Routing protocol တွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ Protocol ကိုပြပါဆိုရင် BGP လို့ဆိုရမှာဖြစ်ပါတယ်။ သူ့မှာပါတဲ့ Attributes တွေ၊ Preference ရွေးချယ်ပုံတွေ၊ Route-map တို့ Regular expression တို့နဲ့တွဲဖက်အသုံးပြုတဲ့ပုံတွေဟာ တခြား Protocol တွေထက် အများကြီးလုပ်ဆောင်နိုင်ပါတယ်။ Neighbor တစ်ခုစီဖြစ်စေ အုပ်စုလိုက် Peer-group တို့ဖြစ်စေ စသဖြင့် ကြိုက်သလို Configure လုပ်နိုင်ပုံတွေဟာ တခြား Protocol တွေသုံးတာနဲ့မတူတဲ့အတွက် Admin ရဲ့ နားလည်ပုံ၊ အတွေ့အကြုံကိုလိုက်ပီး စိတ်ကြိုက်အသုံးပြုနိုင်ပုံတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါတင်မကပဲ အပြင် Internet ကအဖွဲ့အစည်းအတွေ နဲ့တိုက်ရိုက်ချိတ်ဆက်တဲ့နေရာမှာလည်း သူ့ကိုပဲသုံးရပါတယ်။ တကမ္ဘာလုံးရဲ့ Routes တွေကိုကြည့်နိုင်တာလည်း သူကြောင့်ပါပဲ။ သူ့ရဲ့ အရေးပါမှုကြောင့်လည်း အဲဒီ Router တွေကိုကိုင်တွယ်ရတဲ့သူတွေဟာ အတွေ့အကြုံရှိဖို့ အတွေ့အကြုံရှိတဲ့သူတွေနဲ့တွဲဖက်လုပ်ဖို့လိုပါတယ်။ တဖက်ကလည်း တခုခုမှားလုပ်လိုက်ရင် ဆုံးရှုံးနိုင်တဲ့ အတိုင်းအတာကလည်း များနိုင်ပါတယ်။ BGP ကိုသုံးတယ်ဆိုကတည်းက Provider တို့Data Centre တို့ MPLS တို့ကိုသုံးနိုင်တဲ့ MNC တွေသာများတဲ့အတွက် အမှားအယွင်း သိပ်မခံတဲ့ နေရာတွေပါ။ တချို့Provider တွေမှာဆို Router ကိုတိုက်ရိုက်ပေးမဝင်ပဲ Web Page ကနေလိုအပ်တဲ့ အရာတွေသီးသန့်သာ အသုံးပြုခွင့်ရှိတဲ့ စနစ်တွေရှိပါတယ်။
BGP ဟာတဖက် Neighbor ကပေးပို့လိုက်တဲ့ Routes တွေကို Routing table ထဲကိုမပို့ခင် Route-map တို့Filter list တို့ကို Process လုပ်ပါတယ်။ ဘာမှမပြောင်းရသေးတဲ့ Routes တွေက Adj-RIB-In ထဲမှာထားပီး Process လုပ်ပီးသား Routes တွေကိုတော့ Loc-RIB မှာထားပါတယ်။ Process လုပ်ပီးသွားရင် Adj-RIB-In ကိုအသုံးပြုဖို့မလိုတော့ပါဘူး။ တဖက်က နောက်ထပ်ရောက်လာမည့် Routes တွေကို Process လုပ်ဖို့အတွက် BGP session ကိုပြန်စရပါတယ်။ ပြန်စတဲ့အခါမှာ Hard reset နဲ့ Soft reset ဆိုပီးရှိပါတယ်။ Hard reset ဟာ BGP session ကိုပြတ်သွားစေတဲ့အတွက် Production Network တွေမှာ မလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီတော့ Soft reset ကိုသုံးရပါတယ် ဒါပေမယ့် Soft reset သုံးနိုင်ဖို့အတွက် Neighbor တွေမှာ Soft reconfiguration inbound ဆိုပြီး ထည့်ထားရပါတယ်။ ဒါမှသာ Clear ip bgp neighbor soft ဆိုပြီးတော့ BGP session ကိုမပြတ်စေပဲ Update လုပ်လို့ရပါတယ်။ သူကဘာလုပ်ပေးတာလဲဆိုရင် Neighbor တခုစီရဲ့ Adj-RIB-In ကိုမဖျက်ပဲ Memory ထဲမှာ Process လုပ်ဖို့သိမ်းထားပေးတာပါ။ Neighbor များလေ၊ Routes များလေ Memory အသုံးပြုတာများလေပေါ့။ အဲဒါကို ကြည့်ချင်ရင် show ip bgp neighbor receive-routes ဆိုပီးကြည့်နိုင်ပါတယ်။
