Sunday, 11 June 2017
ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား CCEP
မကြာသေးခင်ကပဲ Cisco ကနေ Cisco Continuing Education Program ဆိုပြီး မိတ်ဆက်လိုက်တာ ဖတ်လိုက်ရတယ်။ CCIE/CCDE တို့ရထားတဲ့ Expert Level Certificates holders အတွက် စာမေးပွဲဖြေဆိုစရာမလိုပဲ သက်တမ်းတိုးဖို့အတွက်ပါ။ လက်ရှိ စနစ်ဖြစ်တဲ့ စာမေးပွဲတွေ ဖြေဆိုပြီး သက်တမ်းပြန်ယူရတဲ့ ပုံစံ အပြင် နောက်ထပ် ပုံစံတမျိုးနဲ့ သွားလို့ရသွားတာပေါ့။ လိုအပ်ချက်တွေကတော့ အခုလို ဖော်ပြထားကို တွေ့ရပါတယ်။
• Agree to the Terms and Conditions associated with the Continuing Education Program as part of the enrollment process
• Earn 100 credits required by completing any of the preapproved Continuing Education offerings
• Pay the Continuing Education administrative fee
သက်တမ်းမကုန်ခင်မှာ CEP Credit ၁၀၀ ပြည့်အောင်လုပ်ရမယ်။ ပြီးရင် Admin Fee $300 ပေးရမယ်။ ဒါဆိုရင် စာမေးပွဲဖြေစရာ မလိုပဲ သက်တမ်းတိုးပြီးသား ဖြစ်သွားပါမယ်။ Credit ၁၀၀ ပြည့်ဖို့အတွက် နည်းလမ်း အမျိုးမျိုးရှိပါတယ်။ သင်တန်းတွေ တက်မလား၊ စာရေးမှာလား၊ Cisco Live က နည်းပညာ ဟောပြောပွဲတွေ တက်မလား စသဖြင့် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ ဖြည့်လို့ရပါတယ်။ ဒါပေမယ့် Credit ပေးတာ အများဆုံးကတော့ သင်တန်းတွေ တက်တာပါပဲ။
Cisco သင်တန်းတွေဟာ အများအားဖြင့်ဈေးကြီးပါတယ်။ US $3000 လောက် ကနေ စပြီး အဆင့်ဆင့် ရှိပါတယ်။ ကျွန်တော် CCIE Bootcamp တက်ခဲ့တုန်းကဆိုရင် $5000 လောက်ရှိပါတယ်။ တခြား Product training တွေလည်း အတူတူပါပဲ။ ဒါပေမယ့် Partner Company တွေအနေနဲ့ အလကား တက်ခွင့်ရှိပါတယ်။ ဒီတော့ အဲဒီလို အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက်တော့ အဆင်ပြေပါတယ်။ အဲဒီလို တက်ခွင့် မရှိသူတွေအဖို့ကတော့ Credit ၁၀၀ ပြည့်အောင် ခန့်မှန်း အနေနဲ့ $10000 လောက် အသုံးပြုရမလို ဖြစ်နေပါတယ်။ Cisco Live တက်ရင်လည်း ဝင်ကြေး၊ ခရီးစရိတ်၊ တည်းခိုခနဲ့ ပေါင်းလိုက်ရင် $5000 လောက် တော့ သွားမှာပါပဲ။ နောက်ပြီးတော့ Cisco Live က ရမဲ့ Credit ကို ၇၀ အထိသာ ကန့်သတ် ထားပါတယ်။
အရင်က PEC (Partner Education Connection) ဆိုပြီး ရှိပါတယ်။ အဲဒီမှာ အွန်လိုင်းသင်တန်းတွေ၊ လက်တွေ့ လုပ်ဖို့အချိန်တွေ အလကား အသုံးပြုခွင့် ရှိပါတယ်။ ပီးခဲ့တဲ့ နှစ်အနည်းငယ်က PEC အစား Cisco SalesConnect ဆိုပြီး ပြောင်းလိုက်ပါတယ်။ PEC မှာရခဲ့တဲ့ အတိုင်း ရသေးသလားတော့ သေသေချာချာ မကြည့်ရသေးဘူး။ အဲဒါတွေကနေပြီး Credit အတွက် ရနိုင်မယ်ဆိုရင်တော့ ငွေကြေးအားဖြင့် အနည်းငယ် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ဒါလည်း Partner Level Company မှာ ရှိနေတဲ့သူအတွက်ပဲ အဆင်ပြေ မှာပါ။ Cisco Live website မှာ အရင့် အရင်ပွဲတွေက ဟောပြောထားတဲ့ နည်းပညာ ဟောပြောပွဲတွေ အများကြီးရှိပါတယ်။ အလွန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီ အကြောင်းအရာတွေ (Offline archive videos/presentation) တွေကို အသုံးပြုပြီး Credit ယူလို့ ရ မရဆိုတာတော့ သေသေချာချာရှင်းပြထားတာ မတွေ့မိသေးပါဘူး။ အဲဒီဟာတွေကနေ Credit ပေးသင့်ပါတယ်။
ဒီလိုပုံစံမျိုးကို (ISC)² ရဲ့ Certificates တွေဖြစ်တဲ့ CISSP လိုမျိုး လက်မှတ်တွေမှာအသုံးပြုနေတာ ကြပါပြီ။ CPE (Continuing Professional Education) လို့ခေါ်တယ်။ တစ်နှစ်ကို အခု ၄၀ နဲ့ ၃ နှစ်အတွက် စုစုပေါင်း ၁၂၀ ပြည့်အောင် တင်ပေးရတယ်။ သူကတော့ Vendor Specific မဟုတ်တဲ့အတွက် ကြိုက်တဲ့ဟာ လေ့လာ လို့ရပါတယ်။ Security နဲ့ ပက်သက်တာတွေရော မပက်သက်တာတွေကိုပါ ခွင့်ပြုပါတယ်။ စာရေးလို့ရတယ်၊ စာအုပ်ဝယ်ဖတ်ပြီး ကိုယ်ဘယ်လောက် နားလည်တယ်ဆိုတာ ရေးတင်လို့ရတယ်၊ အွန်လိုင်းဟောပြောပွဲတွေ နားထောင်လို့ရတယ် စသဖြင့် နည်းလမ်းမျိုးစုံရှိပါတယ်။ အများစုက အခမဲ့ပါ။ အလကားပါ။ တပြားမှ မပေးရပါ။ နှစ်စဉ်ကြေး $85 သွင်းရပါတယ်။ အခမဲ့ CPE တွေက Credit ပေးတာနည်းတယ်ဆိုရင် ကိုယ်ကြိုက် တဲ့ သင်တန်းကို ပိုက်ဆံပေးတက်၊ ပြီးရင် Credit ရဖို့အတွက် တင်ပြရင်လည်း ရနိင်ပါတယ်။ 1hr session = 1 CPE ပါ။ အခပေးရော အခမဲ့ ပါ နှစ်မျိုးစလုံးနဲ့ CPE ကို ဖြည့်လို့ရပါတယ်။
ဒီတော့ Cisco အနေနဲ့လည်း တကယ်သာ ဖြစ်စေချင်ရင် အခုထက်ပိုတဲ့ Resource တွေထပ်မံဖြည့်တင်းပြီး အခမဲ့ ရနိုင်မဲ့ နည်းလမ်းများကို လည်းထပ်ထည့်ပေးသင့်တယ်လို့ထင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ရည်ရွယ်ချက်က သိပ်ပြီးတော့ အားရစရာမရှိပါဘူး။ တနည်းအားဖြင့် အခပေး သင်တန်းများကို တက်လာအောင်၊ Cisco Live ကို ပိုပြီး လူလာအောင် လုပ်တဲ့ Marketing နဲ့ ဆက်နွယ်တဲ့ အစီအစဉ်တစ်ခုလို့ ထင်ရပါတယ်။ ဒီအတိုင်းဖြေရင် Written exam အတွက် စာအုပ်ဝယ်ဖတ်တာ၊ စာမေးပွဲကြေး သွင်းတာ $1000 ဆို လောက်ပါပြီ။ ဒီတော့ အခုလို အစီအစဉ်မျိုး ပြောင်းလာတာ ဝမ်းသာစရာဆိုပေမယ့် $$$ Focus ဖြစ်နေပုံထောက် တာကတော့ သိပ်မနိပ်ပါဘူး။
https://learningnetwork.cisco.com/community/certifications/cisco-continuing-education-program
ကိုဖြိုး
Sunday, 28 May 2017
ဆိုင်ဘာရန်များမှ ကင်းဝေးရေး ဝိုင်းဝန်းကူညီဝေမျှပေး
(ISC)2 INSPIRING A SAFE AND SECURE CYBER WORLD
CISSP တစ်ယောက်ဖြစ်လာပြီဆိုရင် လိုက်နာဖို့အတွက် (ISC)2 ကနေချမှတ်ထားတဲ့ Code of Ethics တွေရှိပါတယ်။ အဲဒါတွေကတော့ အောက်ကဖော်ပြထားတဲ့ အချက် ၄ ချက်ပါ။
* Protect society, the common good, necessary public trust and confidence, and the infrastructure.
