QOS ဟာလုပ်ငန်းခွင်အတွက်
အလွန်အရေးပါသလို လေ့လာရာမှာလဲ သိပ်မလွယ်ကူတဲ့ အရာတခုဖြစ်ပါတယ်။ ကိုယ်တိုင်လည်းအခုချိန်အထိ
တခါတရံမှာ ရုံးကန်နေရဆဲပါပဲ။ User အနေနဲ့
QOS ဆိုတာမမြင်သာပေမယ့် Network Admin တစ်ယောက်အနေနဲ့ ကိုယ့် Network အထဲမှာData တွေတစ်နေရာမှ
တစ်နေရာကို ဘယ်လိုသွားနေသလဲဆိုတာ သိသင့်ရုံတင်မက လိုအပ်လာရင် လိုသလိုစီမံတတ်ဖို့လဲလိုပါတယ်၊
အဲဒီလိုမှ မဟုတ်ရင် ၂လမ်းသွားလမ်းကျဉ်းတခုမှာ ပုလိပ်နဲ့စည်းကမ်းမထားပဲ စက်ဘီး၊ဆိုက်ကား၊ကား၊ဘစ်နဲ့ဆေးရုံကားတို့ကို သွားချင်သလိုသွားနေတာကို
ဘေးကရပ် ကြည့်နေရတဲ့လူလို ဖြစ်နေတော့မှာပေါ့၊ ၆လမ်းသွားလမ်းမှာဆိုရင်တော့
ဘာအရေးလဲ၊ သိပ်ပြဿနာမရှိဘူးပေါ့၊ ဒီလိုပဲ Network မှာ Bandwidth နဲတဲ့ Link တွေဖြစ်တဲ့
WAN Link (Congestion ဖြစ်နိုင်တဲ့) တွေမှာ Data တွေဖြစ်သလိုသွားခိုင်းမယ့်အစား
QOS သုံးပီး ကိုယ်လိုချင် တဲ့ပုံစံအတိုင်း စီမံထားမယ်ဆိုရင် အကောင်းဆုံးပေါ့။
Network မှာတော့ Network Admin တွေဟာ Traffic Police တွေပါပဲ။
အပြင်မှာ ခုနကပြောတဲ့
ယာဉ်တွေကို ခွဲခြားသလိုမျိုး Data တွေကိုလဲ ခွဲခြားရပါတယ်၊ အဲဒါကို Identification
and Classification လို့ပြောပါတယ်၊စက်ဘီးတို့လိုအနှေးယာဉ်တွေကတစ်စု၊
Taxiတွေအိမ်သုံးကားတွေကတစ်စု၊ VIP တွေဆေးရုံကားတွေကတစု ဆိုပီးအုပ်စုဖွဲ့ထားသလို
Network မှာလဲ Voice တို့Video ကတစ်စု၊ သာမန် Web access လို အရေးမကြီး တာတွေက သပ်သပ်ဆိုပြီး
ထားလိုရပါတယ်၊
ဒါကို QOS
config မှာ Class Map တွေနဲ့စုဖွဲ့ထားလေ့ရှိပါတယ်။ အဲဒီ Class
Map တွေကို ကိုယ့်ရဲ့Network ပေါ်မှာမူတည်ပီး ဘယ် Traffic ကတော့ဘယ်လိုသွားရမယ် ဆိုတာ
Policy Map ရေးပီး အသုံးပြုမည့် Interface မှာ တွဲပေးရပါတယ်၊ အပြင်မှာ Bus
လမ်းကြောင်း သတ်မှတ်ပေးထားတာမျိုး၊ ဆေးရုံကားတို့၊ VIP တို့သွားရင်သူတို့ကိုဦးစားပေးရတာမျိုးပေါ့၊
ဒါပေမယ့် ဘယ်ကားကဘာဆိုတာသိမှ
Class ခွဲရမှဆိုတော့ အမှတ်အသားတွေကို အရင်သိရမှာပေါ့၊ ဆေးရုံကားဆို Red Cross ပါတာ၊
