Sunday 7 May 2017

eve



Network simulator/emulator များကို စာမေးပွဲဖြေဖို့ လေ့ကျင့်ဖို့ အတွက် အသုံးပြုကြသလို လုပ်ငန်းခွင် အတွက် လည်း စမ်းသပ်ဖို့၊ ကြိုတင်စီစဉ်ဖို့အတွက် စသဖြင့် အသုံးပြုလို့ရပါတယ်။ အရင်ကဆို Network Change တစ်ခုလုပ်ဖို့အတွက် အတော်စီစဉ်ရသလို ဘာဖြစ်လာမယ်၊ ဘာတွေပြောင်းသွားမယ်ဆိုတာကို အတွေ့အကြုံရှိသူ၊ ကျွမ်းကျင်သူတွေသာ သိကြပါတယ်။ အခုနောက်ပိုင်း Simulator တွေကောင်းမှုကြောင့် ဘာပြောင်းလိုက်ရင် ဘာဖြစ်မယ်ဆိုတာကို ကြိုပြီး မြင်နိုင်လာပြီး Change တွေကို ပိုပြီးတော့ စိတ်ချလက်ချ လုပ်လို့ရလာပါတယ်။ အရင်က Network simulator တွေဟာ အကန့်အသတ်တွေရှိခဲ့ပေမယ့် အခု နောက်ပိုင်း Virtualization နည်းပညာကြောင့် အတော်များများကို လုပ်ဆောင်နိုင်လာတာ တွေ့ရပါတယ်။ တကယ့်လုပ်ငန်းခွင် မှာလည်း Network Appliance တွေနေရာမှာ VM အနေနဲ့ အသုံးပြုတဲ့ XXXv တွေ အသုံးပြုလာကြတာကိုတွေ့ရပါတယ်။

ဒီတော့ စမ်းသပ်တဲ့ LAB တွေနဲ့ အပြင်လုပ်ငန်းခွင်မှာ အသုံးပြုရတဲ့ ပုံစံရဲ့ ကွာခြားမှုဟာ ကျဉ်းမြောင်း လာပါတယ်။ Cisco ဆိုရင် CCIE Exam တစ်ခုလုံးကို တကယ့် ပစ္စည်းတွေနဲ့ သုံးခဲ့ပေမယ့် အခုဆိုရင် အကုန်လုံးကို VM တွေနဲ့ ပြောင်းလဲခဲ့တာကိုတွေ့ရပါတယ်။ Cisco ကိုယ်တိုင်ထုတ်တဲ့ VIRL ဟာဆိုရင်လည်း အလွန်ကောင်းတဲ့ Network Emulator တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်စဉ်ကြေး ပေးသုံးရတဲ့ အတွက် အသုံးပြုသူနဲကြပါတယ်။ သူ့လောက်နီးပါး အလုပ်လုပ်နိုင်တဲ့ UNL ကို အသုံးများပါတယ်။ GNS3 မှာလည်း VirtualBox နဲ့ တွဲပြီး VM တွေကို ပေါင်းစပ်ပြီး အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် Virtualization အပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ UNL က ပိုပြီးတော့ လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ UNL ကနေ eve (Emulated Virtual Environment) ဆိုပြီး ထပ်ပြီး မွန်းမံလိုက်တဲ့ အခါမှာတော့ ပိုပြီး ကောင်းလာပါတယ်။ VIRL က Cisco အဓိကဖြစ်ပြီးတော့ eve က တော့ တခြားအမျိုးအစား image များကိုပါ အသုံးပြုလို့ရပါတယ်။

eve မှာ အသုံးပြုလို့ရတဲ့ image တွေကို ဒီမှာကြည့်နိုင်ပါတယ်။

http://www.eve-ng.net/index.php/documentation/supported-images

Cisco နဲ့ Juniper အပြင် တခြားနာမည်ကြီး တံဆိပ်နဲ့ ပစ္စည်းတွေကိုပါ အသုံးပြုလို့ရပါတယ်။ အဲဒီအရာတွေ အားလုံးပေါင်းစပ်ပြီး Enterprise တစ်ခုမှာ လက်တွေ့ သုံးနေတဲ့ Network တစ်ခုပုံစံမျိုးတောင် လုပ်ကြည့် လို့ရပါတယ်။

စတင်အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်ရတာ အနည်းငယ် အခက်အခဲရှိနိုင်ပေမယ့် သူရဲ့  Documentation အတိုင်း ကြည့်ပြီး လိုက်လုပ်ရင် အဆင်ပြေသွားပါလိ်မ့်မယ်။ လိုအပ်တဲ့ image တွေကို ရှာဖို့တော့ လိုပါ လိမ့်မယ်။  ဒါပေမယ့် အင်တာနက်ပေါ်မှာ နဲနဲလောက် အားစိုက် ရှာလိုက်ရင် ရနိုင်ပါတယ်။ ကွန်ပျူတာ ကတော့ အနဲဆုံး 8GB RAM ရှိမှသာ အဆင်ပြေပါလိ်မ့်မယ်။ အနဲဆုံး 2GB ရှိရင် IOS တွေသုံးလို့ရပြီ ဆိုပေမယ့် အဆင်မပြေလောက်ပါဘူး။ IOS XR လိုအမျိုးအစားတွေ ဆိုရင် ပိုဆိုးပါတယ်။ IOS XR ၂ လုံးကို VMware Workstation ပေါ်မှာ အသုံးပြုတာ RAM 10GB ကျော်အထိသုံးသွားတာတွေ့ရပါတယ်။ ဒါကတော့ Cisco VIRL မှလည်း အတူတူပါပဲ။ Nexus ၂ လုံးလောက်သုံးလိုက်တာနဲ့ 10GB လောက် ရောက်သွား ပါတယ်။ VIRL လိုနှစ်စဉ်ကြေး မပေးရတာကတော့ အကုန်အကျသက်သာစေပါတယ်။ သူရဲ့ အလုပ်အတွက်၊ နောက်ထပ်ရပ်တည် လုပ်ဆောင်မှုတွေ အတွက် Paypal ကနေတော့ အလှုငွေ ထည့်ပေး လို့ရပါတယ်။

How to Guide တွေ How to Video တွေပါ လုပ်ထားပေးတဲ့အတွက်လည်း အဆင်ပြေပါတယ်။ GNS3 နဲ့ VIRL လိုပဲ လုပ်ဆောင်မှုကောင်းပြီး လုပ်ငန်းခွင်အတွက်ရော လေ့လာဖို့အတွက်ပါ အသုံးတည့်တဲ့ Network Emulator တစ်ခုဖြစ်တဲ့ အတွက် စမ်းသပ်အသုံးပြုကြည့်သင့်တယ်လို့ထင်ပါတယ်။ ဒါ့အပြင် အိုင်တီ နယ်ပယ်မှာ ဆက်လက်ရပ်တည် နေမည့် သူတွေအဖို့ Virtualization ရဲ့ အရေးပါပုံ အသုံးတည့်ပုံတွေကို ပိုပြီး မြင်လာနိုင်ပါတယ်။ System သမားပဲဖြစ်ဖြစ် Network သမားပဲ ဖြစ်ဖြစ် Security ဖက်ကပဲ ဖြစ်ဖြစ် Virtualization ကို မသိထားရင် ဆားမပါပဲ ဟင်းချက်ရသလို၊ စားနေရသလို ဖြစ်လာပါလိ်မ့်မယ်။

http://www.eve-ng.net/

ကိုဖြိုး

No comments:

Post a Comment