* Act honorably, honestly, justly, responsibly, and legally.
* Provide diligent and competent service to principles.
* Advance and protect the profession.
အဲဒီအချက်တွေအထဲကမှ ပထမဆုံး အချက်ဟာ အင်တာနက်တို့ အွန်လိုင်းတို့ လို့ခေါ်တဲ့ Cyber World အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာ အများစုကို ကာကွယ်ဖို့၊ ကူညီဖို့၊ ဒီကိစ္စတွေကို သေသေချာချာ မသိသေးတဲ့သူတွေ၊ နားမလည်သေးတဲ့ ကလေးငယ်တွေ၊ အိုင်တီနဲ့ ရင်းနှီးမှုမရှိတဲ့ လူကြီးတွေကို ကိုယ် တတ်နိုင် တဲ့ အပိုင်းကနေ အသိပညာပေးဖို့၊ မိမိပတ်ဝန်းကျင်က Cyber World နဲ့ ထိတွေ့ နေတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံလို အင်တာနက်ကို အရှိန်အဟုန် နဲ့ ထိတွေ့လာတဲ့ နိုင်ငံမျိုး၊ နေရာမျိုးအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ထက် အရင်ရှေ့ ရောက် နေတဲ့ နိုင်ငံတွေမှာတောင် Cyber Bullying တွေ၊ Cyber Crime တွေကြောင့် ပြဿနာတွေ ဖြစ်ပေါ် နေတာ နေ့စဉ်နဲ့ အမျှပါပဲ။ အလုပ်တွေမှာလည်း အိုင်တီလုံခြုံရေးကို တာဝန်ယူထားရတဲ့ အဖွဲ့ အစည်းတွေ ကလည်း ဝန်ထမ်းတွေကို အမြဲလိုလို သတိပေး၊ ပညာပေးတွေ လုပ်နေပါတယ်။ အဲဒါတွေကို တွေ့မြင်မိတိုင်း ကျွန်တော့်တို့ နိုင်ငံက အိုင်တီ၊အင်တာနက်ကို ဖုံးတွေက တဆင့် စတင်ရင်းနှီးလာစဖြစ်တဲ့ ကလေးတွေ၊ လုကြီးတွေအတွက် စိုးရိမ်ပူပန်မိပါတယ်။ လူငယ် လူရွယ်တွေ မှာလည်း တချို့ က အိုင်တီကို သိကြပေမယ့် လုံခြုံရေးအသိအနေနဲ့ မသိသေးတာတွေကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် အင်တာနက် အွန်လိုင်း သုံးတော့မယ် ဆိုရင် သိထားသင့်တဲ့ လုံခြုံရေးဆိုင်ရာ အသိပေးချက်တွေကို လေ့လာထားသင့်ပါတယ်။
The Internet is a great place to learn, shop, and connect with friends and family, but it can also be dangerous. Learn how to protect yourself from sneaky predators, identity thieves, and online scammers.
ဘယ်လိုလေ့လာရမလဲ၊ ဘာတွေဖတ်ရမလဲဆိုရင်တော့ (ISC)2 ကနေ ပြင်ဆင်ပေးထားတဲ့ ဆိုဒ်တစ်ခုဖြစ်တဲ့ https://safeandsecureonline.org ကနေလေ့လာနိုင်ပါတယ်။ အဲဒီမှာ အင်တာနက် အသုံးပြုနေတဲ့ သူတွေအတွက် သိထားသင့်တဲ့ အချက်တွေကို အုပ်စုခွဲထားပြီး သိသင့်သလို ဖော်ပြထားပါတယ်။ ကလေးတွေအတွက်ဆိုရင်လည်း စိတ်ဝင်စားလာအောင် ဂိမ်းတွေ၊ ကာတွန်းပုံပြင်လေးတွေ အနေနဲ့ ဖော်ပြထားပြီး ပေးလိုတဲ့အဓိကအချက်တွေကို ကလေးတွေ မှတ်မိအောင် လုပ်ပေးထားပါတယ်။
ကလေးတွေအတွက်
https://safeandsecureonline.org/children/
40% of children have chatted online with a stranger. The online chats have the potential to turn into dangerous situations. This is where you come in.