တကယ်လို့ Neighbor တွေရဲ့ Capabilities မှာ Route Refresh ဆိုတာပါလာရင်တော့ Soft reconfiguration inbound ကိုအသုံးပြုစရာမလိုတော့ပဲ Clear ip bgp neighbor soft တန်းလုပ်လို့ ရပါတယ်။ ဒါကိုတော့ Dynamic soft reset လို့ခေါ်ပါတယ်။ ဒီတော့ တစ်ခုခုပြောင်းပီး Process လုပ်ချင်ရင် Dynamic Soft reset လုပ်လိုက်ရင်ရပါတယ်။ BGP session ကိုမထိခိုက်တော့ပါဘူး။ ဘာကြောင့်ဒီကိစ္စ ဒီCommand လေးတစ်ကြောင်း ဟာအရေးပါရသလဲဆိုရင် Hard Reset ကြောင့် မလိုအပ်ပဲ ဖြစ်သွားနိုင်တဲ့ပြတ်တောက်မှုတွေ မဖြစ်စေချင်လို့ဖြစ်ပါတယ်။အဲဒီလောက်အချိန်လေးနဲ့ မထိခိုက်ပါဘူးလို့ငြင်းမယ်ဆိုရင်တော့ Online နဲ့အရောင်းအဝယ်လုပ်တဲ့နေရာ၊ ငွေးကြေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ Stock exchange တို့ Bank တို့အသုံးပြုထားတဲ့ Data Centre မှာလုပ်နေတဲ့သူတွေကို မေးကြည့်ရင် သိလာပါလိမ့်မယ်။ Human Error ကြောင့်ဖြစ်တဲ့ ပြတ်တောက်မှုတွေဖြစ်လာရင် မိမိရဲ့အလုပ်နေရာကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဒီတော့ BGP ကို ဖြစ်သလိုကိုင်တွယ်တာထက် သေချာလေ့လာပီးမှ သိမ်မွေ့စွာအသုံးပြုပါလို့ဆိုရင် မလွန်လောက်ပါဘူး။ အနုနည်းနဲ့ရှင်းလို့ရရဲ့သားနဲ့ မလိုအပ်ပဲအကြမ်းဖက်စရာ မလိုဘူးပေါ့။
SLA မရှိတဲ့နေရာမျိုး LAB လိုမျိုးမှာတော့ Hard လုပ်လုပ် Soft လုပ်လုပ် ပြဿနာမရှိပါဘူး။
အခုပြောခဲ့တာတွေကို Router ရဲ့ထုတ်ပေးထားတဲ့ အောက်က နမူနာတွေမှာ ကြည့်ရင်ပိုပီးမြင်သာပါလိမ့်မယ်။
Neighbor တွေမှာ Route Refresh capabilities ကြည့်ချင်ရင်။
R2#show ip bgp neighbors | i refresh
Route refresh: advertised and received(old & new)
Route refresh: advertised and received(old & new)
Neighbor ကနေရလာမယ့် မပြောင်းလဲရသေးတဲ့ Adj-RIB-in ကိုကြည့်တာ၊ soft reconfiguration မသုံးထားတော့ မမြင်ရပါ။
R2#sh ip bgp neighbors 192.168.1.1 received-routes
% Inbound soft reconfiguration not enabled on 192.168.1.1
အသုံးပြုထားရင် ကြည့်လို့ရပါလိမ့်မယ်။
R2(config-router)#neighbor 10.10.10.2 soft-reconfiguration inbound
R2#show ip bgp neighbors 10.10.10.2 received-routes
BGP table version is 6, local router ID is 192.168.1.2
Status codes: s suppressed, d damped, h history, * valid, > best, i – internal,
r RIB-failure, S Stale
Origin codes: i – IGP, e – EGP, ? – incomplete
Network Next Hop Metric LocPrf Weight Path
* 1.1.1.1/32 10.10.10.2 0 0 200 i
ဝင်လာတဲ့ Route ကို Local preference 500 ပြောင်းမယ်ဆိုရင်
router bgp 100
neighbor 10.10.10.2 remote-as 200
neighbor 10.10.10.2 route-map LP in
route-map LP permit 10
set local-preference 500
Soft-reset လုပ်ပီးမှ Local preference ဟာ 500 ကိုပြောင်းသွားမှာဖြစ်ပါတယ်။
R2#clear ip bgp 10.10.10.2 soft
R2#sh ip bgp
BGP table version is 6, local router ID is 192.168.1.2
Status codes: s suppressed, d damped, h history, * valid, > best, i – internal,
r RIB-failure, S Stale
Origin codes: i – IGP, e – EGP, ? – incomplet
Network Next Hop Metric LocPrf Weight Path
*> 1.1.1.1/32 10.10.10.2 0 500 0 200 i
ကိုဖြိုး
No comments:
Post a Comment