Friday, 24 July 2015

Ethernet, Static Route နဲ့ လုပ်ငန်းခွင်သုံး IP SLA



Static route ဟာ Routing မှာ အခြေခံ အကျဆုံး ဖြစ်သလို အလွန်အသုံးဝင်တဲ့ Route
ဆိုတာငြင်းလို့ရမယ်မထင်ပါဘူး၊ ပီးတော့ ချက်ချင်းဆိုသလို အလျင်အမြန်လဲ အသုံးပြုလို့ရတယ်၊ သွားချင်တဲ့နေရာနဲ့သွားရမယ့် လမ်းသိရင် မိနစ်ဝက်မျှအချိန်လေးအတွင်းမှာ ထည့်လို့ရပါတယ်။

အားနည်းချက်ကတော့ Complex Network အကြီးတွေ Routes တွေသိပ်များတဲ့ အချိန်တွေမှာ သူ့သဘာ၀ဖြစ်တဲ့ အတိုင်းတစ်ကြောင်းစီ အသွားရောအပြန်ရောလိုက်ထည့်နေရတဲ့ အတွက်အဆင်မပြေတော့ပါ၊
အဲဒီလိုအချိန်မျိုးမှာတော့ Dynamic Routes တွေဖြစ်တဲ့ OSPF/ EIGRP/ BGP တို့သုံးကြတာပေါ့
ဒါပေမယ့် Small Office/Home Office လို Internet သီးသန့်သုံးတဲ့ နေရာတွေမှာ ကိုယ့်အတွက် Default Route တခုကလွဲရင် တခြား ဘာ Route မှမလိုပါဘူး၊ Dynamic Routing မသုံးလဲ ရပါတယ်၊
Dynamic Routing သုံးချင်ပေမယ့်လဲ Service Provider ဘက် က Dynamic Routing မပေးရင်လဲ သုံးမရပါဘူး၊ ဒီလိုအခြေနေမှာ Static Route ကိုသာ သုံးရပါတယ်။

ရုံးတော်တော်များများဟာ Internet link ၂ ခုကို Failover/Backup အနေနဲ့သုံးလေ့ရှိပါတယ်၊ Router တစ်လုံးမှာ ၂ လိုင်းသုံးတာရှိသလို ပိုပီးစိတ်ချရအောင်Router ၂ လုံးနဲ့တစ်လိုင်းစီခွဲသုံးတာလဲရှိပါတယ်၊
Static route ကိုလည်း AD ၂ခုနဲ့ ပထမ၊ ဒုတိယ ဆိုပီးထည့်ကြတာပေါ့၊ E1/Serial Interfaces တွေမှာ အဲဒီ ပုံစံက အလုပ်ဖြစ်ပါတယ်၊ Protocol down ရင် static route က Routing table ကနေပြောက်သွားပါတယ်။
ဒါပေမယ့် Ethernet interface မှာဆိုရင်တော့ပြဿနာရှိပါတယ်။ Provider တွေဟာ Ethernet link ကို သူတို့ရဲ့ Mux သို့မဟုတ် Media Converter ကနေပေးကြပါတယ် အဲဒီမှာ ကိုယ့် Router ရဲ့Ethernet Interface ကိုလာတဲ့ Link ဟာ အမြဲတမ်းကောင်းနေပေမယ့် Mux/MC အပြင်က WAN/Metro link တွေဟာ မကြာခဏ ပြသနာပေးလေ့ရှိပါတယ်။

Link က up/up ဖြစ်နေပေမယ့် next hop IP ကို မရောက်တဲ့အချိန်မှာ static route ဟာ Routing table ထဲမှာ ကျန်နေပါတယ် ဒုတိယ AD နဲ့Route ကိုလည်းပြောင်းမသွားဘဲ Black Hole ဖြစ်ပီး ပြဿနာ ဖြစ်တော့တာပေါ့၊ ဒီအချိန်မှာ ပထမ Route ကို ဝင်ဖြုတ်ပေးမှ ဒုတိယ Route ကအလုပ်စလုပ်မှာပါ။
အခုလို Manual လုပ်ရတာအဆင်မပြေရင် Auto Failover ဖြစ်အောင် IP SLA ကိုသုံး အဲဒီ Static Route ကို Track လုပ်ပီး ဖြုတ်ပေးနိုင်ပါတယ်၊ ကိုယ်ကြိုက်တဲ့ IP SLA အမျိုးမျိုးနဲ့Track သုံးလို့ရပါတယ်၊
အသုံးများတာကတော့ Next hop IP ကို IP SLA နဲ့ICMP သုံးပီး Monitor လုပ် ပီးရင်Track နဲ့တွဲ၊ Loss ဖြစ်သွားရင် IP SLA နဲ့Track က Static route ကို Auto ဖြုတ်ပေးတာနဲ့ အဆင်ပြေသွားမှာပါ၊
စမ်းသပ်ချင်ရင်တော့ Router ၃လုံးကို Switch ခံပီး FE နဲ့ချိတ်၊ Router တလုံးမှာ Default route ကို Track နဲ့ထည့်၊ IP SLA နဲ့Monitor လုပ်၊ ပီးရင် ပထမ Route ရဲ့ Next hop router ရဲ့IP ကိုပြောင်းပီး IP SLA trigger ဖြစ်ရင် လိုချင်တဲ့ရလဒ်ရမှာပါ၊

ip sla 10
icmp-echo 192.168.1.2 source-ip 192.168.1.1
frequency 180
ip sla schedule 10 life forever start-time now
track 1 rtr 10 reachability
R1#sh run | i ip route
ip route 0.0.0.0 0.0.0.0 192.168.1.2 track 1
ip route 0.0.0.0 0.0.0.0 192.168.1.3 100

Next hop ပြောက်သွားရင်
*Mar 1 00:14:10.891: %TRACKING-5-STATE: 1 rtr 10 reachability Up->Down

ပြန်တက်လာရင်
*Mar 1 00:17:05.899: %TRACKING-5-STATE: 1 rtr 10 reachability Down->Up

ဒါဟာ IP SLA ရဲ့ အခြေခံ အကျဆုံး အသုံးပြုပုံပါ၊ တခြား TCP/UDP/HTTP စတာတွေနဲ့လည်းသုံးလို့ရပါတယ်၊ Voice သုံးတဲ့သူတွေ ကတော့ UDP Jitter, delay , packetloss တွေကို Monitor လုပ်ကြပါတယ်
လိုအပ်ချက်ပေါ်မူတည်ပီး Operations နဲ့Measurements တွေပြောင်းပီး သုံးရတာပေါ့။
အသေးစိတ်သိချင်ရင်


ကိုဖြိုး

No comments:

Post a Comment