မိဘတွေ၊ အုပ်ထိမ်းသူတွေအတွက်
https://safeandsecureonline.org/parents-guardians/
လူကြီးများအတွက်
https://safeandsecureonline.org/seniors/
အိုင်တီ၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ (Facebook) အကြောင်းတွေကို နားလည်ပြီးသား လူငယ်လူရွယ်တွေ အနေနဲ့လည်း ဒီအထောက်အကူပြု အချက်အလက်တွေကို အသုံးပြုပြီးတော့ ကိုယ့်ရဲ့ ကလေး၊ အဖိုးအဖွား လူကြီးတွေကိုလည်း ပြောပြ ရှင်းပြပေးဖို့တိုက်တွန်းလိုပါတယ်။ ဒါမှသာ အင်တာနက်၊ ဆိုရှယ်မီဒီယာ ကနေ တဆင့် ကိုယ့်ရဲ့ တကယ့်အပြင်က ကိုယ့်ဘဝထဲကို ဝင်ရောက်လာနိုင်တဲ့ မလိုလားအပ်တဲ့ ကိစ္စတွေကို တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ ကျောင်းတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့လည်း Volunteers တွေအဖြစ် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို မျှဝေပေးသင့်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း လိုအပ်လို့လာခေါ်ရင် Volunteer အဖြစ် လာရောက်ပေးဖို့ကြိုးစားပေးပါမယ်။
တတ်နိုင်သလောက် မိမိရဲ့ ပတ်ဝန်းကျင်ကို ကူညီကြရင်း Cyber World ထဲမှာလုံခြုံစိတ်ချစွာ လေ့လာ သင်ယူ ဆက်သွယ်နိုင်ကြပါစေ။

Monday, 22 May 2017
ISIS on XR
XR ပေါ်မှာ Configuration ရေးတဲ့ ပုံစံဟာ သက်ဆိုင်တဲ့ Protocol အောက်၊ Address-family အောက်မှာ ရေးလေ့ရှိတဲ့ အတိုင်း ISIS ဟာလည်း သူနဲ့ သက်ဆိုင်တဲ့ Config တွေကို protocol အောက်မှာတင် အကုန်ရေးလို့ ရပါတယ်။ ထုံးစံအတိုင်း Neighbor Up/Down Status ကို ကြည့်ဖို့ရာအတွက်လည်း သီးသန့်ရေးပေးရပါတယ်။ အဲလိုမှ မဟုတ်ရင် မမြင်ရပါဘူး။ သီအိုရီကတော့ အတူတူပါပဲ ဒါပေမယ့် LinkState ခြင်း အတူတူ OSPF ကိုသာ အသုံးများကြတာမို့ သိပ်ရင်းနှီးမှု မရှိပါဘူး။ SP environment မှာသာ မြင်တွေ့ရလေ့ရှိတဲ့ IOS XR လိုပါပဲ။ အခုနောက်ပိုင်းတော့ Fabric ကြောင့် Enterprise ဖက်ကိုပါ ဆက်နွယ်လာပြီ ဖြစ်ပါတယ်။ လွယ်ကူအောင် Single Level နဲ့ Level 2 သီးသန့် LAB တစ်ခုအဖြစ်နဲ့ စမ်းကြည့်တာပေါ့။
Level 2 ဟာ OSPF နဲ့ ယှဉ်ကြည့်ရင် Backbone area နဲ့ သွားတူတာကြောင့် Route တွေဖလှယ်ရာမှာ လွယ်ကူပါတယ်။ ဒါပေမယ့် Backbone Area လို့တော့ မသုံးပါဘူး။ Level 2 router တွေတိုက်ရိုက်ချိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ Level 1 ကတော့ OSPF က NSSA နဲ့တူသလို Intra-area သီးသန့်ပါ။ Level 2 route တွေကိုလက်မခံပဲ Default route အဖြစ်နဲ့သာ အပြင်ကိုထွက်ပါတယ်။ L2 route တွေလိုချင်ရင်တော့ Redistribution သပ်သပ်လုပ်ရပါတယ်။ ISIS မှာပြောတဲ့ Area က NET Address မှာပါတဲ့ Area အစိတ်အပိုင်းကိုပြောတာဖြစ်ပါတယ်။ IS IS တခုနဲ့တခု ဆက်သွယ်ဖို့ရာအတွက် လိုအပ်တဲ့ တခုတည်းသော address လို့ ဆိုရင်လည်းရပါတယ်။ NET (Network Entity Title) ဆိုတာကတော့ OSPF မှာဆိုရင် Router ID နဲ့တူပါတယ်။ NSAP address တခုဖြစ်ပြီး IDP နဲ့ DSP ဆိုပြီးခွဲထားပါတယ်။ ISIS router တွေရဲ့ နောက်ဆုံး NSEL က 0 ပါ။
ဥပမာ
49.0001.1111.1111.1111.00
Area address = 49.0001
System ID = 1111.1111.1111
NSEL = 00
အသေးစိတ်ကိုတော့ NSAP အကြောင်းရေးထားတာကို သေချာဖတ်ကြည့်မှ နားလည်ပါလိမ့်မယ်။
Neighbor ဖြစ်ဖို့ရန်အတွက် Level တူရပါတယ်။ Network Type အနေနဲ့ Broadcast နဲ့ Point to point နှစ်မျိုးသာရှိပါတယ်။ OSPF လိုအများကြီး မရှိပါဘူး။ Broadcast Network မှာ OSPF DR အစား DIS ဆိုတာရှိပါတယ်။ BDR တော့ မရှိပါဘူး။ Basic Configuration အနေနဲ့တော့ သိပ်ပြီးရှုပ်ထွေးမှုမရှိပါဘူး။ NET အပြင် ဘယ် Level မှာအလုပ် လုပ်မလဲ၊ ဘယ် address-family မှာသုံးမလဲ ထည့်ရေးရပါတယ်။
RP/0/0/CPU0:XRV2#conf t
RP/0/0/CPU0:XRV2(config)#router isis xrv
RP/0/0/CPU0:XRV2(config-isis)# net 49.1212.0000.0000.0002.00
RP/0/0/CPU0:XRV2(config-isis)#interface Loopback0
RP/0/0/CPU0:XRV2(config-isis-if)# passive
RP/0/0/CPU0:XRV2(config-isis-if)#address-family ipv4 unicast
RP/0/0/CPU0:XRV2(config-isis-if-af)#
RP/0/0/CPU0:XRV2(config-isis-if-af)#interface GigabitEthernet0/0/0/0
RP/0/0/CPU0:XRV2(config-isis-if)#circuit-type level-2-only
RP/0/0/CPU0:XRV2(config-isis-if)#address-family ipv4 unicast
RP/0/0/CPU0:XRV2(config-isis-if-af)#interface GigabitEthernet0/0/0/1
RP/0/0/CPU0:XRV2(config-isis-if)# circuit-type level-2-only
RP/0/0/CPU0:XRV2(config-isis-if)#address-family ipv4 unicast
RP/0/0/CPU0:XRV2(config-isis-if-af)#commit
Neighbor/ Adjacency ကြည့်ဖို့အတွက်။ ဒီမှာမြင်ရတဲ့ SNPA ဟာ Neighbour router interface ရဲ့ MAC ပါ။ Neighbour ဟာ IP ပေါ်မှာ အလုပ်လုပ်တာမဟုတ်ပဲ DataLink Layer ကနေလုပ်သွားတာကို သတိပြုရပါမယ်။
RP/0/0/CPU0:XRV2#sh isis neighbors