Taxi ဆိုတာပါမှ Taxi လားအိမ်သုံးကားလားခွဲလို့ရမှာ အဲဒါမျိုးတွေကို Network မှာ
Identification/ Marking/ Coloring အပိုင်းလို့ပြောရမှာပေါ့၊ တစ်ချို့Data တွေဟာ
Source ကထွက်လာထဲက အဲဒီ Mark တွေပါလာသလို(ဥပမာ Voice traffic) ဘာမှမပါလာတဲ့ Data တွေကိုလည်း
လိုချင်တဲ့ Mark တွေလဲ ပေးလို့ရပါတယ်၊
ဘာနဲ့တူမလဲဆိုရင်
Audi အမည်းရောင် အချို့ကို VIP ကားအဖြစ်သတ်မှတ်ထားတာမျိုး (အခုတော့ဘာတွေကစီးနေကြလဲမသိပါ၊
အရင်ကဖြစ်ပါသည်) :)
နောက်တခုက
Red Cross တွေ့တာနဲ့လမ်းကပုလိပ်တွေ ၊ လူတွေက ဒီကားဟာဆေးရုံကား ဆိုပီး သတ်မှတ်သလားဆိုတော့လဲ
မဟုတ်ပါဘူး၊ ကားပုံစံကိုလဲကြည့်ကြမှာပေါ့၊ ၂ယောက်စီး ပြိုင်ကားမှာ Red Cross တပ်ထားရင်ဘယ်သူမှ
ဖယ်ပေးမှမဟုတ်ပါဘူး၊ ဒီတော့ ယုံကြည်မှုကလဲပါသေးတယ်၊
ဒါကိုတော့
Switch port တွေမှာ Trust ထားတာမျိုး လို့ဆိုရပါလိမ့်မယ်။
(ဥပမာ Cisco
phone နဲ့ချိတ်ထားတဲ့ Switchport တွေမှာ Trust COS/Cisco phone တို့သုံးထားတာမျိုး
)
Cisco Phone ဟာ
Data စပို့ထဲက COS/DSCP Value တွေထည့်ပေးပီး သူ့ဆီက Traffic ကို သိသာအောင် ပေးပို့ပါတယ်။
ဒီတော့ Switch port က Trust လုပ်ပီးတော့ အသိအမှတ်ပြုလိုက်ပါတယ်။
အဲဒီ Traffic
ကို Router ကတွေ့ရင် ဘာဆိုတာသိပီး သတ်မှတ်ထားတဲ့ Class Map တွေ Policy Map တွေမှာလိုအပ်သလို
စီစဉ်ပေးမှာဖြစ်ပါတယ်။
ဒီတော့ QOS
Policy တစ်ခုရေးဖို့အတွက် အပေါ်ကပြောခဲ့တဲ့ဟာတွေ အားလုံး သိမှ အလုပ်ဖြစ်မှာပါ၊
–
Switch port မှာ ဘယ်လို Trust မလဲ
–
Classification/ Identification/ Marking/ Coloring ဘယ်လိုလုပ်မလဲ
–
Class Map တွေဘာကြောင့်လိုအပ်သလဲ
–
Policy Map တွေနဲ့Class Map တွေသုံးပီး လိုချင်တဲ့ Policy တွေသတ်မှတ်ဖို့
ဒါဟာ အပေါ်ယံအဆင့်ပဲရှိပါသေးတယ်၊
ဒါပေမယ့် အခုလောက်
အခေါ်အဝေါ်အချို့နဲ့Flow သိထားပီဆိုရင် စပီးလေ့လာမည့်သူတွေ
အဖို့အထောက်အကူဖြစ်နိုင်မယ်ထင်ပါတယ်၊
လုပ်ငန်းခွင်က
မလေ့လာရသေးတဲ့သူတွေလဲ သူများသုံးထားတဲ့ Configuration တွေတွေ့ရင် ဘာကိုဆိုလိုလဲဆိုတာ
ခန့်မှန်းလို့ရတာပေါ့။
ကိုဖြိုး
No comments:
Post a Comment