Sunday 10 January 2016

VSS Configuration

VSS configuration ဟာသိပ်ပြီးတော့ရှုပ်ထွေးမှုမရှိပါဘူး။ Configuration ထက်စာရင် သူ့ကိုအသုံးပြုဖို့အတွက်ဘာတွေလိုအပ်သလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ၊ တစ်ခုခုပြဿနာဖြစ်ရင် ဘယ်တွေကိုကြည့်ရမလဲ စတာတွေကိုပိုပြီးနားလည်ထားဖို့ပဲလိုပါတယ်။
စတင်ပြီး Configure လုပ်တဲ့နေရာမှာ အခြေခံအားဖြင့်ဆိုရင် VSS Domain တစ်ခုတည်ဆောက်၊ ပြီးရင် ဘယ်လင့်တွေကိုတော့ VSL အဖြစ်အသုံးပြုမယ်၊ ဘယ် Switch ကိုအဓိက Control အနေနဲ့သုံးမယ်ဆိုတာကို ထည့်ပေးရပါတယ်။ ပြီးရင် နဂိုအနေအထားကနေ Virtual switch အနေနဲ့ပြောင်းလဲပြီး Reload ကနေပြန်တက်လာရင် VSS အဖြစ် Configure လုပ်ပြီးပါပြီ။ ဒုတိယ Switch တက်လာပြီး VSL တက်သွားပြီ အချင်းချင်းတွေ့သွားပြီဆိုရင် VSS အဖြစ်စတင်ပြီးသုံးလို့ရပါပြီ။ Dual-active detection အတွက်ကိုတော့ နောက်မှထပ်ထည့်လဲရပါတယ်။

Configuration အတွက် Cisco best practice document ကိုကြည့်တာ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်ပါလိမ့်မယ်။

http://www.cisco.com/c/en/us/td/docs/solutions/Enterprise/Campus/VSS30dg/campusVSS_DG/VSS-dg_appa-configs.html

Convert လုပ်ပြီးတဲ့အခါမှာ Interface နံပါတ်တွေပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ Switch 1 က Module/Interface တွေအရှေ့မှာ Switch number 1 ဆိုတာပါလာပြီး Switch 2 က Interface များမှာတော့ အရှေ့က 2 ဆိုတာပါလာပါလိမ့်မယ်။ ဒါကိုကြည့်လိုက်တာနဲ့ ဘယ် Switch မှာ ချိတ်ဆက်ထားတယ်ဆိုတာကို အလွယ်တကူတွေ့နိုင်ပါတယ်။ Convert လုပ်တဲ့ အချိန်မှာလည်း အခုလို သေချာပြထားပါတယ်။

sw1#switch convert mode virtual

This command will convert all interface names to naming convention "interface-type switch-number/slot/port",
save the running config to startup-config and reload the switch.

Convert လုပ်ပြီးသွားပြီ၊ ဒုတိယ Switch လည်းတက်လာပြီဆိုရင်တော့ VSS အခြေအနေကို စစ်ဆေးကြည့်ရပါမယ်။ ဒါကိုတော့ VSL Link အခြေအနေနဲ့ VSS role ကိုခေါ် ကြည့်လိုက်ရင် သိနိုင်ပါတယ်။ VSL status က တက်နေပြီ၊ Switch 2 ကိုမြင်နေရပြီဆိုရင် အခြေအနေကောင်းပါပြီ။

sw1#show switch virtual link
VSL Status : UP
VSL Uptime : 10 minutes
VSL SCP Ping : Pass
VSL ICC Ping : Pass
VSL Control Link : Te1/1/5 
VSL Encryption : Configured Mode - Off, Operational Mode - Off

sw1#show switch virtual
Switch mode                  : Virtual Switch
Virtual switch domain number : 1
Local switch number          : 1
Local switch operational role: Virtual Switch Active
Peer switch number           : 2
Peer switch operational role : Virtual Switch Standby

Module တွေအားလုံး တက်သွားပြီး အားလုံး Pass ဖြစ်သွားပြီဆိုရင်တော့ ကျန်တဲ့ Configuration ဖြစ်တဲ့ Port assignment တွေ၊ Routing တွေစပြီး ထည့်လို့ရပါပြီ။ Configure လုပ်တဲ့နေရာမှာ Active switch ကသာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒုတိယ Switch Console ကတော့ အသုံးပြုလို့မရတော့ပဲ Disable အနေနဲ့ ရှိနေပါလိမ့်မယ်။

Standby console disabled

sw1-sdby>?Standby console disabled

ကိုဖြိုး

No comments:

Post a Comment