IS-IS xrv neighbors:
System Id Interface SNPA State Holdtime Type IETF-NSF
XRV1 Gi0/0/0/0 5000.0001.0001 Up 27 L2 Capable
VXR Gi0/0/0/1 ca03.22bd.001c Up 8 L2 Capable
RP/0/0/CPU0:XRV2#sh isis adjacency
IS-IS xrv Level-1 adjacencies:
System Id Interface SNPA State Hold Changed NSF IPv4 IPv6
BFD BFD
IS-IS xrv Level-2 adjacencies:
System Id Interface SNPA State Hold Changed NSF IPv4 IPv6
BFD BFD
XRV1 Gi0/0/0/0 5000.0001.0001 Up 26 00:05:50 Yes None None
VXR Gi0/0/0/1 ca03.22bd.001c Up 8 00:04:25 Yes None None
Total adjacency count: 2
RP/0/0/CPU0:XRV1#sh int g0/0/0/0 | i bia
Hardware is GigabitEthernet, address is 5000.0001.0001 (bia 5000.0001.0001)
Route တွေကြည့်ဖို့အတွက်။
RP/0/0/CPU0:XRV2#sh route ipv4 isis
i L2 1.1.1.1/32 [115/10] via 12.12.12.1, 00:04:10, GigabitEthernet0/0/0/0
i L2 3.3.3.3/32 [115/10] via 192.168.2.2, 00:02:52, GigabitEthernet0/0/0/1
i L2 192.168.1.0/24 [115/20] via 192.168.2.2, 00:02:52, GigabitEthernet0/0/0/1
[115/20] via 12.12.12.1, 00:02:52, GigabitEthernet0/0/0/0
IOS မှာဆိုရင်
VXR#sh isis neighbors
Tag xrv:
System Id Type Interface IP Address State Holdtime Circuit Id
XRV1 L2 Fa0/0 192.168.1.1 UP 23 VXR.01
XRV2 L2 Fa1/0 192.168.2.1 UP 26 VXR.02
VXR#sh clns neighbors
Tag xrv:
System Id Interface SNPA State Holdtime Type Protocol
XRV1 Fa0/0 5000.0001.0002 Up 27 L2 IS-IS
XRV2 Fa1/0 5000.0002.0002 Up 23 L2 IS-IS
VXR#sh ip route isis
1.0.0.0/32 is subnetted, 1 subnets
i L2 1.1.1.1 [115/10] via 192.168.1.1, 00:10:23, FastEthernet0/0
2.0.0.0/32 is subnetted, 1 subnets
i L2 2.2.2.2 [115/10] via 192.168.2.1, 00:03:01, FastEthernet1/0
12.0.0.0/24 is subnetted, 1 subnets
i L2 12.12.12.0 [115/20] via 192.168.2.1, 00:03:01, FastEthernet1/0
[115/20] via 192.168.1.1, 00:03:01, FastEthernet0/0
အခုလောက်ဆို ISIS ကို သိပ်မစိမ်းတော့ဘူးတော့ ယူဆပါတယ်။
ကိုဖြိုး
Sunday, 7 May 2017
eve
ဒီတော့ စမ်းသပ်တဲ့ LAB တွေနဲ့ အပြင်လုပ်ငန်းခွင်မှာ အသုံးပြုရတဲ့ ပုံစံရဲ့ ကွာခြားမှုဟာ ကျဉ်းမြောင်း လာပါတယ်။ Cisco ဆိုရင် CCIE Exam တစ်ခုလုံးကို တကယ့် ပစ္စည်းတွေနဲ့ သုံးခဲ့ပေမယ့် အခုဆိုရင် အကုန်လုံးကို VM တွေနဲ့ ပြောင်းလဲခဲ့တာကိုတွေ့ရပါတယ်။ Cisco ကိုယ်တိုင်ထုတ်တဲ့ VIRL ဟာဆိုရင်လည်း အလွန်ကောင်းတဲ့ Network Emulator တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်စဉ်ကြေး ပေးသုံးရတဲ့ အတွက် အသုံးပြုသူနဲကြပါတယ်။ သူ့လောက်နီးပါး အလုပ်လုပ်နိုင်တဲ့ UNL ကို အသုံးများပါတယ်။ GNS3 မှာလည်း VirtualBox နဲ့ တွဲပြီး VM တွေကို ပေါင်းစပ်ပြီး အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် Virtualization အပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ UNL က ပိုပြီးတော့ လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ UNL ကနေ eve (Emulated Virtual Environment) ဆိုပြီး ထပ်ပြီး မွန်းမံလိုက်တဲ့ အခါမှာတော့ ပိုပြီး ကောင်းလာပါတယ်။ VIRL က Cisco အဓိကဖြစ်ပြီးတော့ eve က တော့ တခြားအမျိုးအစား image များကိုပါ အသုံးပြုလို့ရပါတယ်။
eve မှာ အသုံးပြုလို့ရတဲ့ image တွေကို ဒီမှာကြည့်နိုင်ပါတယ်။
http://www.eve-ng.net/index.php/documentation/supported-images
Cisco နဲ့ Juniper အပြင် တခြားနာမည်ကြီး တံဆိပ်နဲ့ ပစ္စည်းတွေကိုပါ အသုံးပြုလို့ရပါတယ်။ အဲဒီအရာတွေ အားလုံးပေါင်းစပ်ပြီး Enterprise တစ်ခုမှာ လက်တွေ့ သုံးနေတဲ့ Network တစ်ခုပုံစံမျိုးတောင် လုပ်ကြည့် လို့ရပါတယ်။
စတင်အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်ရတာ အနည်းငယ် အခက်အခဲရှိနိုင်ပေမယ့် သူရဲ့ Documentation အတိုင်း ကြည့်ပြီး လိုက်လုပ်ရင် အဆင်ပြေသွားပါလိ်မ့်မယ်။ လိုအပ်တဲ့ image တွေကို ရှာဖို့တော့ လိုပါ လိမ့်မယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ နဲနဲလောက် အားစိုက် ရှာလိုက်ရင် ရနိုင်ပါတယ်။ ကွန်ပျူတာ ကတော့ အနဲဆုံး 8GB RAM ရှိမှသာ အဆင်ပြေပါလိ်မ့်မယ်။ အနဲဆုံး 2GB ရှိရင် IOS တွေသုံးလို့ရပြီ ဆိုပေမယ့် အဆင်မပြေလောက်ပါဘူး။ IOS XR လိုအမျိုးအစားတွေ ဆိုရင် ပိုဆိုးပါတယ်။ IOS XR ၂ လုံးကို VMware Workstation ပေါ်မှာ အသုံးပြုတာ RAM 10GB ကျော်အထိသုံးသွားတာတွေ့ရပါတယ်။ ဒါကတော့ Cisco VIRL မှလည်း အတူတူပါပဲ။ Nexus ၂ လုံးလောက်သုံးလိုက်တာနဲ့ 10GB လောက် ရောက်သွား ပါတယ်။ VIRL လိုနှစ်စဉ်ကြေး မပေးရတာကတော့ အကုန်အကျသက်သာစေပါတယ်။ သူရဲ့ အလုပ်အတွက်၊ နောက်ထပ်ရပ်တည် လုပ်ဆောင်မှုတွေ အတွက် Paypal ကနေတော့ အလှုငွေ ထည့်ပေး လို့ရပါတယ်။
