QOS ရဲ့သဘောတရားကိုအခြေခံလောက်နားလည်ထားပီဆိုရင်
MQC framework ကိုသုံးပီး Policy တွေရေးလို့ရပါပြီ။ MQC မှာအဓိက အဆင့် ၃ဆင့်ပဲရှိပါတယ်။
1. Define a
class-map (လိုအပ်ချက်ပေါ်မူတည်ပီး အုပ်စုခွဲမယ်)
2. Define a
policy-map (ဘယ်အုပ်စုကို ဘာလုပ်မယ်ဆိုပီး Policy သတ်မှတ်မယ်)
3. Apply the
policy-map (Traffic flow ပေါ်မူတည်ပီး Interface တွေမှာ အသုံးပြုမယ်)
Router(config)#
class-map class1
Router(config-cmap)#
match access-group 101
Router(config)#
policy-map policy1
Router(config-pmap)#
class class1
Router(config-pmap-c)#
bandwidth 3000
Router(config)#
interface fastethernet1/0/0
Router(config-if)#
service-policy output policy1
သူရဲ့Framework
အရ ၃ဆင့်ပဲလိုတယ်၊ ACL နဲ့Bandwidth ကိုသုံးတတ်ရင် စရေးလို့ရပါပီ၊
ဒါပေမယ့်
Class-map/Policy-map တို့ရဲ့Elements တွေကိုသိထားရင်တော့ကောင်းတာပေါ့၊
Class-map မှာဘာတွေ
Match လုပ်လို့ရလဲ၊ Policy-map မှဘာ Action တွေသုံးလို့ရလဲ။
Class-map မှာ
protocol ကို Match လုပ်ချင်ရင် NBAR လိုတာမျိုး၊
Policy-map မှာ
သုံးတဲ့ Priority/ Bandwidth/ Police/ Shape ဘာကွာလဲ၊
နောက်ပီးတော့
Traffic identification/classification/ Marking အတွက် DSCP/ IP Precedence တွေအကြောင်း၊
အဲဒီလောက် သိထားပီဆိုရင်
လုပ်ငန်းခွင်ထဲမှာ အတော်အလုပ်ဖြစ်ပါတယ်။
အကုန်လုံးကို
တပြိုင်ထဲလေ့လာရာမှာ အခက်အခဲရှိနိုင်တဲ့အတွက် တဆင့်ခြင်း လေ့လာခြင်းဟာ အကောင်းဆုံးလို့အကြံပေးချင်ပါတယ်၊
ဒီလိုမှ မဟုတ်ရင်
QOS ကို မဖတ်ချင်လောက်အောင်ဖြစ်သွားတတ်ပါတယ်။
ဒီ Link တွေမှာ
အထက်ကပြောခဲ့တာတွေလေ့လာနိုင်ပါတယ်။
MQC
Bandwidth vs
Priority
DSCP and
Precedence value
Traffic
Policing and Traffic shaping
NBAR
စမ်းသပ်ချင်တယ်ဆိုရင်
Router ၃လုံးကိုဆက်ပီးချိတ်၊ အလယ်က Router ရဲ့Outbound interface မှာ Policy-map ကို
Apply လုပ်၊
တဖက်က Router
ကို Source အနေနဲ့ထား၊ တခြားဖက်က Router ကို Destination အဖြစ်နဲ့ထားပီး စမ်းကြည့်ပေါ့၊
Show
policy-map interface နဲ့ကိုယ်စီစဉ်ထားတဲ့ Class ထဲဝင်ရဲ့လား၊
Policy-map အလုပ်လုပ်ရဲ့လားဆိုတာ
Packet count ကိုကြည့်ပီးသိနိုင်ပါတယ်။
ကိုဖြိုး
No comments:
Post a Comment