၄၅-၅၅ ရှိတဲ့ မိနစ် ၉၀ ကြာစာမေးပွဲကို ဖြေရမှာဖြစ်ပါတယ်။ CCNA နဲ့ယှဉ်ရင်တော့ မေးခွန်းအနဲငယ်သာ လျော့နဲပါတယ်။ ICND1 မှာပါဝင်တဲ့ အကြောင်းအရာတွေကို အခုနောက်ဆုံးထွက်တဲ့ Wendell Odom ရဲ့ Official Cert Guide ကိုလေ့လာကြည့်ကြတာပေါ့။ အဓိက အခန်းကြီးအနေနဲ့ စုစုပေါင်း ၁၁ ခုပါဝင်ပါတယ် ဒါပေမယ့် နောက်ဆုံးနှစ်ခုက Review နဲ့ Appendixes ဖြစ်တဲ့အတွက် ပထမ ၉ ခန်းကိုသာ အဓိက လေ့လာရမှာ ဖြစ်ပါတယ်။
Part I: Networking Fundamentals
Part II: Implementing Basic Ethernet LANs
Part III: Ethernet LANs: Design, VLANs, and Troubleshooting
Part IV: IP Version 4 Addressing and Subnetting
Part V: Implementing IPv4
Part VI: IPv4 Design and Troubleshooting
Part VII: IPv4 Services: ACLs and NAT
Part VIII: IP Version 6
Part IX: Network Device Management
Networking ကိုလုံးဝမသိသေးသူအတွက် အခြေခံတွေကို အဓိကအလေးပေးထားပီး နဲနဲပိုပြီးခက်ခဲနိုင်တဲ့ Dynamic Routing တို့လိုအကြောင်းအရာတွေကိုထည့်မထားပါဘူး။ ဒါပေမယ့် CCENT ပီးထားတဲ့ သူတယောက်အတွက် Technician Level အလုပ်လုပ်နိုင်အောင်တော့ တကယ်အသုံးတည့်မဲ့ အခြေခံတွေကို အသေးစိတ်ထည့်ထားတာတော့ သူရဲ့တန်ဖိုးကိုမြင့်တက်စေပါတယ်။ ဒါကြောင့်လည်း တချို့က CCNA ကိုတန်းမဖြေပဲ ICND1 ICND2 လမ်းကြောင်းကို ရွေးချယ်ကြတာပါ။ ကျွန်တော့ကို အကြံတောင်းရင်တော့ အချိန်ပေးနိုင်တယ်၊ ပိုက်ဆံအနည်းငယ်ပိုအကုန်ခံနိုင်တယ်ဆိုရင် ရွေးချယ်မယ်ဆိုရင် ရွေးလို့သင့်တဲ့ လမ်းကြောင်းပါ။ လက်မှတ် အနေနဲ့ကတော့ CCNA လောက် အသုံးဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် CCNA ကိုမေးခွန်းတွေကျက်ပီးဖြေတာထက်စာရင် ICND တွေကို အချိန်ပေးပီး ပေါ့ပေါ့ပါးပါးနဲ့ သေချာဖတ်၊ လေ့လာ၊လေ့ကျင့် ဖြေဆိုခဲ့မယ်ဆိုရင် အလုပ်ထဲရောက်တဲ့အချိန်ကြရင် ကိုယ့်ကိုအကျိုးပြုလာပါလိမ့်မယ်။ CCNA ကိုသေချာလုပ်မယ်ဆိုရင်လည်း ICND1/2 ပေါင်းလောက်အချိန်ပေးရမှပါပဲ ဒါပေမဲ့ စာမေးပွဲအတွက် လေ့လာရတဲ့ ခေါင်းစဉ်တွေကတော့ နဲ့သွားတာပေါ့။ ICND1/ICND2 ကိုလေ့လာပီး CCNA ကိုတိုက်ရိုက် ဖြေကြတဲ့သူတွေလည်းရှိပါတယ်။ နောက်အချိန်ရရင် CCENT မှာပါဝင်တဲ့ အကြောင်းအရာကို ထပ်ပီးရေးပေးပါမယ်။
ကိုဖြိုး
Subscribe to:
Posts (Atom)