အလုပ်ရှာနေတဲ့ လူငယ်တွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေသိစေဖို့ကိုယ်တိုင် ကြုံခဲ့တဲ့ တကယ့်အတွေ့အကြုံလေးတွေဝေမျှချင်ပါတယ်။ သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်း အပျင်းပြေပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေပါ ဒါပေမယ့် အဲဒါတွေကို ကြည့်ပီး ကိုယ်တိုင် အင်တာဗျူးဝင်တဲ့ အခါ ဘယ်လိုဖြေသင့်လဲ ဘယ်လိုပြင်ဆင်ထားသင့်လဲ ဆိုတာ စဉ်စားနိုင်မယ်လို့ထင်ပါတယ်။ TCP/IP အကြောင်းကလွဲပီး ကျန်တာတွေအားလုံးဟာ SG ရောက်ပီးမှ ကြုံခဲ့ရတာတွေဖြစ်ပါတယ်။
TCP/IP သိလား၊
လွန်ခဲ့တဲ့ ၁၅နှစ်ခန့်က ဖြစ်ပါတယ်၊ ဗျူးတဲ့သူကော အဗျူးခံရတဲ့သူပါ ကျွန်တော့အသိတွေဖြစ်ပါတယ် ဒါပေမယ့် သူတို့အချင်းချင်းတော့မသိကြပါဘူး၊ ဒါနဲ့မေးတဲ့သူက ခင်ဗျား TCP/IP သိလားဆိုပီးတော့မေးတယ်။ အမေးခံရတဲ့ သူက TCP/IP ဆိုရင်တော့ အသေးစိတ်ရှင်းပြဖို့ရာ သိပ်မလွယ်ဘူး မသိတာတွေကလည်းပါနေတယ်၊ ဒီတော့ မသိပါဘူးဆိုပီးပြောလိုက်တယ်၊ ပွဲပျက်သွားတာပေါ့၊ နောက်ရက်ကြတော့ မေးတဲ့သူနဲ့ဆုံတော့ ခင်ဗျားသူငယ်ချင်းက TCP/IP ရဲ့ အရှည်တောင်မသိဘူး ဒီတော့ဘာမှဆက်လုပ်လို့မရတော့ဘူး။ ကျုပ်က TCP/IP ရဲ့အရှည်ပဲမေးတာ၊ ကျန်တာရှင်းပြရင်တောင် ကျုပ်လဲအကုန်သိတာမဟုတ်ဘူးတဲ့၊တကယ်တော့ ကိုယ်သိသလောက် ပြောခဲ့သင့်တာပေါ့၊ အလွယ်မေးတာ အခက်ပဲထင်တော့ ရသင့်တာမရလိုက်ဘူး။
အကောင်ပြလဲ အရိပ်မထင်၊
အိမ်နီးချင်း နိုင်ငံက အမျိုးသမီး တစ်ယောက်ကို ဖုံးနဲ့ ဗျူးတုံးကကြုံခဲ့တဲ့အဖြစ်ပါ၊
SPAN အကြောင်းရှင်းပြပါလား။ အမ်.. ဘာကိုပြောတာလဲ
ဘာမေးတယ်ထင်လဲမသိ၊ ဒါနဲ့စာလုံးပေါင်းပြလိုက်တယ်၊ S P A N လေ။ အော် Spanning Tree လား သိတာပေါ့ဆိုပီး ပြောချင်တာတွေပြောတော့တာပဲ။ မဟုတ်သေးဘူး Switch port Analyzer ကိုပြောတာ။ အမ်..ဒါတွေကသိပ်သုံးတဲ့ဟာတွေ မဟုတ်ဘူး ဘယ်သိမလဲ။မေးပါတယ်ဆိုမှ လိုအပ်လို့ပေါ့၊ မသိတာကိုရိုးသားစွာမဖြေတော့ခက်ပီပေါ့။
အလွတ်ကျက်ပိုင်သူ၊
ခင်ဗျားအကြောင်းနဲ့Network အတွေ့အကြုံလေးပြောပြပါလား။ မေးခွန်းပီးတာနဲ့ဆက်တိုက် မရပ်ပဲပြောတော့တာပဲ ၅မိနစ်မက ကြာမည်ထင်တယ်၊ ဒါတောင် အတင်းရပ်ခိုင်းလိုက်လို့
