Friday, 24 July 2015

သတိထားစရာ IOS bug များနှင့် လုပ်ငန်းခွင်သုံး SPAN



ပီးခဲ့တဲ့လကကြုံခဲ့တဲ့ IOS bug အကြောင်းလေး share သင့်တယ်ထင်တာနဲ့။
Customer Network တခုမှာ SPAN ကနေ RSPAN ပြောင်းဖို့Change request ရောက်လာတော့
အဖွဲ့ထဲက တယောက်ကတာဝန်ယူလိုက်တယ်။ သိပ်ပီးခက်ခက်ခဲခဲ မဟုတ်တော့ Change Window ကိုလဲ အချိန်တိုတိုပဲ တင်ထားလိုက်တယ်။
Topology ကရှင်းရှင်းလေး Switch ၃လုံး Triangle ချိတ်ထားပီး Voice recorder ကို switch 3 မှာ ချိတ်ထားတယ်၊ အစက VOIP Phone တွေအားလုံးအဲဒီ switch မှာ ဆိုတော့ Local SPAN ဘဲသုံးထားတာ အခုတခြား Switchတွေ မှာပါ တပ်မယ်ဆိုတော့ Remote SPAN သုံးရတော့မယ်။ တကယ် လုပ်တဲ့နေ့ကြတော့ အဆင်မပြေဘူး၊ Remote SPAN VLAN ကို Switch အားလုံးမှာ ထည့်လိုက်တာနဲ့Switch 3 ကိုချိတ်လို့မရတော့ဘူးလို့ပြောတယ်။

ဒါနဲ့ဝင်ကြည့်တော့ ဟုတ်တယ် သူပြောသလိုဘဲ Remote SPAN VLAN ထည့်လိုက်တာနဲ့Switch 3 ကိုဝင်လို့မရတော့ဘူး။
ပထမဆုံး သတိထားမိတာက Switch 3 က Root Switch ဖြစ်နေတာရယ် Switch 3 Management IP က SPAN source VLAN ဖြစ်တဲ့ Voice VLAN ကိုသုံးထားတယ်။ Switch 1 ကို Root Switch အဖြစ် ပြောင်းလိုက်ပီး Switch 3 Management IP ကို တခြား Management VLAN အောက်ပြောင်းလိုက်တယ်၊ ပီးတော့ Remote SPAN ပြန်ထည့်လိုက်တော့ အရင်လိုပြသနာ မရှိတော့ဘူး ဒါပေမယ့် VOIP Phone တွေအားလုံးက Switch 1 ရဲ့အပြင်က Router ကနေချိတ်ထားတဲ့ Call Manager ကို Register မလုပ်တော့ဘူး။ ဘာသွားတွေ့လဲဆိုတော့ Root Switch ကနေ SPAN Source VLAN နဲ့Destination Remote SPAN VLAN ကို Trunk တွေမှာ Block လုပ်လိုက်တယ်၊Remote VLAN ပြန်ဖြုတ်လိုက်တဲ့အချိန် မှာ VOIP Phone တွေပြန်ပီးအဆင်ပြေသွားတယ်၊ နောက်ထပ် ကြည့်ပေမဲ့ ဘာမှမှားတာမတွေ့တော့ဘူး၊ အချိန်ကလဲမရတော့ Fall back Change လုပ်လိုက်ရတော့တယ်၊


နောက်နေ့ Cisco bug search မှာရှာကြည့်မှ IOS Bug လို့သိရတယ်၊ ဒီအတွေ့အကြုံကနေ အကြံပေးချင်တာကတော့ တဆင့်ပီးတဆင့် သေချာရှင်းပီး အားလုံးသေချာပီ၊ ဒါပေမယ့် ဖြေရှင်းလို့မရတော့ရင် တခြားဖြစ်နိင်တာတွေ ဖြစ်တဲ့ Hardware/ IOS ကို ထည့်စဉ်းစားရတော့မယ်၊ အချိန်မှီ Fall back change လုပ်ပီး နဂိုအခြေအနေ အတိုင်းပြန်ရအောင်ထားပေးရမယ်၊ ဒါမှမဟုတ်ရင် Maintenance/Change ကနေ Outage ဖြစ်သွားမယ်။


အဲဒီ IOS Bug ကိုဒီနေရာမှာ ကြည့်နိုင်ပါတယ်
 
RSPAN causes port to go into BKN state due to PVID inconsistency
Symptom:
Port goes into spanning tree inconsistent ( BKN ) state due to PVID inconsistency.
Conditions:
RSPAN configured to monitor a vlan. Both the RSPAN vlan and the monitored vlan passes over the trunk. Issue not seen when the VLAN is not set for remote-span

 

စိတ်ဝင်စားသူများအတွက်
SPAN/RSPAN
CCNA/CCNP မှာဖတ်တုံးက သိပ်ပီးအသုံးပြုမဲ့ ဟာမဟုတ်ဘူးလို့ထင်ခဲ့တယ် ဒါပေမယ့် အပြင်လုပ်ငန်းခွင်မှာ အတော်သုံးကြပါတယ်၊ Troubleshooting/ Packet sniffing/ IDS/IPS/ Recording

Spanning Tree
ပထမဆုံးအချိန် Network setup ကလွဲပြီး တော်ရုံပြင်စရာ မလိုပါ၊ ဒါပေမယ့် အခုလိုပြသနာမျိုးဖြစ်လာချိန် သူ့ရဲ့အလုပ်လုပ်ပုံကို သေခြာသိထားဖို့တော့လိုအပ်ပါတယ်

သတိထားစရာ
Management IP ကို ဖြစ်နိုင်ရင် တခြား VLAN များနဲ့မရောပါနဲ့သီးသန့်ထားပါ
Cisco tools ကိုကြည့်ဖို့ရာ User login လိုပါတယ်၊ မရှိသေးသူများအတွက်

Switch မှာတွေ့ရတဲ့ Log


%SPANTREE-2-RECV_PVID_ERR: Received BPDU with inconsistent peer vlan id 35 on FastEthernet1/0/1 VLAN900.

%SPANTREE-2-BLOCK_PVID_PEER: Blocking FastEthernet1/0/1 on VLAN0035. Inconsistent peer vlan.

%SPANTREE-2-BLOCK_PVID_LOCAL: Blocking FastEthernet1/0/1 on VLAN0900. Inconsistent local vlan.
 


ကိုဖြိုး
 

No comments:

Post a Comment