How to Guide တွေ How to Video တွေပါ လုပ်ထားပေးတဲ့အတွက်လည်း အဆင်ပြေပါတယ်။ GNS3 နဲ့ VIRL လိုပဲ လုပ်ဆောင်မှုကောင်းပြီး လုပ်ငန်းခွင်အတွက်ရော လေ့လာဖို့အတွက်ပါ အသုံးတည့်တဲ့ Network Emulator တစ်ခုဖြစ်တဲ့ အတွက် စမ်းသပ်အသုံးပြုကြည့်သင့်တယ်လို့ထင်ပါတယ်။ ဒါ့အပြင် အိုင်တီ နယ်ပယ်မှာ ဆက်လက်ရပ်တည် နေမည့် သူတွေအဖို့ Virtualization ရဲ့ အရေးပါပုံ အသုံးတည့်ပုံတွေကို ပိုပြီး မြင်လာနိုင်ပါတယ်။ System သမားပဲဖြစ်ဖြစ် Network သမားပဲ ဖြစ်ဖြစ် Security ဖက်ကပဲ ဖြစ်ဖြစ် Virtualization ကို မသိထားရင် ဆားမပါပဲ ဟင်းချက်ရသလို၊ စားနေရသလို ဖြစ်လာပါလိ်မ့်မယ်။
http://www.eve-ng.net/
ကိုဖြိုး
Tuesday, 25 April 2017
EIGRP on XR
EIGRP ရဲ့ သဘောတရားကတော့ အတူတူပါပဲ ဒါပေမယ့် XR ရဲ့ ကန့်သတ်ချက်လေး တွေရှိနေတာကိုတော့ သတိပြုရပါမယ်။ IOS XR ပေါ်မှာ EIGRP Configuration လုပ်တဲ့ ပုံစံကိုဆက်ကြည့်ရအောင်။ သိသိသာသာ ပြောင်းသွားတာကတော့ Address-family အောက်မှာ အသုံးပြုရတဲ့ပုံစံပါ။ Auto summary က Default အနေနဲ့ ပိတ်ထားတဲ့ အတွက် no auto summary မလိုပါဘူး။ Neighbors up/down status ကိုကြည့်ဖို့ ရာအတွက် ထည့်ရေးပေးရပါတယ်။ အဲဒါမပါရင် Neighbor up/down အခြေအနေကို Log မှာ မမြင်ရပါဘူး။
RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#log-neighbor-changes
RP/0/0/CPU0:XR1(config-eigrp-af)#interface g0/0/0/0
RP/0/0/CPU0:XR1(config-eigrp-af-if)#exit
RP/0/0/CPU0:XR1(config-eigrp-af)#exi
RP/0/0/CPU0:XR1(config-eigrp)#exit
RP/0/0/CPU0:XR1(config)#commit
RP/0/0/CPU0:Apr 23 12:44:17.626 : eigrp[1002]: %ROUTING-EIGRP-5-NBRCHANGE : EIGRP-1: default-v4 1: Neighbor 192.168.1.2 (GigabitEthernet0/0/0/0) is up: new adjacency
Show IP Protocols နဲ့ ကြည့်ရင် သူရဲ့ Default setting/ timers တွေကို အလွယ်တကူ သိနိုင်ပါတယ်။
RP/0/0/CPU0:XR1#sh ip protocols
Routing Protocol: EIGRP, instance 1
Default context AS: 1, Router ID: 192.168.1.1
Address Family: IPv4
Logging neighbor changes
Default networks not flagged in outgoing updates
Default networks not accepted from incoming updates
Distance: internal 90, external 170
Maximum paths: 4
EIGRP metric weight K1=1, K2=0, K3=1, K4=0, K5=0, K6=0
EIGRP metric rib scale 128
EIGRP metric version 64-bit
EIGRP maximum hopcount 100
EIGRP maximum metric variance 1
EIGRP NSF: enabled
NSF-aware route hold timer is 480s
NSF signal timer is 20s
NSF converge timer is 300s
Time since last restart is 00:00:11
SIA Active timer is 180s
Interfaces:
GigabitEthernet0/0/0/0
RP/0/0/CPU0:XR1#sh eigrp nei
IPv4-EIGRP Neighbors for AS(1) VRF default
H Address Interface Hold Uptime SRTT RTO Q Seq
(sec) (ms) Cnt Num
0 192.168.1.2 Gi0/0/0/0 11 00:01:30 59 354 0 2
Commit လုပ်တဲ့အချိန်မှာ အမှားပါသွားရင် လက်မခံပါဘူး။ ဘာကြောင့် လက်မခံသလဲဆိုတာကို failed config ကနေပြန်ကြည့်နိုင်ပါတယ်။ ဒီနမူနာမှာဆိုရင် load sharing အတွက် Maximum paths ကို 32 အထိရတယ်ဆိုပြီး ဆိုပါတယ် ဒါပေမယ့် တကယ် ကိုယ်သုံးတဲ့ Platform က လက်မခံနိုင်ရင်တော့ မရပါဘူး။
RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#maximum-paths 32
RP/0/0/CPU0:XR1(config-eigrp-af)#commit
% Failed to commit one or more configuration items during a pseudo-atomic operation. All changes made have been reverted. Please issue 'show configuration failed [inheritance]' from this session to view the errors
RP/0/0/CPU0:XR1(config-eigrp-af)#show configuration failed inheritance
!! SEMANTIC ERRORS: This configuration was rejected by
!! the system due to semantic errors. The individual
!! errors with each failed configuration command can be
!! found below.
router eigrp 1
address-family ipv4
maximum-paths 32
!!% 'eigrp' detected the 'warning' condition 'C12000 Platform can support only 16 maximum-paths'
!
!
End
ပြန်ပြင်ပြီး သုံးလိုက်ရင် အဆင်ပြေသွားပါတယ်။
RP/0/0/CPU0:XR1(config-eigrp-af)#maximum-paths 16
RP/0/0/CPU0:XR1(config-eigrp-af)#commit
RP/0/0/CPU0:XR1(config-eigrp-af)#
RP/0/0/CPU0:XR1#sh ip protocol | i path
Maximum paths: 16
Load sharing မှာ unequal load အတွက် Variance သုံးရတယ်ဆိုတာ သိကြမှာပါ။ အများဆုံး 128 အထိလက်ခံတယ်။
RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#variance ?
