Friday, 24 July 2015

လွယ်သလား ခက်သလား Redistribution



Route redistribution ဟာ လွယ်တယ်လို့ထင်ရပေမယ့် သေချာအသုံးမပြုတတ်ရင် လုပ်ငန်းခွင်မှာ အခက်အခဲတွေ့နိုင်သလို စာမေးပွဲတွေဖြေတဲ့အခါမှာလည်း ကျရှုံးနိုင်ပါတယ်၊ အထူးသဖြင့် CCIE လိုစာမေးပွဲကို Redistribution မပိုင်ပဲနဲ့သွားဖြေရင် ကျိန်းသေပေါက် ကျမှာဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာလည်း Enterprise office တိုင်းမှာ protocol တစ်ခုထဲ သုံးတာ အလွန်ရှားပါတယ်၊ WAN/ INTERNET ဖက်မှာသုံးတဲ့ protocol နဲ့အတွင်းက LAN ဖက်မှာသုံးတဲ့ protocol ကြားမှာသုံးကြပါတယ်၊ အနည်းဆုံးတော့ Static route ကနေ IGP တွေဖြစ်တဲ့ OSPF/EIGRP တို့နဲ့တော့သုံးကြတာပေါ့။

Cisco Exam တွေမှာလဲ Multi protocols LAB တွေကို အတော်မေးပါတယ်၊ အဓိက ကတော့ Protocol တစ်ခုချင်း နားလည်ဖို့နဲ့ Redistribution ကိုသုံးတတ်ဖို့ပါ၊
သေချာမစဉ်းစားပဲ ဖြစ်သလိုလုပ်မယ်ဆိုရင် Suboptimal routing တို့
Routing loop တို့ဖြစ်နိင်ပါတယ်၊ Two ways redistribution မျိုးမှာဆိုရင်ပိုဆိုးပါတယ်၊

ဒါပေမယ့် သူ့ရဲ့အဓိကကြတဲ့အချက်လေးတွေကို သတိထားပီး အသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေမှာပါ၊
ဘာတွေကို သတိထားသင့်လဲဆိုရင်
– protocol တွေရဲ့redistribution မှာလိုအပ်တဲ့အသေးစိတ်တွေ၊ OSPF မှာ Subnets keywords ထည့်သုံးရတာ၊ EIGRP မှာ Metric set ပေးရတာမျိုး တွေ၊
– ကိုယ့်ရဲ့အတွင်းမှာရှိတဲ့ Route တွေကို အပြင်ကနေပြန်သိလာတဲ့ protocol/path ကနေမသွားရအောင်၊
– အပြင်ကနေသိလာတဲ့ Route တွေကို အပြင်ကိုပြန်ပီး redistribute မလုပ်မိဖို့
– Network တစ်ခုလုံးကိုခြုံကြည့်ပီး 2 ways redistribution point တွေမှာ Loop ဖြစ်နိုင်ခြေတွေကို သေချာတွက်စဖို့
– AD/ Longest prefix/ summary routes တွေကို ထည့်စဉ်းစားဖို့

အကြံပေးချင်တာကတော့
– Protocol တစ်ခုချင်းကိုသေချာနားလည်အောင်လေ့လာထားပါ၊ ဥပမာ AD တွေဘယ်လိုကွာလဲ၊ D/ D Ex, O E1/ O E2/ N1 N2 တို့ခြားနားပုံ၊
– Access-llist/ Prefix-list/ distribute-list အသုံးပြုပုံ
– Route-map ရဲ့ Match and Set တွေမှာ သုံးရမယ့် Protocol တစ်ခုချင်းစီရဲ့ Metric တွေကဘာတွေလဲ
– Redistribute လုပ်ပီးသွားရင် ရလဒ်ကို ဘယ်လိုစစ်ရလဲ၊
Show commands တွေနဲ့လိုအပ်လာရင်သုံးဖို့Debug command အနည်းငယ်ကိုသိထားသင့်ပါတယ်
– Default setting ကိုမသုံးပဲ ACL/Route-map တို့နဲ့တွဲပီး လိုချင်တာ၊ပေးချင်တာကိုပဲ redistribute လုပ်ဖို့
– Practice များများလုပ်ဖို့လဲလိုပါတယ်၊ Redistribution ဟာသူများပေးတဲ့
Config ကိုကူးယူပီးလုပ်ဖို့လဲအဆင်မပြေနိင်ပါဘူး၊ Network Design ချင်းလဲမတူနိင်ပါ

ကိုယ်တိုင် LAB design လုပ်ဖို့အခက်တွေ့နေတယ်ဆိုရင် Google မှာ Cisco Multi protocols lab ဆိုပီးရှာလိုက်ရင်လဲအများကြီးတွေ့မှာပါ၊ Cisco Link က LAB ၃ခုကတော့စုံပီး CCNP အတွက် လေ့ကျင့်ဖို့တော့အတော်ပါပဲ၊ အလုပ်အတွက်အလဲအထောက်အကူ ပြုနိုင်ပါတယ်၊

ကိုဖြိုး

No comments:

Post a Comment