Sunday, 26 July 2015

ခရီးဆောင် Cisco Documentation

အခုနောက်ပိုင်းမှာ ၇လက်မ ၈လက်မ Tablet အသေးလေးတွေနဲ့ ၅ လက်မအထက် ကြီးတဲ့ဖုံးတွေပေါ်လာတော့ သွားရင်းလာရင်း ကား၊ရထားစောင့်ရင်း သတင်းတွေဖတ်၊ စာတွေဖတ်ရတာပိုပီး အဆင်ပြေလာတာ သတိထားမိပါတယ်။ Online ဖြစ်ဖြစ် PDF ဖိုင်တွေကို ဖုံးထဲထည့်ပီး ဖြစ်ဖြစ် ဖတ်ဖြစ်ပါတယ်။ တခါတလေ အလုပ်အတွက် လိုအပ်တဲ့အကြောင်းအရာတွေ (အထူးသဖြင့် Cisco Documentation) ကိုဖတ်လေ့ရှိပါတယ်။ ဒါပေမယ့် PDF တွေဟာ ဖုံးနဲ့ကြည့်ရင်သေးတော့ ချဲ့ရ ရွေ့ရနဲ့ နဲနဲတော့အလုပ်ပိုပါတယ်။ Tablet ဆိုရင်တော့သိပ်မဆိုးပါဘူး။

အဆင်ပြေချင်တော့ Cisco Documentation အတော်များများမှာ ePub Version တွေပါလာတာတွေ့ရပါတယ်။ အရင်တုံးက Online page နဲ့ PDF တွေသာရှိပါတယ်။ ePub ကို အနည်းငယ်မျှသာတွေ့ရပါတယ်။ မှတ်မိသလောက်ဆိုရင် ပီးခဲ့တဲ့ ၂နှစ်လောက်ကမှ စတယ်ထင်ပါတယ်။ အခုနောက်ပိုင်းတော့ Page တိုင်းလိုလိုမှာ ePub version တွေပါလာတဲ့အတွက် အတော်အဆင်ပြေသွားပါတယ်။ ePub က Kindle တို့ Kobo တို့လို eReader မှာဖတ်ဖို့ဆိုတော့ ကိုယ်လိုချင်သလို Font size တွေဘာတွေ ချိန်လို့ရတော့ပိုကောင်းတာပေါ့။ IOS version ၂မျိုးလောက်ရဲ့ Configuration Guide တွေသာထည့်ထားလိုက်ရင် ဘယ်နေရာရောက်ရောက် လိုအပ်ရင်မှီငြမ်းလို့ရပါတယ်။ အသုံးဝင်တဲ့ Tools တခုဖြစ်တဲ့အတွက် သတိရတာနဲ့ရှယ်လိုက်ပါတယ်။




ဒီပုံတွေမှာကြည့်ရင် ePUB တွေရဲ့ ဖတ်ရလွယ်တဲ့ စာမျက်နှာတွေကိုတွေ့ရမှာပါ။ Andriod မှာလည်း Apps တွေရှိပါတယ်။

 
Cisco Documentation နဲ့မရင်းနှီးသေးတဲ့သူတွေအတွက် အနည်းငယ်ရှင်းပြဖို့လိုမယ်ထင်တယ်။ Cisco Documentation page ဟာ လုပ်ငန်းခွင်အတွက်ရော စာမေးပွဲအတွက်ပါ အလွန်အသုံးဝင်တဲ့ Documents တွေဖြစ်ပါတယ်။ အသုံးပြုရတဲ့ Devices နဲ့ OS version ပေါ်မူတည်ပီး ဘယ်လိုအသုံးပြုရတယ်၊ Configuration ဘယ်လိုလုပ်ရတယ်ဆိုတာကို အဲဒီ Documentation page ကို အဓိကထားပီး မှီငြမ်းရပါတယ်။ CCIE Lab Exam မှာလည်း အဲဒီ Site ကို ကြည့်ခွင့်ပေးထားပါတယ်။ ဘယ်အကြောင်းအရာကို ဘယ်ခေါင်းစဉ်အောက်မှာ ရှိတယ်ဆိုတာကို အမြန်ရှာနိုင်ဖို့အတွက် ရင်းနှီးအောင် လေ့လာထားရပါတယ်။ ဒါမှ Lab ဖြေရင်း လိုအပ်ရင် အမြန်ရှာဖွေပီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Configuration Guide အပြင် Command References ၊ Troubleshooting notes တွေဟာလည်း အလွန်အသုံးဝင်ပါတယ်။ Product Documentation လို့လည်းခေါ်ကြပါတယ်။ Exam အတွက်လေ့ကျင့်မယ်ဆိုရင် Google လုပ်ပီးရှာတာထက် Cisco Product Documentation ကိုသုံးပီးရှာတာပိုပီးကောင်းပါတယ်။

နမူနာကြည့်ချင်ရင်
http://www.cisco.com/c/en/us/support/ios-nx-os-software/ios-15-4s/tsd-products-support-series-home.html
http://www.cisco.com/c/en/us/support/ios-nx-os-software/ios-15-4s/products-installation-and-configuration-guides-list.html

ကိုဖြိုး

No comments:

Post a Comment