<1-128> Metric variance multiplier
RP/0/0/CPU0:XR1(config-eigrp-af)#variance 128
RP/0/0/CPU0:XR1(config-eigrp-af)#commit
RP/0/0/CPU0:XR1(config-eigrp-af)#
RP/0/0/CPU0:XR1#sh ip protocol | i variance
EIGRP maximum metric variance 128
မူလပုံစံအတိုင်း ပြန်ထားလိုက်မယ်။
RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#no variance
RP/0/0/CPU0:XR1(config-eigrp-af)#no maximum-paths
RP/0/0/CPU0:XR1(config-eigrp-af)#commit
RP/0/0/CPU0:XR1(config-eigrp-af)#
RP/0/0/CPU0:XR1#sh ip protocol | i "path|variance"
Maximum paths: 4
EIGRP maximum metric variance 1
Route ကြည့်တဲ့ပုံစံ ပြောင်းသွားတယ်။ အရင်အတိုင်းလည်း ရပါသေးတယ် ဒါပေမယ့် သူပုံစံနဲ့ ကြည့်ရင် အနောက်က အသေးစိတ် ထပ်ပြီး ကြည့်လို့ရတာတွေ ပိုများတယ်။
RP/0/0/CPU0:XR1#sh ip route eigrp
D 2.2.2.2/32 [90/10752] via 192.168.1.2, 00:07:25, GigabitEthernet0/0/0/0
RP/0/0/CPU0:XR1#show route eigrp
D 2.2.2.2/32 [90/10752] via 192.168.1.2, 00:07:10, GigabitEthernet0/0/0/0
Authentication အတွက် Key ကို activate လုပ်တာနဲ့ မရသေးဘူး။ Cryptographic-algorithm ကို md5 အသုံးပြုမှရတယ်။
RP/0/0/CPU0:XR1(config)#
RP/0/0/CPU0:XR1(config)#key chain E-KEY
RP/0/0/CPU0:XR1(config-E-KEY)#key 1
RP/0/0/CPU0:XR1(config-E-KEY-1)#key-string clear cisco
RP/0/0/CPU0:XR1#show key chain E-KEY
Key-chain: E-KEY/ -
Key 1 -- text "045802150C2E"
cryptographic-algorithm -- Not configured
Send lifetime: Not configured
Accept lifetime: Not configured
RP/0/0/CPU0:XR1(config)#router eigrp 1
RP/0/0/CPU0:XR1(config-eigrp)#address-family ipv4
RP/0/0/CPU0:XR1(config-eigrp-af)#interface g0/0/0/0
RP/0/0/CPU0:XR1(config-eigrp-af-if)#authentication keychain E-KEY
RP/0/0/CPU0:XR1(config-eigrp-af-if)#commit
RP/0/0/CPU0:XR1#show eigrp interfaces g0/0/0/0 detail | i "Key|key"
Authentication mode: MD5 Key chain: E-KEY
No active key found in keychain database
Packets dropped due to wrong keychain config: 0
Neighbour ပြုတ်သွားလိမ့်မယ်။ တစ်ဖက်က ဒီအတိုင်းလိုက်ပြောင်းရင်လည်း ရမှာ မဟုတ်။
RP/0/0/CPU0:Apr 23 13:20:51.565 : eigrp[1002]: %ROUTING-EIGRP-5-NBRCHANGE : EIGRP-1: default-v4 1: Neighbor 192.168.1.2 (GigabitEthernet0/0/0/0) is down: authentication mode changed
ဒီအခြေအနေအထိ မရသေးဘူး။ Key activate လုပ်ဖို့အတွက် Lifetime ထည့်ပြီး md5 ပြောင်းမယ်။
RP/0/0/CPU0:XR2#conf t
RP/0/0/CPU0:XR2(config)#key chain E-KEY
RP/0/0/CPU0:XR2(config-E-KEY)# key 1
RP/0/0/CPU0:XR2(config-E-KEY-1)#send-lifetime 00:00:00 22 April 2017 infinite
RP/0/0/CPU0:XR2(config-E-KEY-1)#accept-lifetime 00:00:00 22 April 2017 infinite
RP/0/0/CPU0:XR1(config-E-KEY-1)#cryptographic-algorithm md5
RP/0/0/CPU0:XR1(config-E-KEY-1)#commit
RP/0/0/CPU0:XR1(config-E-KEY-1)#
ဒီပုံစံအတိုင်း နှစ်ဖက်စလုံးမှာ ထည့်လိုက်ရင်တော့ Key active ဖြစ်သွားပြီး Neighbor ပြန်တက်လာမှာဖြစ်ပါတယ်။
RP/0/0/CPU0:XR1#show eigrp interfaces g0/0/0/0 detail | i "Key|key"
Authentication mode: MD5 Key chain: E-KEY
Current active key id: 1
RP/0/0/CPU0:XR1#sh eigrp nei
IPv4-EIGRP Neighbors for AS(1) VRF default
H Address Interface Hold Uptime SRTT RTO Q Seq
(sec) (ms) Cnt Num
0 192.168.1.2 Gi0/0/0/0 11 00:00:22 35 210 0 6
အခုလောက်ဆို IOS XR ပေါ်မှာ Basic EIGRP Configuration ကို အလုပ်ဖြစ်အောင်လုပ်လို့ ရသွားပါပြီ။ Route policy တွေ ဘာတွေနဲ့ တွဲသုံးလိုက်ရင်တော့ ပိုပြီး အဆင်ပြေသွားပါလိမ့်မယ်။

Saturday, 22 April 2017
စကားပြောခြင်း အနုပညာ။
ကျွန်တော် ငယ်စဉ်က လူတွေနဲ့စကားပြောရမှာ အတော်ဝန်လေးတတ်ပါသည်။ လူတွေနဲ့ပြောရတာ မကြိုက်လို့ တိရိဆန်တွေနဲ့ပြောရတာ ကြိုက်တယ်လို့လည်း မထင်စေချင်ပါ။ တကယ်ကတော့ ကျွန်တော် စကားမပြောချင်တာက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အပေါင်းသင်းများ မဟုတ်၊ လှပချောမောသော ကောင်မလေးများလဲ မဟုတ်၊ ကာစတမ်မာဟုခေါ်သော စားသုံးသူများဖြစ်သည်။ စားသုံးသူဟု ဆိုရာတွင် အစားအသောက်လုပ်ငန်းအတွက်ဆိုလျှင် သင့်တော်ပေမယ့် ကျွန်တော်တို့လို အိုင်တီလုပ်ငန်းဘက်တွင်တော့ အဲဒီလို ခေါ်ရတာ အူကြောင်ကြောင်နိုင်လှသည်။ ဖောက်သည်ဆိုရင်လဲ ပိုဆိုးပေလိမ့်မည်။ မဖြစ်သေး။ သုံးစွဲသူဟုဆိုရင်လဲ မကောင်းတဲ့ဘက်ကို နွယ်နေသလိုမျိုးဖြစ်နေပြန်သည်။ ဖတ်ခဲ့ဘူးတဲ့ မှူခင်းဂျာနယ်ထဲက သူတွေကို မြင်ယောင်မိသည်။ မြန်မာစကားသည် အတော်ခက်သည်။ ထားလိုက်တော့ ကာစတမ်မာလို့ပဲ ခေါ်လိုက်မည်။ သူတို့၏နောက်တွင် အထက်အရာရှိဆိုသော သူများပါသည်။ သူတို့ပီးလျှင် တော့ငွေကြေးများ ကိုင်တွယ်တဲ့ အဖွဲ့ ဖြစ်သည့် အကောင့်တန့်များဖြစ်ကြသည်။
