Looking
glass တွေဟာ Internet routing ပြဿနာ တွေရှင်းတဲ့အခါအလွန်အသုံး ဝင်တဲ့ tools တွေဖြစ်ပါတယ်။ Routes
queries တွေ၊ AS path တွေ ကြည့်ဖို့အတွက် ဘယ်သူဘဲဖြစ်ဖြစ် ဝင်သုံးလို့ရအောင် ISP တွေက
တင်ထားပေးတာပါ၊ Webpage တွေအနေနဲ့ထားပေးပီး
Ping/ Traceroute တို့အပြင် show command အနည်းငယ် လဲသုံးလို့ရပါတယ်၊ BGP အတွက်အဓိကသုံးဖို့ပေါ့။
တချို့ISP တွေက
Webpage အပြင် Telnet access ပေးထားတဲ့ Route servers တွေကိုလည်း တင်ထားပေးပါတယ်။ အဲဒီတော့
Internet routes တွေကြည့်ဖို့၊လေ့လာဖို့အတွက် ISP မှာအလုပ်ရမှမဟုတ်ပါဘူး၊ အဲဒီ
Route servers တွေကနေဝင်ကြည့်ပီး လေ့လာလို့ရပါတယ်။
နောက်တခုအနေနဲ့
BGP လေ့လာနေသူတွေအဖို့ Regular expression တွေကိုသိထားသင့်ပါတယ်၊ Show command မှာထည့်သုံးရင်
ကိုယ်ရှာချင်တဲ့ Routes/Path ကို အချိန်တိုအတွင်းမှာ
ရှာလို့ရပါတယ်၊ Show
commands တွေကို Regexp မသုံးလို့ရပေမယ့် BGP attributes တွေ ကစားဖို့အတွက်
Route-map တွေ၊ as-path access-list တွေမှာတော့ သုံးမှရမှာပါ။ အဲဒီ regexp
Character တွေ နဲ့Matching Function ကိုအကျွမ်းတဝင်ရှိဖို့အတွက် အတော်လေ့ကျင့်ရပါတယ်၊
မသုံးတာကြာရင်မေ့ကုန်ပြန်ရော၊
လေ့ကျင့်ရာမှာလည်း
LAB တွေ၊ GNS3 တွေမှာ AS Path၊ Routes တွေကို အစုံအလင်ရဖို့အတွက် generate လုပ်ရတာ
မလွယ်ပါဘူး၊ အချိန်ပေးရပါတယ်။ အဲဒီတော့
Route servers တွေထဲဝင်ပီး နည်းနည်းပါးပါးဝင်စမ်းလို့ရတာပေါ့။
ဒီ Site တွေမှာ
နိုင်ငံတကာမှာ ရှိတဲ့ ISP ပေါင်းစုံက Looking glass တွေနဲ့ Route servers list ရှိပါတယ်၊
တချို့တလေကတော့ မရတော့ပါဘူး။ နောက်ပီး BGP နဲ့ပက်သက်တဲ့ လေ့လာစရာတွေ အစုံအလင်ရှိပါတယ်၊
အဲဒီ ဟာတွေလေ့လာရင်
၄၊ ၅၊ ၆လောက် အသာလေးကုန်နိုင်တဲ့အတွက် နောက်ထပ် ရေးပေးစရာ တောင်လိုတော့မယ်မထင်ပါဘူး။
:)
Useful
sites;
ဥပမာ route
server တခုကိုဝင်ကြည့်ရင်း AS တခု (5511) ကနေဖြတ်သွားတဲ့ Routes တွေကိုသိဖို့
regular expression သုံးပီးရှာကြည့်တာပေါ့။
ကိုဖြိုး
No comments:
Post a Comment