ကြားမှာ စဉ်းစားတာတောင်မရှိဘူး၊ နောက်ထပ်မေးခွန်းတချို့မေးကြည့်တော့လဲ ဒီလိုပဲ ဆိုင်ဆိုင်မဆိုင်ဆိုင် Non-stop ပြောတော့တာပဲ။
ကျောင်းစာမေးပွဲ မဟုတ်တဲ့အလုပ်အတွက် အင်တာဗျူးမှာ အဲဒီလိုဖြေရင် သိပ်အဆင်မပြေလှပါ။ သူရဲ့ကြိုးစားမှူကိုတော့ အသိအမှတ်ပြုလိုက်ပါတယ် ဒါပေမယ့် စကာတင်ထဲတော့ ဘယ်ပါတော့မလဲ။
Team Player
ခင်ဗျား Network နဲ့ပက်သက်ပီး ဘာတွေလုပ်ဖူးလဲ။
ကျွန်တော်တို့အဖွဲ့ကဒါတွေလုပ်ပါတယ် ဆိုပီး ရှင်းပြပါတယ်။
ဒါနဲ့တခြားဟာလေးတွေမေးကြည့်တော့… ကျွန်တော်တို့အားလုံးအတူလုပ်ကြပါတယ် ဆိုပီးပြောပြန်ရော။ အမြဲတမ်း အဖွဲ့အကြောင်းပဲထည့်ပြောနေတာတွေ့ရတယ်။
သူ့အတွက်လာဗျူးတာလား သူ့အဖွဲ့အတွက်လာဗျူးတာ မသိပါဘူး၊ ကိုယ်တိုင် တယောက်တည်း ဘာလုပ်ဖူးလဲ ဆိုပီးမေးကြည့်တော့ အတော်များများဟာအဖွဲ့နဲ့ ပဲလုပ်ဖူးပါတယ်လို့ ပြောတယ်။ တစ်ဖွဲ့လုံးမခန့်နိင်တဲ့အတွက် ရွေးလို့မဖြစ်တော့ဘူး၊ ကိုယ့်အကြောင်းမေးရင် ကိုယ့်အကြောင်း၊ ကိုယ်တော်ကြောင်း ကိုအဓိကထားပီးပြောသင့်တာပေါ့၊
အတွေ့အကြုံရှိတဲ့သူ
Cisco Call Manager အတွက်အင်တာဗျူးမှာ ဖြစ်ပါတယ်၊ Phone အသစ်တစ်လုံးကို စာရင်းသွင်း၊ နံပါတ်ပေးချင်ရင် ဘယ်လိုလုပ်ရလဲမေးကြည့်တော့ အဲဒီလို မပြောပြတတ်ဘူး ဒါပေမယ့် သူလုပ်တတ်ပါတယ်ပြောတယ်၊
ဒါနဲ့CME Installation အကြောင်းမေးတော့ သူမှာအတွေ့အကြုံရှိတယ် သေချာတော့ မပြောပြတတ်ဘူးလို့ဆိုပြန်ရော၊ ဒီလိုနဲ့ထပ်မေးတော့ သူ့မှာရှင်းပြဖို့အတွက် အခက်အခဲဖြစ်နေတယ်၊ CV မှာတော့ အတွေ့အကြုံတွေက အတော်ရေးထားပါတယ်၊ ဒါပေမယ့် ကိုယ်လုပ်တတ်တဲ့ အရာတွေတောင်သေချာ မရှင်းပြတတ်တော့ သူ့မှာအတွေ့အကြုံရှိတယ်ဆိုတာတောင် ဘယ်လိုမှ ရွေးလို့မရပါဘူး။ အနည်းဆုံးတော့ ကိုယ့် CV ထဲက အကြောင်းအရာလေးတွေ လောက်တော့ ရှင်းပြနိုင်အောင်ကြိုးစားထားသင့်ပါတယ်။
အားနာလို့ရှေ့တန်းထွက်ရတော့မလို့၊
ကျွန်တော့ကို Agent ကခေါ်ပါတယ်၊ ဒီက Provider အကြီးတစ်ခုမှာ Level 3 လိုတယ်ဆိုပီးတော့၊ သွားတွေ့ပီး CV အသစ်တွေဘာတွေ ပေးလိုက်ပါတယ်၊ JD မေးကြည့်တော့ သေချာမသိဘူးပြောပါတယ်၊ သွားကြည့်လိုက်ပါ စိတ်ဝင်စားမှာပါလို့ပြောတယ်၊ ရုပ်ချော အပြောကောင်းတဲ့ Agent ကိုအားနားတာနဲ ခွင့်ယူပီးသွားလိုက်ပါတယ်၊ ဟိုကြတော့ ခေါ်တဲ့အလုပ်က Special Operation support တဲ့ War Room ကိုကိုင်ရမယ်ပြောတယ်။
