Saturday 25 July 2015

MPLS ကိုဘာကြောင့်သုံးကြသလဲ



MPLS (Multi-Protocol Label Switching) အကြောင်းကိုလေ့လာရာမှာ Theory ကိုတန်းပီးလေ့လာတာထက် အသုံးပြုပုံကိုအပေါ်ယံလောက်သိထားရင် ပိုပီးတော့မြင်သာမယ်ထင်တာပဲ။
ဒီတော့ ဘာကြောင့် MPLS ကိုသုံးကြလဲဆိုတာ သိရအောင် အခြေခံအချက်တစ်ချို့ကိုကြည့်ကြရအောင်။
အသုံးပြုပုံကို MNC (Multinational Corporation) တွေဘက်ကနေကြည့်ရရင်၊ MNC တွေရဲ့ရုံးတွေဟာ နေရာအနှံ့အပြားမှာရှိကြတဲ့အတွက် ရုံးအချင်းချင်းကိုချိတ်ဆက်ရာမှာအဲဒီနိုင်ငံတွေရဲ့Infrastructure, service provider တွေကပေးနိုင်တဲ့service ပေါ်မှာ မူတည်ပီး လိုအပ်သလို ရွေးချယ်ပီး သုံးကြရပါတယ်၊ အဲဒီ services တွေပေါ်ကနေပီး ကိုယ်ပိုင် (Virtual Private Network) တွေတည်ဆောက်ရပါတယ်။

IPLC (International Private Leased Circuit) တွေနဲ့ချိတ်ဆက်ကြသလို Internet ပေါ်ကနေ GRE/ IPsec လို Tunnel/IP-VPN တွေနဲ့လဲသုံးကြပါတယ်။ ဒီလိုချိတ်ဆက်မှုတွေဟာ အရေအတွက် များလာတဲ့အချိန်မှာ သိပ်အဆင်မပြေတော့တာတွေ့ရပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလိုချိတ်ဆက်မှုတွေဟာ Point to point တိုက်ရိုက်ချိတ်ဆက်မှုမှာ အခြေခံထားတော့ ဥပမာ ရုံးခွဲ ၆ ခုလောက်ကို Full-Mesh ချိတ်ဖို့အတွက်ဆို N(N-1)/2 ဖြစ်တဲ့အတွက် Link/ Tunnel ၁၅ ခုလိုပါလိမ့်မယ်။ Multipoint GRE တို့DMVPN (Dynamic Multipoint VPN) တို့သုံးရင်တော့ ပိုကောင်းတာပေါ့ ဒါပေမယ့် ရုံးအသစ်တစ်ခုထပ်တိုးတိုင်း လိုက်ပီးတော့ ပြင်ဆင်ရမယ့် အနေအထားကတော့ သိပ်လွယ်မယ်မထင်ပါဘူး။

နောက်တစ်ခုက service quality, security and management ပါ၊ Provider တွေဟာ Internet service ကို end to end QOS မပေးနိုင်ပါဘူး၊ ဒီတော့ Voice/Video တို့လို traffic တွေအတွက် Internet service ပေါ်မှာ Quality ကောင်းကောင်းနဲ့ အသုံးပြုဖို့မလွယ်ပါဘူး၊ Mangement အရလဲ Connection ပေးတာကလွဲပီး Provider ကဘာမှပါဝင်ပက်သက်ခြင်းမရှိပါဘူး။ Customer ကိုယ်ပိုင် configuration ပိုင်းကို ကိုင်တွယ်ရတာကောင်း ပေမယ့် တစ်ခုခုဖြစ်ရင် Provider ဘက်ကနေဘာမှ အကူအညီပေးနိုင်မှာ မဟုတ်ပါဘူး၊Security ပိုင်းအရလဲ တစ်ခြား Internet traffic တွေနဲ့ရောနေတဲ့အတွက် DDOS လိုဟာမျိုးထိတဲ့ အချိန် မှာ Congestion တွေကြောင့် VPN Tunnel တွေကို ထိခိုက်နိုင်ပါတယ်။ အဲဒီပြဿနာတွေ ပြေလည်ဖို့ရာအတွက် MNC တွေဟာ MPLS service ကိုရွေးချယ်လာကြပါတယ်။ MNC တွေအနေနဲ့ကိုယ့်ရဲ့ရုံး ကနေ MPLS service provider ကိုချိတ်ဆက်ဖို့Circuit တစ်ခုပဲ လိုပါတော့တယ်။ ကျန်တဲ့အပိုင်းတွေကို Provider က MPLS နည်းပညာကိုအသုံးပြုပီး စီစဉ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာ Provider တွေရဲ့MPLS PoP တွေမရှိရင်တော့ Internet ပေါ်က IP-VPN တွေကိုပဲ သုံးရတာပေါ့။
ခြုံပြောရရင်တော့ ဒီအချက်လက်တွေဟာ MPLS service သုံးရခြင်းရဲ့အားသာချက်တွေဖြစ်ပါတယ်။

Better Service quality from Provider/ Higher SLA
Quality of service/ Traffic Engineering
Security/ Privacy
Flexibility/ Future expansion
Management
Scalability
Lower cost

အခုလောက်ဆို MPLS ကိုဘာကြောင့်သုံးရလဲ ဘာနေရာမှာသုံးတာလဲဆိုတာသိနိုင်ပါပီ၊ ဒီတော့ Theory နဲ့Configuration ပိုင်းကိုလေ့လာရာမှာ ခုနကပြောခဲ့တဲ့ဟာတွေကို MPLS နည်းပညာသုံးပီး ဘာကြောင့် ဘယ်လို ပေးနိုင်တယ်ဆိုတာဆက်စပ်လေ့လာလို့ရတာပေါ့၊ဒါပေမယ့် သေချာနားလည်ဖို့ရာအတွက် BGP/ Routing/ Route distribution/ VRF စတာတွေသိထားရင် ပိုကောင်းပါလိမ့်မယ်။

ကိုဖြိုး

1 comment:

  1. I want to need more information for MPLS please give we

    ReplyDelete