သူတို့နဲ့ စကားမပြောချင်သည့် အကြောင်းရင်း ကျွန်တော့မှာ ခိုင်ခိုင်လုံလုံရှိသည်။ အများကြီးရှာစရာမလို တစ်ခုသာ ရှိသည်။ ရစ်လို့ဖြစ်သည်။ ကိုယ်ကြိုက်သည့် ကောင်မလေးကရစ်လျင်ခံနိုင်ပေမယ့် ထိုသူများ ရစ်လျှင်တော့ မခံစားနိင်၊ ပိုပြီးကြေကွဲရသည်။ ကာစတမ်မာတွေရစ်လို့အိမ်ပြန်နောက်ကျခဲ့သည့် ရက်များမှာ မရေတွက်နိုင်အောင်ရှိသည်။ အထက်အရာရှိခေါ် ဘော့စ်တွေရစ်လျင် အပိုဆာဒါးတွေ ပိုပြီးလုပ်ရတယ်ဟု ထင်မိသည်။ အကောင့်တန့်များ ရစ်လျှင်တော့ မိမိ၏ ရှိစုမဲ့စု လစာလေးကနေ စိတ်မကောင်းခြင်းများစွာနဲ့ စိုက်ထားရသော ကားခများ၊ဟိုကြေးဒီကြေးများ ပြန်ရဖို့ နှေးကွေးတတ်သည်။ တိုက်ဆိုင်မှုတွေလား မပြောတတ် ကျွန်တော်ကြုံခဲ့ရသော အကောင့်တန့်များမှာ အများစုက အပျိုကြီးများဖြစ်ကြသည်။ ငယ်စဉ်ကကြားခဲ့ရသည်မှာလဲ အပျိုကြီးများသည် ပို၍ရစ်တတ်ကြသည်ဟုဆိုတော့ နဂို အခံနဲ့ပင် ကိုယ့်ကို ရစ်နေသည်ဟု ခံစားမိသည်။ တကယ်တော့ အဲလိုမဟုတ်။ သူငယ်ချင်း အကောင့်တန့်များရှိနေ၍ ပြန်ဖြည်မှ ဖြစ်မည်။
ဒီလိုနဲ့ အသက်တွေကြီးလာသလို၊ လုပ်ခဲ့တဲ့ အလုပ်တွေ၊ အပြောင်းအလဲတွေလည်း အမျိုးစုံလာသည်။ တချိန်က ကွန်ပြူတာနောက်တွင် ပေကပ်ပြီး ထိုင်ရမထ နည်းပညာကို ချစ်ခင် ခုံမင်စွဲမက်စွာနဲ့ နေ့ညမနား ကြိုးစားခဲ့ရင် တနေ့ ရွှေထီးဆောင်းရမယ်ဆိုတဲ့ အတွေးတွေဟာ အနည်းငယ် အစွန်းရောက်သလို ခံစား လာရသည်။ ရောက်လေရာ နေရာတိုင်းမှာ စကားမပြာပဲပီးသွားတဲ့အလုပ် ဟူ၍ မရှိသလောက်ပင်။ တချို့ဆို ဘာမှတောင် မလုပ်လိုက်ရပဲ စကားပြောရင်းနဲ့ပင် အဆင်ပြေသွားတာတွေ ရှိသည်။ ရစ်လှပါသည်ဆိုသော ကာစတမ်မာများကို သူတို့စိတ်ကျေနပ်အောင် စိတ်မခုအောင် ပြောတတ်ဆိုတတ်လျှင် သိပ်မရစ်ကြတော့။ ကံကောင်းရင် ဟယ်လီကော်ပတာတောင် အလကား စီးရတန်ကောင်း၏။ ကျွန်တော့် ကာစတမ်မာထဲမှာ ဟယ်လီကော်ပတာ ငှားသည့်သူလည်းပါသည်။ တော်ကြာ အပေါ်ရောက်တော့မှ အရင်က မကျေနပ်တာတွေ သတိရပြီး တွန်းချလျှင် ဒုက္ခရောက်မည်စိုး၍ လိုက်မစီးခဲ့။ ဘော့စ်ဆိုသည့်သူများကလည်းကိုယ်က ရေကုန်ရေခမ်း ညစ်လို့မကျန် ခါလို့မကျအောင် လုပ်ခဲ့သည့်တိုင် သူတို့မမြင်၊ မသိလျှင် အလုပ်လုပ် နေတယ်လို့ မထင်။ လစာတိုးဖို့ဆို ဝေလာဝေး။ မှားရင်၊ ကာစတမ်မာ ကွန်ပလိန်းတက်လျှင် အရင်ဆုံးသိသည်။ ဒီတော့ သူတို့ကို ကိုယ်အလုပ်လုပ်ကြောင်း တော်ကြောင်း ပြဖို့ ပြောပြဖို့လိုသည်။ ခပ်ချေချေနေလို့မရ။ ဖားခိုင်းတာ မဟုတ်။ မိမိ၏ အရည်အသွေးကို ဖုံးနေသော ပြာများကို ကိုယ်တိုင်ခါချပီး ရဲရဲတောက်နေသော ကိုယ့်ရဲ့ မီးစတွေကို ဖော်တတ်ဖို့လိုသည်။ အကောင့်တန့်များကတော့ သူတို့တောင်းဆိုသည့် အချက်အလက်၊ စာရွက်စာတမ်းများ စုံလင်အောင် အချိန်မှီ ပေးနိုင်ရင် သိပ်ပြဿနာ မရှိ။ မသကာ နောက်ကျရင် တစ်လပေါ့။ သူတို့ရဲ့ အလုပ်သဘောအရ စာရင်းကို အကြွေးထားလို့မရ။
ဒီနေရာမှာ ကျွန်တော်ပြောလို့သည့် အချက်ကို တလွဲထင်သွားမှာဆိုးရသည်။ ကိုယ်လျှေက်နေတဲ့ ပညာသည် လမ်းကြောင်းမှာ ဘာမှ မတတ်၊ မလေ့လာပဲ စကားပဲ ပြောနေလို့မရ။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကျွမ်းကျင်ဖို့ က အဓိက လိုအပ်ချက်ဖြစ်သည်။ ကာစတမ်မာတွေက အချဉ်တွေမဟုတ်၊ သူတို့လည်း ဂူးဂဲ သုံးတတ်တာကို မေ့ထားလို့မရ။ ဘော့စ်ဆိုသည့် သူများကိုလည်း ဒီဘဲကြီး သေချာမသိတော့ပါဘူးကွာဆိုပြီး အဲနီးဟောင်း ဘတ်လို့မရ၊ သူတို့လည်း ငယ်ရာက ကြီးလာသူများဖြစ်သည်။ တချို့ဆို ကစားသမား ဘဝမှာ သိပ်မအောင်မြင်ပေမယ့် နည်းပြလုပ်သည့်အခါ ပိုမြင် ပိုကောင်းအောင် လုပ်တတ်ကြသည်။ လက်ရှိ မန်ယူနည်းပြ၊ အရင် ချယ်ဆီးနည်ပြဟောင်း မော်ရင်ဟိုကို ပဲကြည့်။ သူယူခဲ့တဲ့ ဖလားတွေ က နည်းတာမဟုတ်။သူ အင်တာဗျူးပြီး ခန့်လိုက်လို့ သာ ကိုယ်ဒီအလုပ်ကို ရောက်လာခြင်းဖြစ်သည်။ ဒီတော့ ကိုယ်တကယ်မလုပ်ပဲ ဖြီးနေရင် သူတို့အလွယ်တကူသိသည်။ ဆိုလိုချင်တာက နည်းပညာ တစ်ခုတည်း သိနေတတ်နေလို့မရ၊ ကိုယ့်ရဲ့ အလုပ်တက်လမ်း ကယ်ရီယာ တိုးတက်ကြောင်းမှာ စကားပြောနိင်ဖို့ အရေးအသားကောင်းဖို့၊ ပြဿနာတစ်ခု ပေါ်လာရင် နည်းပညာ တစ်ခုတည်းသာမက ဘက်ပေါင်းစုံကနေ လိမ္မာပါးနပ်စွာ ဖြေရှင်းနိင်ဖို့တွေပါ လိုအပ်ကြောင်း ပြောပြလိုခြင်းဖြစ်ပါသည်။
စစ်စကိုတွေ ဂျနီပါတွေ ဗွီအမ်ဝဲတွေ အရေးပါသလို ဆော့ဖ် စကေးလို့ခေါ်တဲ့ စကားပြောခြင်း အနုပညာရပ်ကိုပါ အလေ့အကျင့်လုပ်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို မြှင့်တင်ကြပါလို့ တိုက်တွန်း လိုက်ရပါသည်။
ကိုဖြိုး
Monday, 17 April 2017
OSPF on XR
High-End Service Provider Router တွေမှာ အသုံးပြုတဲ့ IOS ဟာ မြင်နေကြ သုံးနေကြ Consumer/ Enterprise ဘက်မှာသုံးတဲ့ Classical IOS နဲ့ မတူဘဲ Modular IOS ဖြစ်တဲ့ IOS XR ကို အသုံးပြုထားပါတယ်။ SP Environment မှာသာ တွေ့ ရမှာ ဖြစ်ပြီး ထိတွေ့ ဖို့ အခွင့်အရေး နဲတဲ့ အတွက် သိပ်ပီး ရင်းနှီးလေ့ မရှိကြပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း Virtualization ရဲ့ နည်းပညာကြောင့် IOS XR တို့ NX-OS တို့ကို VM တွေအဖြစ်နဲ့ စမ်းသပ် အသုံးပြုလို့ ရလာပြီ ဖြစ်ပါတယ်။ OS မတူသလို အသုံးပြုရတာလည်း မတူပါဘူး။
နမူနာ အဖြစ်နဲ့ IOS XR ပေါ်မှာ OSPF Basic Configuration ကို ဘယ်လို လုပ်ရသလဲဆိုတာ ကို လေ့လာကြည့်ရအောင်။
xxxxxxxxxxxxxxxxx
Peering
xxxxxxxxxxxxxxxxx
RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router ospf CORE
RP/0/0/CPU0:XR1(config-ospf)#area 0
RP/0/0/CPU0:XR1(config-ospf-ar)#int GigabitEthernet0/0/0/0
RP/0/0/CPU0:XR1(config-ospf-ar-if)#exit
RP/0/0/CPU0:XR1(config-ospf-ar)#exit
RP/0/0/CPU0:XR1(config-ospf)#exit
RP/0/0/CPU0:XR1(config)#show config
Building configuration...