ISP နဲ့CIA များမှားပီလားလို့။
Special Operation ဆိုတာက သူတို့မှာရှိတဲ့ ဆိုးပေ့ဆိုတဲ့ Customer တွေကို Support လုပ်ဖို့၊ War Room ကတော့ ပြဿနာတွေဖြစ်ရင် အဲဒီအခန်းထဲမှာ Conference call တွေဖွင့်၊ ဆိုင်တဲ့သူတွေကိုခေါ်ပီး Customer ဆဲသမျှခံပီး ရှင်းပေးဖို့ဖြစ်ပါတယ်။ Network ပိုင်းက ၂၀% လောက်ပဲပါမယ်လို့ထင်တယ်၊ ဒါဆိုရင်တော့ စိတ်မဝင်စားပါဘူးလို့ပြောလိုက်တယ်။ ဒါတောင်မေးတဲ့သူက ရောက်မှတော့မထူးပါဘူး နဲနဲပါးပါးမေးပါရစေ ဆိုလို့အားနားတာနဲ့နာရီ ဝက်လောက် အချိန်ထပ်ကုန်သွားပါသေးတယ်။
ဘာခေါ်မှန်း သေချာမသိပဲ ဘယ်တော့မှအချိန်ကုန်မခံပါနဲ့။ Agent တွေကတော့ အတင်းပို့မှာပဲ။
ဈေးကွက်မသိပဲဈေးရောင်းသွား၊
အင်တာဗျူးတဲ့ မန်နေဂျာက အရင်တုံးက အတူလုပ်ဖူးတဲ့အတွက် ကိုယ့်အကြောင်းသိပီးသားပါ၊ဒါနဲ့ပထမ အင်တာဗျူးဆိုတော့ လစာကိစ္စတွေဘာတွေကို သိပ်ပီးစဉ်းစားမနေတော့ပဲ ဒီအတိုင်းပဲသွားတွေ့လိုက် တာပေါ့၊ အပြင်မှာ လစာတွေဘယ်လောက်ဖြစ်နေမှန်းလဲမသိ၊ ခန့်မှန်းလောက်ပဲသိတယ်။ ဟိုရောက်တော့ ဘာမှမမေးပဲ ဘယ်တော့ဆင်းမလဲ လစာဘယ်လောက်ယူမလဲဆိုပီး ဒါပဲမေးပါတယ်။ သေချာမပြင်သွားတော့ ဘယ်လောက်တောင်းရမှန်းမသိပါဘူး လက်ရှိရတာနဲ့နဲနဲ ပဲပိုတောင်းလိုက်ပါတယ်။ နောက်တော့မှ တောင်းတာနဲသွားမှန်းသိရတယ်။ ဒါပေမယ့် ဆရာသမားက သဘောကောင်းတာနဲ့၃ လပြည့်ပီးတာနဲ့ထပ်ပီးတိုးပေးလိုက်ပါတယ်။ ပုံမှန်ဆို ဒီမှာက တနှစ်တစ်ခါပဲ တိုးပေးလေ့ရှိပါတယ်။ တကယ်တော့ ဈေးကွက်ကို သေချာမလေ့လာခဲ့တာက ကိုယ့်ရဲ့အားနည်းချက်ပါ။
ဒီအလွဲတွေဟာ ခဏတာအချိန်အတွင်းမှာ မထင်မှတ်ပဲလုပ်ခဲ့မိတဲ့ အရာတွေပါ၊ ဒါတွေကိုရှောင်ဖို့အတွက် အတော်ကိုအသင့်ပြင်ထားဖို့လိုပါတယ်၊ ပီးတော့ ဘယ်လောက်ပဲပြင်ထားပေမယ့် မေးတဲ့သူဘက်က မထင်မှတ်တဲ့ ဖြေရခက်တဲ့ အရာတွေမေးလာရင်၊ Senior Management ကသူတွေပါလာရင် နည်းနည်းတော့ အခက်တွေ့တာပါပဲ။ ကျွန်တော်တို့အရွယ်တွေ၊ အတွေ့အကြုံရှိတဲ့သူတွေလဲ အခုချိန်ထိ အမှားတွေ လုပ်မိနေဆဲပါပဲ၊ ဒါပေမယ့် စာမေးပွဲလိုပဲ ကိုယ်ပိုင်တဲ့ အပိုင်းတွေမှာ သေချာဖြေနိုင်ဖို့လိုပါတယ်။
ကိုဖြိုး
No comments:
Post a Comment