Friday, 24 July 2015

LAB LAB LAB



တလောက Switching အတွက် လက်တွေ့နည်းနေလို့မေးနေတဲ့ပိုစ့်တစ်ခုတွေ့လိုက်တယ်၊ ကိုယ်တိုင်လဲ ဒီလို အခက်ခဲကြုံခဲ့တော့ ကိုယ်ချင်းစာပါတယ်၊ စာကိုဒီအတိုင်းဖတ်တာထက် လက်တွေ့လုပ်ပီးဖတ်ရတာက ပိုကောင်းပါတယ်၊ ပိုလဲသိနိုင်တယ်၊တစ်ချို့ဟာတွေက စာထဲမှာ ရှင်းပြထားပေမယ့် လက်တွေ့လုပ်တဲ့အခါ ကိုယ်သိတာ၊နားလည်တာ နဲ့အနည်းငယ်ကွဲလွဲတာ တွေတွေ့ဖူးမှာပါ၊
အလုပ်ထဲမှာ ဆိုရင်လဲ Design/ Environment ပေါ်မူတည်ပီး ကြုံတဲ့ ရလဒ်တွေ ကွဲပြားတတ်ပါတယ်၊
လက်တွေ့လုပ်ရာမှာလဲ Simulation နဲ့real device ကိုသုံးရတာလဲကွာသေးတယ်၊ CCNA လုပ်တုန်းကဆို LAB/Simulation ကရှားတော့ Boson Netsim ဘဲသုံးရတယ်၊ Real Device နဲ့သုံးရတဲ့အချိန်ကနဲတော့၊
OS တက်လာတာတောင် CIsco IOS ဆိုပီးတက်လာတာမဟုတ်၊ Boson ဆိုပီးတက်လာတာ :)

CCIE ဖြေဖို့လေ့ကျင့်တုံးကလဲ Simulation မျိုးစုံ LAB မျိုးစုံလုပ်ခဲ့တာဘဲ၊ GNS မပေါ်ခင်က Linux ပေါ်မှာ Net ဖိုင်ကိုရေးပီးသုံးရတယ်၊ နောက်ပိုင်း GNS က GUI နဲ့ဆိုတော့ အတော်သက်သာသွားတယ်၊ PC ကောင်းကောင်းတစ်လုံးတော့လိုတာပေါ့၊ ဒီမှာတော့ SGD 1000- 1500 လောက်သုံးရတယ်။
နောက်ပိုင်းမှာ Online Rack ငှားတာတွေရလာတော့ ပိုပီးအဆင်ပြေလာတယ်၊ Routing and Switching အတွက်က ကိုယ်ပိုင်ဝယ်ပီးလုပ်လဲရတယ် SGD 5000 – 10000 ကြားမှာသုံးရမယ်၊
Security/Wireless/Data Center ဆိုရင်တော့ဝယ်သုံးဖို့ရာ မလွယ်တော့ဘူး၊ Nexus တစ်လုံးတောင် ဝယ်ဖို့မဖြစ်နိင်ဘူး အတော်ဝင်ငွေကောင်းမှ။
ဒီတော့ Online Rack Rental တွေကိုဘဲ အားထားရတော့တယ်၊ သူလဲ ၄ နာရီတစ်ချိန်စာ ကို အနည်းဆုံး USD 15 လောက်ပေးရတယ်။ ဒါပေမယ့် CCNA/CCNP အတွက်ဆို Simulation များများနဲ့Online Rack အနည်းငယ်ဝယ်ပီးလေ့ကျင့်ရင် လုံလောက်မယ်ထင်ရတာဘဲ၊ အပြင်ကို Telnet/SSH တို့လှမ်းသုံးလို့ရမယ်ထင်တယ်
သင်တန်းတက်နိုင်သူတွေအဖို့တော့ သင်တန်းတွေမှာ လဲလေ့ကျင့်နိုင်တာပေါ့။

အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးမသုံးနိုင်သူများ၊(ရှက်စရာမဟုတ်ပါ၊စာသင်နေချိန် အလုပ်ဝင်ကစအချိန်တွေမှာ အများစုကြုံနေကြပါ)၊ သင်တန်းမတက်နိုင်တဲ့သူတွေ အတွက် Online Free Rack တွေရှိကြောင်း Share ပေးလိုပါတယ်၊ Free service ဟာ Free service ဖြစ်တဲ့အတွက် ဝယ်သုံးရတာ၊ သင်တန်းတက်ရတာနဲ့တော့ ကွာတာပေါ့။

သိပီးသားလဲဖြစ်မှာပါ၊ မသိသေးသူများအတွက်
Switch ၈လုံးနဲ့ချိတ်ထားတဲ့ Network တစ်ခုပါ၊ Switching လက်တွေ့လုပ်ချင်သူတွေအတွက် ကွက်တိပါဘဲ၊ အသုံးပြုသူတွေများတဲ့ အတွက် Switch ၃ လုံးလောက်ယူဖို့လက်မြန်ဖို့လိုပါတယ်၊
.sg ဆိုပေမယ့် ချိတ်ဖို့ပေးထားတဲ့ IP က US ဘက်မှာဆိုတော့ Singapore ကနေ 250ms လောက်ရှိပါတယ် စမ်းသုံးကြည့်တာ သိပ်နှေးတယ်လို့မထင်ပါဘူး၊

Cisco/Juniper Routers များနဲ့ချိတ်ထားတဲ့ Network ပါ၊
Routing စမ်းချင်သူတွေအဖို့အဆင်ပြေမှာပါ၊ Nexus လဲပါတော့ ပိုပြီးကောင်းတာပေါ့
တခြား Site တွေလဲ ရှိအုံးမှာပါ အချိန်ပေးပီး လိုက်ရှာနိုင်ရင်ပေါ့၊

ကိုဖြိုး

No comments:

Post a Comment