Sunday 28 May 2017

ဆိုင်ဘာရန်များမှ ကင်းဝေးရေး ဝိုင်းဝန်းကူညီဝေမျှပေး

(ISC)2 INSPIRING A SAFE AND SECURE CYBER WORLD

CISSP တစ်ယောက်ဖြစ်လာပြီဆိုရင် လိုက်နာဖို့အတွက် (ISC)2 ကနေချမှတ်ထားတဲ့ Code of Ethics တွေရှိပါတယ်။ အဲဒါတွေကတော့ အောက်ကဖော်ပြထားတဲ့ အချက် ၄ ချက်ပါ။

* Protect society, the common good, necessary public trust and confidence, and the infrastructure.
* Act honorably, honestly, justly, responsibly, and legally.
* Provide diligent and competent service to principles.
* Advance and protect the profession.

အဲဒီအချက်တွေအထဲကမှ ပထမဆုံး အချက်ဟာ အင်တာနက်တို့ အွန်လိုင်းတို့ လို့ခေါ်တဲ့ Cyber World အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာ အများစုကို ကာကွယ်ဖို့၊ ကူညီဖို့၊ ဒီကိစ္စတွေကို သေသေချာချာ မသိသေးတဲ့သူတွေ၊ နားမလည်သေးတဲ့ ကလေးငယ်တွေ၊ အိုင်တီနဲ့ ရင်းနှီးမှုမရှိတဲ့ လူကြီးတွေကို ကိုယ် တတ်နိုင် တဲ့ အပိုင်းကနေ အသိပညာပေးဖို့၊ မိမိပတ်ဝန်းကျင်က Cyber World နဲ့ ထိတွေ့ နေတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံလို အင်တာနက်ကို အရှိန်အဟုန် နဲ့ ထိတွေ့လာတဲ့ နိုင်ငံမျိုး၊ နေရာမျိုးအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ထက် အရင်ရှေ့ ရောက် နေတဲ့ နိုင်ငံတွေမှာတောင် Cyber Bullying တွေ၊ Cyber Crime တွေကြောင့် ပြဿနာတွေ ဖြစ်ပေါ် နေတာ နေ့စဉ်နဲ့ အမျှပါပဲ။ အလုပ်တွေမှာလည်း အိုင်တီလုံခြုံရေးကို တာဝန်ယူထားရတဲ့ အဖွဲ့ အစည်းတွေ ကလည်း ဝန်ထမ်းတွေကို အမြဲလိုလို သတိပေး၊ ပညာပေးတွေ လုပ်နေပါတယ်။ အဲဒါတွေကို တွေ့မြင်မိတိုင်း ကျွန်တော့်တို့ နိုင်ငံက အိုင်တီ၊အင်တာနက်ကို ဖုံးတွေက တဆင့် စတင်ရင်းနှီးလာစဖြစ်တဲ့ ကလေးတွေ၊ လုကြီးတွေအတွက် စိုးရိမ်ပူပန်မိပါတယ်။ လူငယ် လူရွယ်တွေ မှာလည်း တချို့ က အိုင်တီကို သိကြပေမယ့် လုံခြုံရေးအသိအနေနဲ့ မသိသေးတာတွေကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် အင်တာနက် အွန်လိုင်း သုံးတော့မယ် ဆိုရင် သိထားသင့်တဲ့ လုံခြုံရေးဆိုင်ရာ အသိပေးချက်တွေကို လေ့လာထားသင့်ပါတယ်။

The Internet is a great place to learn, shop, and connect with friends and family, but it can also be dangerous. Learn how to protect yourself from sneaky predators, identity thieves, and online scammers.

ဘယ်လိုလေ့လာရမလဲ၊ ဘာတွေဖတ်ရမလဲဆိုရင်တော့ (ISC)2 ကနေ ပြင်ဆင်ပေးထားတဲ့ ဆိုဒ်တစ်ခုဖြစ်တဲ့ https://safeandsecureonline.org ကနေလေ့လာနိုင်ပါတယ်။ အဲဒီမှာ အင်တာနက် အသုံးပြုနေတဲ့ သူတွေအတွက် သိထားသင့်တဲ့ အချက်တွေကို အုပ်စုခွဲထားပြီး သိသင့်သလို ဖော်ပြထားပါတယ်။ ကလေးတွေအတွက်ဆိုရင်လည်း စိတ်ဝင်စားလာအောင် ဂိမ်းတွေ၊ ကာတွန်းပုံပြင်လေးတွေ အနေနဲ့ ဖော်ပြထားပြီး ပေးလိုတဲ့အဓိကအချက်တွေကို ကလေးတွေ မှတ်မိအောင် လုပ်ပေးထားပါတယ်။  




ကလေးတွေအတွက်
https://safeandsecureonline.org/children/

40% of children have chatted online with a stranger. The online chats have the potential to turn into dangerous situations. This is where you come in.

မိဘတွေ၊ အုပ်ထိမ်းသူတွေအတွက်
https://safeandsecureonline.org/parents-guardians/

လူကြီးများအတွက်
https://safeandsecureonline.org/seniors/

အိုင်တီ၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ (Facebook) အကြောင်းတွေကို နားလည်ပြီးသား လူငယ်လူရွယ်တွေ အနေနဲ့လည်း ဒီအထောက်အကူပြု အချက်အလက်တွေကို အသုံးပြုပြီးတော့ ကိုယ့်ရဲ့ ကလေး၊ အဖိုးအဖွား လူကြီးတွေကိုလည်း ပြောပြ ရှင်းပြပေးဖို့တိုက်တွန်းလိုပါတယ်။ ဒါမှသာ အင်တာနက်၊ ဆိုရှယ်မီဒီယာ ကနေ တဆင့် ကိုယ့်ရဲ့ တကယ့်အပြင်က ကိုယ့်ဘဝထဲကို ဝင်ရောက်လာနိုင်တဲ့ မလိုလားအပ်တဲ့ ကိစ္စတွေကို တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ ကျောင်းတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့လည်း Volunteers တွေအဖြစ် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို မျှဝေပေးသင့်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း လိုအပ်လို့လာခေါ်ရင် Volunteer အဖြစ် လာရောက်ပေးဖို့ကြိုးစားပေးပါမယ်။

တတ်နိုင်သလောက် မိမိရဲ့ ပတ်ဝန်းကျင်ကို ကူညီကြရင်း Cyber World ထဲမှာလုံခြုံစိတ်ချစွာ လေ့လာ သင်ယူ ဆက်သွယ်နိုင်ကြပါစေ။

 ကိုဖြိုး

No comments:

Post a Comment