!! IOS XR Configuration 5.2.0
router ospf CORE
area 0
interface GigabitEthernet0/0/0/0
!
!
!
end
RP/0/0/CPU0:XR1(config)#commit
RP/0/0/CPU0:XR2#conf t
RP/0/0/CPU0:XR2(config)#router ospf CORE
RP/0/0/CPU0:XR2(config-ospf)#area 0
RP/0/0/CPU0:XR2(config-ospf-ar)#interface GigabitEthernet0/0/0/0
RP/0/0/CPU0:XR2(config-ospf-ar-if)#exit
RP/0/0/CPU0:XR2(config-ospf-ar)#exit
RP/0/0/CPU0:XR2(config-ospf)#exit
RP/0/0/CPU0:XR2(config)#commit
RP/0/0/CPU0:XR2(config)#exit
RP/0/0/CPU0:XR1#sh ip ospf nei
* Indicates MADJ interface
Neighbors for OSPF CORE
Neighbor ID Pri State Dead Time Address Interface
192.168.1.2 1 FULL/BDR 00:00:38 192.168.1.2 GigabitEthernet0/0/0/0
Neighbor is up for 00:00:21
Total neighbor count: 1
RP/0/0/CPU0:XR1#sh ip ospf interface | in Type
Process ID CORE, Router ID 192.168.1.1, Network Type BROADCAST, Cost: 1
xxxxxxxxxxxxxxxxxxxx
Change Network Type
xxxxxxxxxxxxxxxxxxxx
RP/0/0/CPU0:XR1(config-ospf-ar-if)#show config
Building configuration...
!! IOS XR Configuration 5.2.0
interface GigabitEthernet0/0/0/0
!
router ospf CORE
area 0
interface GigabitEthernet0/0/0/0
network point-to-point
!
!
!
end
RP/0/0/CPU0:XR1(config-ospf-ar-if)#commit
RP/0/0/CPU0:XR1#sh ip ospf interface | i Type
Process ID CORE, Router ID 192.168.1.1, Network Type POINT_TO_POINT, Cost: 1
xxxxxxxxxxxx
Change Cost
xxxxxxxxxxxx
RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router ospf CORE
RP/0/0/CPU0:XR1(config-ospf)# area 0
RP/0/0/CPU0:XR1(config-ospf-ar)# interface GigabitEthernet0/0/0/0
RP/0/0/CPU0:XR1(config-ospf-ar-if)#cost 10
RP/0/0/CPU0:XR1(config-ospf-ar-if)#commit
RP/0/0/CPU0:XR1(config-ospf-ar-if)#
RP/0/0/CPU0:XR1#
RP/0/0/CPU0:XR1#sh ip ospf interface | i Type
Process ID CORE, Router ID 192.168.1.1, Network Type POINT_TO_POINT, Cost: 10
xxxxxxxxxxxxxxxx
Authentication
xxxxxxxxxxxxxxxx
RP/0/0/CPU0:XR1#conf t
RP/0/0/CPU0:XR1(config)#router ospf CORE
RP/0/0/CPU0:XR1(config-ospf)# area 0
RP/0/0/CPU0:XR1(config-ospf-ar)# interface GigabitEthernet0/0/0/0
RP/0/0/CPU0:XR1(config-ospf-ar-if)#authentication message-digest
RP/0/0/CPU0:XR1(config-ospf-ar-if)#message-digest-key 1 md5 cisco
RP/0/0/CPU0:XR1(config-ospf-ar-if)#exit
RP/0/0/CPU0:XR1(config-ospf-ar)#commit
RP/0/0/CPU0:XR1(config-ospf-ar)#
RP/0/0/CPU0:XR1#sh ip ospf interface
GigabitEthernet0/0/0/0 is up, line protocol is up
Internet Address 192.168.1.1/24, Area 0
Process ID CORE, Router ID 192.168.1.1, Network Type POINT_TO_POINT, Cost: 10
<Output Omitted>
Message digest authentication enabled
Youngest key id is 1
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Configuration လုပ်တဲ့ အခါမှာ အားလုံးကို OSPF Process အောက်ကနေလုပ်သွားတာကို တွေ့ရမှာပါ။ နောက်တခါ Configuration ကို Staging အဖြစ်ရေးထားပြီး Commit လုပ်မှသာ တကယ်ပြောင်းသွားတာကိုလည်း သတိထားမိပါလိမ့်မယ်။
Configuration ပုံစံပြောင်းသွားပေမယ့် OSPF ရဲ့ သဘောတရား၊ လုပ်ဆောင်ပုံနဲ့ သတ်မှတ်ချက်တွေက တော့ အတူတူပါပဲ။ ဒီတော့ နည်းပညာကို သေချာနားလည် ထားမယ်၊ လေ့လာထားမယ်ဆိုရင်တော့ ဘယ် IOS ပေါ်မှာ ဖြစ်ဖြစ်၊ ရေးပုံရေးနည်း လေ့လာပီးရင် လိုချင်တဲ့ ပုံစံအတိုင်း ရေးသားနိုင်မှာဖြစ်ပါတယ်။
မြန်မာ့နှစ်သစ်မှာ အစစ အရာရာ အောင်မြင် ကျန်းမာစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ကိုဖြိုး။

Subscribe to:
Posts (Atom)